Tuesday, December 14, 2010

ကျွန်မ၏ ဆိုးပေကြီးများ-၂

ဘလူးက ဘလော့ဘက်ဂရောင်း ပြောင်းဖို့ အကြံပြုတာကို မြင်တာနဲ့ ပြုံးမိတယ်။ ကဲ ဘာပဲဖြစ်ဖြစ် ဒီဘလော့အကြောင်းလေးကို ဘလူးကို ရှင်းပြဦးမှ..လို့ တွေးမိတာနဲ့ ပိုစ်လုပ်တင်လိုက်တယ်။ ဒီဘလော့ ရာဇ၀င်ကို ဒီဘလော့ရဲ့ ခေါင်သူကြီးဆိုလည်းဟုတ်၊ သန့်ရှင်းရေးဆိုလည်းဟုတ်၊ ပြာတာဆိုလည်း ဟုတ်တဲ့ လသာညကပဲ ရှင်းပြရတာပေါ့လေး)

ဘလော့တွင်ဖွဲ့စည်းထားသော မန်ဘာများ..
၁) ဗက်ဆာ... အင်မတန်မှ စိတ်မြန်ပါတယ်။ စကားပြောလည်း မြန်ပါတယ်။ ဖုန်းပြောရင် သူပြောလိုရာကို တောက်လျှောက်မနားပဲ ပြောသွားလို့ နားထောင်ရင်း ကိုယ်ကလိုက်မောနေရသူပါ။
၂) မိဆိုးလေး..နာမည်မှာ “ဆိုး”ပါနေပါတယ်။ သတိထားပါ (^^)။ ခါးပတ်နက် ဘွဲ့ကို ရထားပါတယ်။ နောက်တာပါ။ သူက တအားသဘောကောင်းပါတယ်..။
၃) မီးငယ်လေး..နာမည်နဲ့လိုက်အောင် အေးချမ်းပါတယ် (လို့ ထင်ရပါတယ်း))။ သူက တခြားမှာ ဘလော့တစ်ခုလည်း ပိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒီမှာခေါ်မွေးစားလိုက်ပြီးကတဲ့က ဒီမှာပျော်သွားပြီး သူ့ဘလော့ကို မပြန်သလောက်ပါ (^^)/
၎) K လေး..သူကတော့ အရယ်သန်ပါတယ်။ ဘယာကြော်တစ်ပွဲနဲ့ ဘလော့ဂါဖြစ်ခဲ့သူပါး)))

အဲဒီလေးယောက်+ လသာညက အသက်မတိမ်းမယိမ်း သက္ကရာဇ်တစ်ခုတည်းဖွားတဲ့ ဖွားဖက်တော်တွေပါ။ အသက် ၂၀ကျော်တွေပီပီ တော်တော်ထက်တယ်။ ဘာထက်တာလဲတော့ မသိပါ။

ညီမလေးတွေကတော့..

၅) မယ်ထား.. သူကတော့ တကယ့်ကို “အားလုံး ပျော်ရွှင်ပါစေနော်၊ ချစ်တဲ့ထား”ဆိုတဲ့ တံဆိပ်တုံးလေးကို အမြဲနှိပ်ပြီး နှုတ်ဆက်တတ်သူပါ။ သူ့အတွက်လည်း ရှဲဒိုးလုပ်ပြီး ပိုစ်တစ်ပုဒ် တင်ပေးထားသေးတယ်။
၆) မယ်ပီ... အဲ သူ့နာမည်ကို မိဆိုးကြီးလို့လည်း ခေါ်တတ်တယ်။ အဲ့နာမည်လား?? သူကိုယ်တိုင်ပဲ မှည့်ထားတယ်။ “ဆိုးလား မဆိုးလား နာမည်ကြည့်ပါလား” တကယ့် ဂျစ်ကန်ကန်လေးပါ။ ဒါပေမယ့် သူရေးတဲ့စာတွေက ဆရာမကြီး ဒေါ်စောမုံညင်း ရေးတဲ့စာတွေလိုပဲ ဖတ်ရတာ မေတ္တာငွေတွေနဲ့ ပြည့်နေလို့ စိတ်အေးချမ်းတယ်။
၇) မယ်အိ ခေါ် အိစံ.. သူကတော့ အသက်ငယ်ဆုံးပါ။ အသက်ငယ်ပေမယ့် ရွှေပြည်အေးတရားတွေတော့ သူကပဲ ဒိုင်ခံဟောတတ်သူလေးပါ။ သူက အရယ်လည်း သန်တယ်.. အဲ အငိုလည်း သန်တယ်း))

