Monday, December 13, 2010

ရှိနေရတဲ့ ဘဝ



ရှိနေရတဲ့ ဘဝ
အသက်တော့ ရှိနေသေးတယ်
ဘ၀က လမ်းလျှောက်နေသေးတယ်
အိမ်မက်က လန့်နိုးနေသေးတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

ခရီးတွေက ကျန်နေသေးတယ်
အချစ်တွေက အငွေ့အဖြစ်နဲ့ လွင့်ပြန့်နေတယ်
ဆူးတစ်ခုကတော့ နှလုံးသားထဲမှာ စူးနစ်နေတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အိမ်မက်တွေက အဲဒီဘက်မှာ ရှိနေသေးတာ သိရတယ်
နောက်ကျောမှာ ဓါးမိုးထားတာလဲ မြင်နေရတယ်
လက်ထဲမှာတော့ ဂျိုးဖြူလေးက ရုန်းထွက်ချင်နေလှတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

မြစ်တစ်စင်းဟာ ကွေ့ကောက်စွာဘဲ စီးနေတယ်
လေညင်းဟာ ရံဖန်ရံခါမှာ တိတ်ဆိတ်သွားတယ်
ချစ်ခြင်းဟာ လှိုင်းဂယက်လို ခဏခဏ လှူပ်ခတ်နေရတယ်

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ
အဲဒါ ကျွန်တော်တို့ ရှိနေရတဲ့ ဘဝ
အဲဒါ ဘ၀ထဲမှာ သူ့အလိုလို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ စက်ရုပ်တစ်ရုပ်လို ဖန်တီးခံရတဲ့ ဘဝ
အဲဒါ တိမ်မည်းတွေကို သိမ်းဖယ်လို့ မရတဲ့ ဘဝ
ကျွန်တော် ရှိနေရတဲ့ ဘဝ
ရှိနေရတဲ့ ဘဝ
ဘဝ

အဲဒါ ကျွန်တော် ရှိနေရတဲ့ ဘဝ

BlueHope

13. December. 2010 , 03:00





4 comments:

လသာည said...

ကဗျာလေးတွေ ဖတ်ကောင်းတယ်။..

လသာညကတော့ ကဗျာဖတ်မှာ အားနည်းတော့ ဘာမှသိပ်မသိတော့ ကွန်မန့်မပေးတတ်ဘူး။ ဒါပေမယ့် ဖတ်ကောင်းတယ်ဆိုတာတော့ သိတယ်။ ကျေးဇူးတင်ပါတယ်..

(ကဗျာအကြောင်းမဟုတ်တဲ့ ကွန်မန့်)..
စာလုံးတွေကို ကာလာပြောင်းတာ လှပေမယ့် အခုအရောင်က မျက်လုံးစူးပြီး သိပ်မမြင်ရဘူး။

လေဘယ်မှာ Bluehope လို့ တပ်ပေးရင် အောက်က လေဘယ်လစ်မှာ သီးသန့်လေး ပေါ်လာတာပေါ့...။ အကြံပြုတာပါ.း))

အမုန်းမရှိတဲ့ကမ္ဘာ said...

ချက်ချင်းကို ပြင်ပေးသွားတာကိုးး)))
ကျေးဇူးနော်။

လေဘယ်လေးလည်း ပေါ်လာပီ။ ဘရာဗို..
ဆက်လက်ပြီးတော့လည်း ရင်တွင်းခံစားချက် ကဗျာလေးများကို ကြိုဆိုလျက်ပါ။ ဆက်ရေးပါဦး..။

ရှိနေရတဲ့ဘ၀ကို အကောင်းဆုံးဖြစ်အောင်..ကြိုးစားရင်း ...

Wasser said...

ဒီကဗျာကိုတော့ နားလည်သလိုပဲ။ ရေးသူ အာဘော်နဲ့ ကိုက်ချင်မှ ကိုက်မှာပေါ့လေ။ တူရင်တော့ အားလုံး ဒီလိုပါပဲ လို့ ဆိုရမလိုပေါ့လေ။ လူအတော်များများက လ-- လိုပဲ လင်းနေတဲ့ အခြမ်းရဲ့ အခြားဘက်မှာ ဒီလို ကဗျာလိုမျိုးတွေ ရှိနေနိုင်မှာပဲ မဟုတ်လား။-- နော့။ --- အားပေးနေပါ၏။

Blue said...

ကျေးဇူးပါဗျို့ .....................