
ဘ၀အတွက် လှပသော အိပ်မက်ကိုယ်စီ မက်နိုင်ကြပါစေ..။ချစ်တဲ့ လသာည
အဖေ။ ။. ဟုတ်တော့ ဟုတ်မှာပါ ငါ့သားရယ် ဒါပေမယ့် (သက်ပြင်းချရင်း ဆက်ပြောတယ်) ငါတို့ tent လေး သူများခိုးသွားပြီဆိုတာ မင်းသိအောင် ငါ ဘယ်လောက် စောင့်ရမှာလဲ..
နောက်တဆင့်တက်ပြီး ရှေ့ရေးအတွက် အလုပ်ကိစ္စကစပြီး စဉ်းစားဖို့အစီအစဉ်ရှိပါတယ်။ အဆင်ပြေရင် ချစ်သူအဖြစ်မှ အိမ်သူအဖြစ် ရာထူးတိုးပေးဖို့လည်း ရာထားထားပါတယ်။ ကိုယ်တို့ နှစ်ဦးအတွက် အတူတူ ရှယ်ယာသုံးဖို့ ကော်ဖီဖိုး၊ ဘီယာဖိုးက စပြီး ကျန်တဲ့ တီဗွီ စတဲ့အရာတွေကို ၀ယ်ဖို့အထိလည်း ကြိုတင် စိတ်ကူးထားပါတယ်။ အဲဒီနောက်တော့ မင်းရဲ့ အားထုတ်မှုနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဒီထက်ပိုကြီးမားတဲ့ ပစ္စည်းတွေကိုပါ ၀ယ်ပေးရလိမ့်မယ်ထင်တယ်။ မင်းအသုံးစရိတ်အတွက် ကုန်ကျငွေကို ကြင်နာစွာ စိုက်ထုတ်ပေးမှာပါ။
cancel ဖြစ်သွားမှာ ဖြစ်ကြောင်းနဲ့ ကိုယ့်အနေနဲ့ တခြားတစ်ယောက် ရှာရပါလိမ့်မယ် ဖြစ်ကြောင်းလည်း တခါတည်း အကြောင်းကြားပါတယ်။
(အသက်၂ လနီးပါး ငယ်သူ ချစ်ညီမလေး မိဆိုးလေးအတွက် အမှတ်တရ (သူငယ်ချင်းများအားလုံးကိုယ်စား) လသာည ပိုစ်တင်သည် (^^)//
ဒါလေးက coco chanရဲ့ ခရီးသွားတဲ့ ပို့ဆောင်ရေးယဉ်ကြီးပေါ့..။ ကိုရေမြင်းလေးက သူ့သူငယ်ချင်းလေး coco chanအတွက် တာဝန်ယူပိုဆောင်ပေးနေတယ်ပေါ့နော်.။ ရှုခင်းလေးကအစ သာယာပြီး ကြည်နှုးစရာ ချစ်စရာလေး....။ စိတ်ကူးလေး လှတယ်နော်။ လသာညလည်း ရေမြင်းလို ရေမကူးတတ်ပေမယ့် သူငယ်ချင်းတွေအတွက် ပျော်ရွှင်တဲ့ ကမ္ဘာလေးကို ပိုဆောင်ပေးတဲ့ ပိုဆောင်ယဉ်တော့ ဖြစ်ချင်သား..။ 
ဒီပုံလေးကတော့ သုံးပုံထဲမှာ ကိုယ့် အကြိုက်ဆုံးပုံပဲ။ ဒီလောက်ကျယ်ပြောတဲ့ စင်္ကြာဝဠာကြီးထဲမှာ အရာရာမှာ အတော်ဆုံး အထင်ရှားဆုံး အကြီးကျယ်ဆုံးတွေ မဖြစ်ချင်ပါဘူး။ မျှော်လင့်ချက်တွေ မြင့်ရင် မြင့်သလောက် စိတ်တွေပူပန်ရတယ်။ ပင်ပန်းရတယ်။ ကိုယ့်အနေနဲ့ တစ်ထောင့်တနေရာကမှာ နေပြီး တစ်စုံတစ်ခုသော အကြောင်းအရာနဲ့ အကောင်းဆုံး အစက်အပျောက်လေးတစ်ခု ဖြစ်ရင် တော်ပါပြီ လို့.. အခုတလော ပိုတွေးဖြစ်လာတယ်။ ငြိမ်းချမ်းခြင်းဆိုတာ သောကနဲ့ ပူလောင်နေချိန်မှာမှ ပိုအလိုရှိ၊ ပိုတန်ဖိုးရှိလာတာ..။ အရမ်းကို စိတ်ငြိမ်းငြိမ်းလေး နေချင်နေတယ်။
ကြိုးစားမှုရဲ့ ရလာဒ်အဖြစ် မကြာခင် ဒီဂရီပိုက်ပြန်တော့မယ့် သူငယ်ချင်း(တွေ)အတွက် ကြိုတင် လွမ်းဆွတ်စွာ အမှတ်တရ တင်တာပါ။