ပိုစ်မတင်သေးသော်လည်း တင်ဖို့စိုင်းပြင်းနေသူလေးလည်း ရှိသေးတယ်။ လာမယ်ကြာမယ်ပေါ့...
၈) နိုင်ပ.. ကြောင်လေးတွေအတွက် အသက်ရှင်နေသူပါ။ သူ့အိမ်သွားပြီး လူခေါ်ဘဲနှိပ်ရင် ကြောင်လေးတွေ အရင်ထွက်လို့ ကြောင်များသခင်မလေးလို့ နာမည်ပေးထားတယ်း)

၉) လသာည.. ဒီဘလော့မှာ တခါတခါ သူကြီး၊ တခါတခါ ပြာတာလုပ်နေသူပါ...

(အရင်က မန်ဘာကိုးယောက်တိတိ ရှိပါတယ်။ အခုတော့ နောက်တိုး ဘီလူး အဲ BLUE နဲ့ ပေါင်းရင်တော့ ဆယ်ယောက်ပေါ့နော်)

ဘလော့စဖွဲ့စည်းပုံ.
ဒီလိုပါပဲ။ ဟေ့ကောင်တွေ ဒီဘလော့လေးက တို့အားလုံးအတွက် ဘလော့နော်။ လာ ဒီဘလော့မှာ ဆုံကြမယ်ဆိုပြီး မေးလ်တစ်ကြောင်းနဲ့ စဖွဲ့လိုက်တာပါပဲ..။ သူတို့ကလည်း နားညည်းမခံပါဘူး၊ ချက်ချင်းပဲ ခေါင်းညိမ့်ပြီး ချက်ချင်းအဖြေပေးတယ်။ အိုကေ နောက်ရက် လာမယ်နော်တဲ့..

ဒါပေမယ့်လည်း လွယ်လွယ်နဲ့တော့ မန်ဘာလိုက်မလုပ်ပါဘူး..။ မျက်လုံးလေး စွေပြီး လှမ်းကြည့်ရုံလေးက စတယ်။ ဒါနဲ့ ဖုန်းနဲ့ဆက်၊ မေးလ်နဲ့ပို့ အကြိမ်ကြိမ် အာပေါက်အောင် ပြောတော့မှ ဆင်ပေါက်လေးတွေ လမ်းလျှောက်သလို အိပဲ့အိပဲ့လေးလှမ်းလာတယ်...။ တကယ်တော့ မလာချင်လို့ မဟုတ်ဖူး (မအားလို့ ဘာလို့ ညာလို့ ဆိုတာတွေ) ကိုယ်ကသိနေပေမယ့် အဲ့လိုပဲ ချော့ရတာပေါ့နော်း))

ဘလော့က အချင်းချင်းအပြန်အလှန် စကားပြောတဲ့ စကားဝိုင်းအသွင်နဲ့စခဲ့တာပါ..။ စီဘောက်မှာ စလိုက်နောက်လိုက်နဲ့ တော်တော်ပျော်စရာကောင်းပါတယ်။ ကျောင်းကပြန်ရင် မေးလ်ထက် စီဘောက်အရင်စစ်တဲ့အထိပါ။

ဘလော့တင်းပလိတ်..
မူလဘလော့တင်းပလိတ်က လသာညက လုပ်ခဲ့တာပါ။ ဒါပေမယ့် နောက်ခံကာလာပြောင်းချင်တော့ သူတို့အားလုံးကို အရင်ညှိပါတယ်။ “ကာလာပြောင်းချင်တယ် ကြိုက်မကြိုက် vote လုပ်ပါ”လို့။ လုပ်တဲ့သူလည်း လုပ်တယ်။ မလုပ်တဲ့သူလည်း မလုပ်ဘူး..။ အဲဒါနဲ့ “ငါ ကာလာပြောင်းရမှာလား။ မပြောင်းရဘူးလားဟယ်”လို့ မျက်နှာငယ်လေးနဲ့ တကယ်မေးတော့မှ အားလုံးက ဖြေတယ်။ “ ဘာလို့ မေးနေတာလဲ ကိုယ့်ဘာသာ အဆင်ပြေသလို လုပ်ပါလား။ ဒါပေမယ့် ဟိုအရောင်တော့မကြိုက်ဖူး တဲ့..။ (ဒါများ စောစောက ပြောရောပေါ့နော် :D )

