Friday, December 10, 2010

အနှိုင်းမဲ့



၁။ ယိုင်လဲလုနီးပါး ငါလျှောက်တဲ့လမ်း
အကွေ့အကောက်တွေ များလွန်းတော့
ငါ့ရင်မှာ တကယ် မကောင်းဖြစ်ရတယ်။

၂။ ဝေးနေချိန်ဘ၀မှာ မင်းနဲ့ငါ ပေါင်းဖက်ဖို့
မျှော်လင့်ချက်ဆိုတာ မရှိဘူး မပြောနိုင်တော့
သိပ်ကို တန်ဖိုးကြီးကြီး ဖြစ်ရတယ်။

၃။ သူ့စိတ်တွေသာ ငါ့စကားကြားရင်
ဖျားသွားမှာစိုးလို့ များများ မပြောနိုင်တာကို
အောက်မေ့ခြင်း ကင်းပြီလို့ ထင်မှာ စိုးရတယ်။

၎။ ကြောင့်ကြမဲ့ ဘ၀မှာ တကယ်ပိုင်ဆိုင်တာ ဆိုလို့
နှလုံးသားတစ်ခုတည်းသာ သန့်စင်နေတော့
စိုးရွံ့စိတ်နဲ့ဘဲ ကိုယ့်ကိုကိုယ် သိမ်ငယ်နေလိုက်တော့တယ်။

၅။ အက်ကြောင်းထပ်တာကို သိလျှက်နဲ့ ဖုံးကွယ်ချင်တာ
ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့
စိတ်ဆိုတာ အစိုးမရတဲ့ ခန္ဓာရဲ့ သော့ချက် ဖြစ်ရတယ်။

၆။ အတိတ်ကို စွန့်ဖို့ အကြောင်းပေါ်လာတိုင်း
တချက်လေး စောင်းငဲ့ကြည့်ရုံနဲ့ ကိုယ်ရှိနေတာ မင်းတွေ့ရင်
ငိုကြွေးခြင်းဆိုတာ နတ္တိလို့ ခံယူထားစေချင်တယ်။

၇။ ကိုယ့်ဘ၀ရဲ့ တသက်တာ မြတ်နိုးခြင်းကို
မှတ်ကျောက်တင်ဖို့ မင်းနှလုံးသားက လက်ခံခဲ့ရင်
ဘယ်ပုံသဏ္ဍာန်နဲ့ဘဲ ဖြစ်ဖြစ်
ကြည်နူးခြင်းကို... ပြောမပြတတ်အောင်ကို
မျက်စိစုံမှိတ်ပြီး ဂုဏ်ယူနေမိမယ်....

BlueHope



5 comments:

အမုန်းမရှိတဲ့ကမ္ဘာ said...

ကဗျာလေးတင်ပေးတာ blue hopeကို ကျေးဇူးအထူးတင်ရှိပါတယ်။ အမုန်းမရှိတဲ့ကမ္ဘာမှ ကြိုဆိုပါတယ်..း)

Wasser said...

ကြိုဆိုပါ၏။ --
ဒါထက် အချစ်ကဗျာမြင်တော့ မိဆိုးလေးကို သတိသွားရ သေးတယ်။
တင်ပါဦး။ စိတ်နာသွားပြီလား မသိဘူး။ :D :D

Blue said...

ဟုတ်ကဲ့ပါဗျို့... ဒီလိုဘဲ စိတ်ထဲရှိနေတဲ့ တစုံတရာကို ချရေးမိတာလေးတွေကို ရင်ဖွင့်ခွင့်ရတဲ့ နေရာတစ်ခု အတွက် ပြန်ပြီး ကျေးဇူးတင်ပါတယ် အမုန်းမရှိတဲ့ ကမ္ဘာရေ :D :D :D

မိဆိုးလေး said...

အမုန်းမရှိတဲ့ကမ္ဘာမှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ်..။ Blue hope ရေ..။
အမြန်အပြေးလာခဲ့တာ...။
ကြိုဆိုရေးနောက်ကျခဲ့လို့  ..။

ဆက်လက်ပြီး ရင်ဖွင့်သံတွေကို စောင့်စားဖတ်ရှူနေပါတယ်။

အမုန်းမရှိတဲ့ကမ္ဘာမှ
မိဆိုးလေး

Blue said...

ဟိုက်..........