Monday, November 1, 2010

မိဆိုးလေး အတွက် ကဗျာ (၁)- တိမ်ပြာ

မိဆိုးလေးရေ....

ငါ့ကိုငါ မှန်ထဲ ပြန်မကြည့်မိတာ (၁၀၉၅၀) ရက်ရှိသွားခဲ့ပြီ

ဒုတိယအကြိမ် ငါ့ဘ၀အလင်းကို မွေးဖွားပေးလိုက်တဲ့

ဖေဖေါ်ဝါရီ (၁၃) ရက်နေ့ က ငါ “မှန်” ကြည့်ဖြစ်ခဲ့တဲ့နေ့ ပဲ....မိဆိုးလေးရေ

ငါ့ကိုငါ ပြန်ပြန်လန့် နေမိတယ်

ငါကြိုးစားပြီးပြုံးကြည့်သေးတယ်...

ကို့ သွား ကိုပြန်မြင်ရတာကလွဲပြီး ဘာမှမထူးခြားခဲ့ဘူး

မင်းငါ့ကို ပြုစားထားခဲ့တာ ငါ့ကိုငါမသိလိုက်ဘူး...မိဆိုး

မင်းပြောမှ ငါ့ပါးမှာ အပေါက်ကြီးနဲ့ ဆိုတာငါသိခဲ့တာလေ

ငါ့ ပါး ပေါက်အောင်လုပ်တာ မင်းကြောင့်ဆိုတာ မင်းငြင်းအုံးမှာလား မိဆိုး

မင်းရဲ့ အလှအောက်မှာ ငါအရည်ပျော်ခဲ့တာလေ...

ငါ့ အသည်းကို မင်းအတွက် ထုတ်ပေးလိုက်တဲ့နေ့ ကပဲ

ငါ့ ကမ္ဘာထဲမှာ ပန်းတွေပွင့်ခဲ့တာပဲ......မိဆို

အဲ့ဒီပန်းက တောင်ဇလပ်ပန်းလိုပဲ ရဲရင့်ခဲ့တယ်...ပြတ်သားခဲ့တယ်

ရဲရင့်ပြတ်သားစွာနဲ့ ပဲ မင်းကို ငါချစ်ခဲ့တယ်...ငါချစ်နေအုံးမယ်...မိဆိုး

ငါ မင်းကို ချစ်တယ်လို့ ပြောတိုင်း မင်းက ငါ့ကို ကဗျာတစ်ပုဒ် တောင်းဆိုခဲ့တယ်

ငါ့က မှော်ဝင်နေတဲ့ ကဗျာဆရာတစ်ယောက် မဟုတ်ပေမဲ့

မင်းအတွက် အမုန်းမပါတဲ့ ချစ်ကဗျာ တစ်ပုဒ်လောက်တော့ ငါရေးနိုင်အုံးမှာပါ

ငါ့ရဲ့ ကဗျာဆရာဟာ မင်းပဲလေ...မင်းကိုငါချစ်သလို ...ငါ့ကဗျာတွေကိုလဲ ငါချစ်တယ်

ငါရေးတဲ့ ကဗျာတွေ မင်းအတွက် ရယ်စရာတစ်ခုလောက်ဖြစ်နေရင်တောင် ငါကျေနပ်တယ်

ကြည့်...မင်းအခု ဒီကဗျာကိုဖတ်ပြီး ရယ်နေအုံးမယ် မှတ်လား...

ဒါပေမဲ့ ငါ့ကို မလှောင်လိုက်ပါနဲ့  မိဆိုး.....ငါ အကြောက်ဆုံးအရာဟာ မင်းရဲ့ လှောင်ပြုံးပဲ

ငါ့ဘ၀ရဲ့ ဖြစ်တည်မှု အရာအားလုံးကို မင်းပိုင်တယ်...

မင်းရဲ့ လက်ညှိုးလေးနဲ့ ညွှန်လိုက်ပါ အဲ့ဒီနေရာမှာ ငါအလင်းအိမ်ဖွဲ့ မယ်

နေလုံးကြီး အနောက်အရပ်မှထွက်လို့  အရှေ့အရပ်မှာဝင်ပါစေ

အရှေ့အရပ်က ထွက်သည်ဖြစ်စေ...အနောက်အရပ်က ၀င်သည်ဖြစ်စေ

ငါ့ ၀င်သက်နဲ့ ထွက်သက်တိုင်းမှာ မင်းရဲ့ မီးအိမ်လေးထွန်းညှိပြီး လျှောက်လှမ်းနေပါရစေ

ငါ့ဘ၀ကို အလင်းရောင်ပေးခဲ့တာက မင်းပဲလေ ....

အဲ့ဒီအလင်းတန်းတွေနဲ့ ငါ့ကိုသိမ်းပိုက်ပါ...ထာဝရငါ့ကိုသိမ်းပိုက်ထားပါ...မိဆိုးလေးရေ

တိမ်ပြာ
21/02/2010 14:32:29
(Page 1 of 2)
(မှတ်ချက်..တိမ်ပြာ၏ကဗျာအား နှစ်သက်သောကြောင့် ဘလော့တွင် တင်လိုက်သည်း)))

3 comments:

မိဆိုးလေး said...

အဲဒီ ဘလော့ဂါ တိမ်ပြာရဲ့  ကဗျာလေး။ မနေ့ က လျှောက်ရှာမွေရင်း တစ်နေရာမှာတွေ့ လို့  အမ။

ဗက်ဆာ said...

ဟေးဟေး။ မိဆိုးလေးကို ကျပ်ဖို့ ပဲ ကော်မန့် ၀င်မန့်တာ။ တီတီတို့က အချစ်ကဗျာတွေ ဖတ်တော့ဘူးကွယ်။ အချစ်ကို အယုံအကြည်လဲ မရှိတော့ပါဘူးကွယ်။ အချစ်ဘာသာ ကို ကိုးကွယ်သူ မိဆိုးလေးတို့က ဒိဌိဗက်ဆာ လို့ ပြောလဲ ပြောပါစေတော့။ --- - :D :D :D

ထား said...

မိုက်တယ်ကွာ.......... ဂယ်ပဲ..........


ချစ်တဲ့

နံပါတ် ၆

ဟိဟိ

ပဟေဠိ