ပိုစ်တင်ခြင်း..
ပိုစ်တင်ဖို့ တော်တော်ကို နားညည်းအောင် တောင်းယူရပါတယ်။ “ရေးဖို့ စဉ်းစားနေပါတယ်”။ “မကြာမီလာမည် မျှော်”ဆိုတာက စပါတယ်။ ထုတ်ဝေသူသာဆိုရင် ပိုစ်မရလို့ မွဲလောက်ပါတယ်။ နောက်တော့လည်း နားညည်းလို့ထင်ရဲ့ မအားတဲ့ကြားကပဲ ပိုစ်တွေ သူတို့ရေးပေးပါတယ်။ အဲ တချို့လည်း ရှိသေးတယ်၊ ပိုစ်တစ်ပုဒ်လောက်တင်ရသေးတယ် ပိုစ်တင်တာ ခွင့်တစ်လယူသည် ဆိုတာမျိုး..။ ကျွန်မ မနိုင်ပါးD

တစ်ယောက်သောသူဆိုရင် “ပိုစ်ကို draft ထဲမှာထားတယ်နော်။ ၀င်ဖတ်လိုက်ကြပါ”လို့ ပြောတတ်သေးတယ်။ သေချာရေးပြီး တင်ထားတာတောင် မနည်းဖတ်နေရတာ၊ အဲဒီထဲမှာ ဘာလုပ်ထားတာလဲလို့ ခေါင်းခေါက်ချင်သော်လည်း မခေါက်ရဲပဲ ကိုယ့်ဘာသာ ပွစိပွစိပြောပြီး ငြိမ်နေရတယ် (==;) ဆိုးပေကြီးပါ..

ပိုစ်တွေကိုလည်း တစ်ယောက်တင်ပြီးတိုင်း သွားcheck ရသေးတယ်။ ဘာလို့လည်းဆိုတော့ တင်သူက စေတနာ တလဟောနဲ့ ပိုစ်လေးလှအောင် ကာလာပေါင်းစုံ စာလုံးဆိုဒ်ပေါင်းစုံ ဝေေ၀ဆာဆာ တင်ပေးသွားတာပေမယ့် စာလုံးတွေက ဖတ်ရတာ မညီမညာဖြစ်နေတာတွေ၊ လေဘယ်တွေ မေ့နေတာတွေ၊ မေ့ပြီး အတွင်းရေးတွေပါ ပါကုန်တာတွေ လိုက်ကြည့် ပြင်ပေးရတယ်။ ဘာနဲ့တူလည်း ဆိုတော့ မင်းသမီးလေး အလှပြင်ပြီး ဇာတ်ခုံရှေ့ထွက်သွားတော့ ကျန်ခဲ့တဲ့ မိတ်ကပ်ဗူးတွေ၊ နှုတ်ခမ်းနီဗူးတွေ လိုက်သိမ်းရတဲ့ မင်းသမီးနောက်လိုက်လိုမျိုးး))) ဒါနဲ့ပဲ မင်းသမီးနောက်လိုက် မလုပ်ချင်တာနဲ့ ကိုယ့်ဘာသာ ရာထူးပေးမိတယ် အယ်ချူပ် (အယ်ဒီဒါချူပ်)ဆိုပြီး..

ကွန်မန့်ခြင်း..
ဟုတ်ကဲ့..သေချာပါတယ်။ များသောအားဖြင့် ကွန်မန့်ချင်မှမန့်ကြပါတယ်။ မန့်ချင်ရင်လည်း သုံးလေးခါမန့်ချင်မန့်တယ်။ တခါတလေကျတော့ ပြောသေးတယ်.. “မန့်စရာမလိုအောင် ကောင်းနေတော့ မန့်လိုက်မှ အရသာပျက်မှာစိုးလို့ မန့်တော့ဘူး”ဆိုတာမျိုး ရှိပါတယ်း))

စီဘောက်မှာ နှုတ်ဆက်ခြင်း
နှုတ်ဆက်သူရှိသလို သူများရေးတာကိုပဲ လိုက်ဖတ်ပြီး ရယ်ပြီး ပြန်သူရှိပါတယ်း)) နောက်တော့ စီဘောက်ရေးသူက ကိုယ်ချည်းရေးရတာ ပျင်းလာပြီး “တော်ပြီ မရေးတော့ဘူး”ဆိုပြီး ဆန္ဒပြရတဲ့အထိလည်း ဖြစ်ခဲ့ဘူးတယ်။

လင့်ခ်ခြင်း
 ဘလော့တော်တော်များများကို လည်ဖတ်တတ်ပါတယ်။ ဒါပေမယ့် ဒီဘလော့အနေနဲ့ သူများဘလော့ခ်ကို မလင့်ခ်ခဲ့ရဘူး။ သွားလည်ပြီး ကွန်မန့်မပေးနိုင်ရင် အားနာလို့.တဲ့.။လာလာလည် အားပေးတဲ့ ငွေလမင်းနဲ့ ချင်းတွင်းသူ ဘလော့လေးကိုလည်း ရောက်ပါတယ်။ လာလည်တာ အထူးကျေးဇူးတင်ပါတယ်လို့..

နောက်ပြီး ဒီဘလော့ကို လသာညရဲ့ဘလော့မှာ လင်ခ်ဖို့အတွက်လည်း ခွင့်ပြုချက်တင်ထားတာ ပြီးခဲ့တဲ့လကမှ ကျတယ်..။ ဆုံးဖြတ်ချက်တွေ အဲလို နှေးပါတယ်..။

ဒါကတော့ အမုန်းမရှိတဲ့ကမ္ဘာရဲ့ လက်ရှိအနေအထားပါ။ အခုဆို ဘလော့လေးစဖွဲ့စည်းတာ ၈ လပြည့်သွားပါပြီ။ တကယ်တော့ အမုန်းမရှိတဲ့ကမ္ဘာမှာ အားလုံးက တကယ့်ကို ညီအစ်မတွေလို မိသားစုတွေလို ချစ်ကြပါတယ်။ အမုန်းဆိုတာ တကယ်လည်း မရှိပါ။

လသာညပူဆာလို့ မရေးတတ်ရေးတတ်နဲ့ ရေးပေးခဲ့တဲ့ ပိုစ်လေးတွေ အခုဆို အများကြီးပါ။ ပိုစ်တွေမဟုတ်ပါဘူး။ ဂရုစိုက်မှုတွေလို့ ယူဆပါတယ်။ အပြင်မှာ စိတ်ပင်ပန်းလာသမျှ အချင်းချင်း ဘလော့မှာ ရင်ဖွင့်ကြ၊ နောက်ကြ၊ ပြောင်ကြ လုပ်ထားတာတွေ ပါပါတယ်။ ရေးသားထားတဲ့ စာတွေဟာ သူများတွေအတွက် ဗဟုသုတတွေ ဘာတွေပေးတဲ့ ပိုစ်ဖြစ်ချင်မှဖြစ်နိုင်ပေမယ့် အချင်းချင်းအတွက်တော့ တကယ့်ကို ရသမြောက်စာသားတွေသာ ဖြစ်ပါတယ်..။

မရေးချင်ဘူးဆိုသော်လည်း ပိုစ်မှာထားခဲ့တဲ့ အမှတ်တရ ကွန်မန့်တိုင်းအတွက်လည်း အားလုံးကို အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒါတွေဟာ ရေးသူအတွက် အသိအမှတ်ပြုပေးတဲ့ ကြင်နာမှုလေးတွေပဲ မဟုတ်လား။ စီဘောက်က နှုတ်ဆက်စကားလေးများအတွက်လည်း ကျေးဇူးတင်ပါတယ်။ နေကောင်းကျန်းမာကြောင်းလေး သိရတော့ စိတ်အေးရတာပေါ့..။ (ဟိ.. စကားခေါ်နေတာ ဟုတ်ပါဘူး တကယ်ပါ)

ကိုယ့်အတွက်တော့ ဒီဘလော့ဟာ ဘာနဲ့တူလည်း ဆိုတော့ တနေကုန်လျှောက်လည် ဟိုသွားဒီသွားလျှောက်သွားပြီး အိမ်ပြန်လာချိန် ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရသလို စိတ်အေးချမ်းရလို့ပါ...။

...ဘ၀မှာ ကိုယ့်ကိုချစ်တဲ့သူတွေရှိတဲ့နေရာဟာ အငြိမ်းချမ်းဆုံးပဲ မဟုတ်လား..

ကဲ.. အားလုံးလည်း ဘလော့ရှစ်လပြည့်အထိမ်းအမှတ် နှင့် အဖွဲဝင်အသစ် blue ကိုလည်း ကြိုဆိုတဲ့ပွဲပါ... kanpai!!! ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ...။

7 comments:

မိဆိုးလေး said...

ခမ်းပိုင်း..... အမ။
အမုန်းမရှိတဲ့ကမ္ဘာမှ
ကိုယက္ခ အဲ ကိုပြာလောင် ကို အယ်ချုပ်လသာညရဲ့  ပို့ စ်နဲ့ အတူ ခမ်းပိုင်း လိုက်ပါတယ်။
ဒီလို ဒီလို အမုန်းမရှိတဲ့ကမ္ဘာလေးရဲ့  ဖြစ်တည်မှုလေးပေါ့။
ဘလော့လေးကိုရောက်လာခိုက်
ခဏခေးဖြစ်ဖြစ် ချစ်ခင်ရင်းနှီးမှု ၊နွေးထွေးလုံခြုံမှု ၊ ငြိမ်းချမ်းမှု လေးတွေ ရရှိခံစားနိုင်ပါစေ။
မိဆိုးလေး

Wasser said...

ကမ်းပိုင်တဲ့။ ကိုယ့်ဘာသာကိုယ်ပဲ ရေတစ်ခွက် ထသောက်လိုက်ရတယ်။
ဝတို့ အယ်ချုပ် လဲတညားကြီးကို ချစ်၊ ကျေးဇူးတွေတင်၊--- ပြာတာထင်လဲ ပြာတာပဲ။ ရာဇာထင်လဲ ရာဇာပဲ။ ညှင်း--ညှင်း---ညှင်း။
--- ဟီး--ဟီး။ ဘလော့ လေဘယ်တွေက ဘာမှန်းဆိုတာလဲ သတိမထားမိဘူးလေ။ ဟီး။
အော်။--- လတာညမှာ လင့်ခ်လိုက်ပြီလား။ --- ဒါကြောင့် လူစည်နေတာကိုး။ အားရင် ပို့စ်ပြန်စစ်ရဦးမှာပေါ့။ ၀မ်းနည်းတလိုလိုပဲ။
ဟုတ်ပါ့နော်။ ဘလော့ဂ်လေး ရှိတာ နဲနဲ --- အမကျန် သက်သာတယ်။ ကျေးဇူး ကမ္ဘာပါ လသာည။
မန်ဘာအသစ်ကြီး။ ကိုယ့်အိမ်လိုပဲ မှတ်ပေါ့နော်။ --- အိမ်သားတွေကတော့ မြင်တဲ့ အတိုင်းပဲ။

Wasser said...

ဗက်ဆာ ခု လက်ပါ မြန်ချင်နေတယ်--- လဲတညား။ --- စိတ်မြန်တာနဲ့တင် မလုံလောက်ဖူး ခံစားနေမိလို့။ လက်မမြန်ခဲ့တာကို နောင်တတွေ ရနေတုန်း။
:D :D :D ခုတော့ နဲနဲ လက်က မြန်လာပြီလို့တော့ ထင်တာပဲ။ ----

Blue said...

ကျေးဇူးတင်ပါတယ်ဗျာ.......... အခုလို မိတ်ဆက် ကြိုဆိုတဲ့ ပိုစ့်လေးနဲ့ မန်ဘာ မမကြီးတွေ အကြောင်း ရှင်းပြတဲ့ အတွက်ရောပေါ့... အမုန်းမရှိတဲ့ ကမ္ဘာမှာ ကဗျာတင်မကဘူး... တခြားရသပိုင်းနဲ့ ကျနော် သွားလာခဲ့တဲ့ ခရီးတချို့ရဲ့ ထူးခြားမှုလေးတွေကိုပါ မျှဝေဖို့ ရွယ်ထားပါတယ်။ အချိန်ရရင် ရသလိုပေါ့။ ကဗျာဆိုတာကတော့ တခါတလေ စက္ကန့်ပိုင်းနဲ့ ရင်ထဲက ဖြုတ်ခနဲ ပြုတ်ကျလာ တတ်တာမျိုးဆိုတော့ မကြာခဏဆိုသလို ကျနော်ရဲ့ မခိုင်မြဲတဲ့ စကားလုံးတွေ ပြုတ်ပြုတ်ကျလာတာကို မြင်တွေ့ရမှာပါ... တခါတရံ အခန့်မသင့်ရင် ကြမ်းတမ်းကောင်း ကြမ်းနိုင်ပါတယ် တခါတရံ အခန့်မသင့်ရင် နူးညံအိစက် သိမ်မွေ့နေတတ်ပါတယ်.. ဆိုလိုချင်တာက အမှားအယွင်းများ ရှိခဲ့ရင် ခွင့်လွတ်ပေးပါလို့ ဒီက မမများကို ကြိုတင် တောင်းပန်ထားတာပါ.......... အားလုံးပျော်ရွှင်ပါစေ....... စည်ကားသိုက်မြိုက်ပြီး အမုန်းတွေ ကင်းတဲ့ ကမ္ဘာလေး ဖြစ်ပါစေ..........

အဲ.... ဒါပေမဲ့ စိတ်မကောင်းစွာဘဲ.... နှုတ်ဆက်ရအုံးမယ် အမုန်းမရှိတဲ့ ကမ္ဘာရေ... ကျနော် ရက်နဲနဲလောက် ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ :(

ုKလေး said...

ဟီးဟီး အရယ်သန်တယ်ဆိုလို့ ရယ်ပြတာ... အယ်ချုပ်ကြီးကတော့နောက်တယ်နော်... နောက်ပိုင်း စာတွေ ပြီးသွားတာနဲ့ ကော်မန့်တောင်ကောင်းကောင်းမပေးတတ်တဲ့သူက ပို့စ်ရေးတတ်အောင်ကြိုးစာရေးကြည့်ပြီး မပြန်ခင် အယ်ချုပ်ကြီးကို အားဆေးတွေ အစဉ်တစိုက် တိုက်ကျွေးသွားမယ်နော်... အမုန်းမရှိတဲ့ ကမ္ဘာကြီးအတွက် အချစ်တွေ သိမ်းကြုံးပုံအောနေတဲ့ ကမ္ဘာကြီးအတွက် Happy Birthday...

မီးငယ်လေး said...

ွှThank you so much
Mama Latharnya for this post.
So proud and glad to be
a member of this beautiful and lovely world.

မမ ဆိုတာ လေစားတဲ့ အနေနဲ့ ထည့်ခေါ်တာနော်။

ပုံ။
ဖွားဖက်တော် မီးငယ်လေး

Naingpa said...

ဘလော့ မွေးနေ့ ဆိုလို့  ပြေးလာတာ...
ကြောင်လေးတွေကလဲ လိုက်မယ်ဆိုပြီး ပြေးထွက်..
တကောင်အထဲသွင်းတုန်း...
နောက်တကောင်ကထွက်...့ 
ပြန်ခေါ်..ပြန်ထည့်..တံခါးပိတ်...
ဘလော့ဆီ ပြန်ပြေးလာ...
ဟူးးးး..မောလိုက်တာ..မမှီတော့ဘူး..
နောက်ကျသွားပြီ...ဘာဘဲဖြစ်ဖြစ်...
congratulations...နော်...(^__^)
ပြေးလာလို့ မောရတဲ့ အထဲ..
ဘီလူးနဲ့  တမ်းတိုးနေပါလား..
လန့် သွားတာဘဲ...ဟဲဟဲ..
Welcome...ပါ ဘလူးရယ်....:P