Saturday, December 11, 2010

သီးစုံကျောက်ကျော (ခရစ်စမတ်)

မီးငယ်လေးရေ။ တင်ပေးလိုက်ပြီနော့။ သယ်ရင်း တစ်ယောက်ကလည်း အပေါက် ဘယ်လို ဖောက်သလဲ မေးနေခဲ့တယ်။ :D :D :D

လျှို့ဝှက်ချက် ကတော့ အောက်က တုန့်ယန်း စွပ်ပြုတ် တည်တဲ့ ခွက်လေးနဲ့ တူတဲ့ ပုံစံခွက်က အခရာပါပဲ။ အတိအကျတော့ ရှာမရတာနဲ့ သဘောတရားတူတာကို တင်ပေးလိုက်တာ။ ပုံစံခွက်က နှုတ်သီးတော့ မပါဘူးရယ်။

Add caption


ကျောက်ကျောကတော့ မြန်မာ မိန်းခလေး အတော်များများ ကျိုတတ်ပါတယ်နော့။ မသိရင်လဲ လုလု ဆီ သွားကြည့်လို့ရသလို (ရှိမယ် ထင်တာပဲ။) ကျောက်ကျောထုပ်ဝယ်ရင်လဲ အညွှန်းက ပါပါတယ်။

ကျောက်ကျော တစ်ထုပ်ရှိလို့ကတော့ မျိုးစုံ ဆော့လို့ ရတယ်။ ဟုတ်တယ်မလား။

အသင့်ပြင်ထားရမှာက။

၁။ ဘလူးဘယ်ရီ၊ ရေခဲထားတာ ဖြစ်ဖြစ်၊ ဘူးထဲက ဖြစ်ဖြစ်၊ သူက ကျောက်ကျော အထဲရောက်တော့ ဘေးနားကို အရောင်ပြန့်တော့ ချစ်စရာလေး ဖြစ်လာရော။
၂။ သစ်တော့သီး (ပန်းသီးလဲ ဖြစ်တာပဲ။) ကို ပါးပါးလှီး၊ ကြယ်ပုံစံခွက် (ခရစ်စမတ်မို့လေ) ထပ်ဆော့ချင်ရင်လည်း မုန်လာဥနီကို ပန်းပုံဖောက်တဲ့ ချယ်ရီပန်း ဘာညာ -- အဲဒီ ပုံစံခွက်နဲ့ ဖောက်ချထားတာတွေ။ (အဲဒါပုံစံခွက် တွေက ယန်း ၁၀၀ ဆိုင်မှာ ရောင်းပါတယ်။ သေးသေးပဲဝယ်နော်။)
၃။ ကီဝီသီးကို အခွံနွှာ၊ အနေတော် လေး အ၀ိုင်းလှီး၊ ပြီးရင် လေးစိတ် လှီးလိုက်။
၎။ ကျောက်ကျော အနီလေးတွေ သက်သက် အရင်ကြိုပြီး Cube သေးသေးလေးတွေ လှီးထားဖို့။ ဘိုဆန်ဆန် ခရစ်စမတ် သိပ်ပီသချင်ရင်တော့ အရောင် အနီအတွက် ၀ိုင်နီ ထည့်ချလိုက်တာ။ ၀ိုင်နီသောက်နေကျ သူတွေ ဖို့တော့ အိုကေပါတယ်။ မကြိုက်တတ်ရင်တော့ တစ်ခုခုနဲ့ နီအောင်လုပ်ရုံပဲ။ နှင်းဆီသီး၊ ခေါင်ရမ်းပန်း လ္ဘက်ခြောက် (Rose Hip and Hibiscus tea) နဲ့ ကျိုရင်လဲ အိုကေမယ် ထင်တယ်။ မစမ်းဖူးဘူး။ အဲဒါက အတော်နီတာပဲ။ အနံ့လဲ မရှိဘူးရော။ ချဉ်လဲ ချဉ်တော့ ကောင်းမယ်ထင်တာပဲ။ :D :D

ရယ်ဒီ။

၁။ ကြိုထားတဲ့ ကျောက်ကျော (သကြား ဘာညာထည့်ဖို့တော့ ကိုယ့်ဘာသာကိုယ်သာ ထည့်ကြပါတော့) ကို ပုံစံခွက်ထဲကို တစ်ဝက်လောင်းချတယ်။
၂။ ကြယ်တွေ၊ ကီဝီတွေ၊ ဘလူးဘယ်ရီတွေ၊ ကျောက်ကျောနီလေးတွေ စီထည့်တယ်။ လက်နဲ့ တစ်ခု စီ ကဗျာ ဆန်ဆန်လေး စီရတာ။
၃။ လက်ကျန် ကျောက်ကျော ကို ဆက်လောင်းတယ်။
၎။ အမြုပ်လေးတွေ ထတာ သိပ်ကြီးနေမယ်ဆိုရင် ကမန်းကတန်း သွားကြားထိုးတံ အသစ်လေးနဲ့ ပူဖောင်းလေးတွေ လိုက်ဖောက်တယ်။
၅။ အအေးခံထားလိုက်တယ်။

အိုကေ သွားပလားဆိုရင် ရေလေးနဲ့ နဲနဲ ဆေးသလို လုပ်ပြီး ပန်းကန် အုပ်ပြီး ခလောက် ချ၊ မှောက်ချလိုက်ရင် --- ဟော။ --- ဒီမှာ ရပြီ။

ချောကလက် ကိတ်မုန့်နဲ့ လိုက်တာရော။

ဝါသနာပါလို့ ကိုယ့်ဘာသာကိုယ် ဆော့ချင်ရင် ပင်ပွါးတို့ အုန်းသီးနုနု ခြစ်ထားတာတို့၊ အုန်းနို့တို့။ သရက်သီးမှည့် တုံးလေးတွေ တို့။ --- စိတ်ကြိုက်ဆော့ နိုင်တာပဲ။ ဟုတ်တယ်မို့လား။

7 comments:

အမုန်းမရှိတဲ့ကမ္ဘာ said...

ကျေးဇူးတင်ပါတယ် ဗက်ဆာခင်း))
လုပ်စားချင်သော်လည်း တူးတာများလို့ လာလုပ်ကျွေးပါလို့

Blue said...

မိုက်ပါ့ စမ်းကြည့်အုံးမယ် အမြဲတမ်းတော့ ကျောက်ကျောက ကျောက်ပျော့ဖြစ်လိုက် ကျောက်မာ ဖြစ်လိုက်နဲ့မို့ ဒီတခါ အသေးစိတ်ရေးထားတာလေး တွေ့ရတော့ အဆင်ပြေလောက်ပြီ ထင်တယ် အဟဲ

မိဆိုးလေး said...

စွယ်စုံ ဗက်ဆာခင်၏ လက်ရာ ကောင်းမှကောင်း။ :)

Wasser said...

.>> လဲတညား။ ဖေဖော်ဝါရီ လာခဲ့နော့။ ချက်ကျွေးမှာ။ ဧည့်သည်လာမှ ကိုယ်ပါ အိမ်ကပ်ပြီး ရောချက်စားရတော့မယ်။

>>ဘရာသာ ဘလူးရေ။ ဒါက အသေးမစိတ်ရပါဘူး။ မိန်းခလေးတွေဖို့ပဲ ဆိုတော့ ဘာမှကို သိပ်မပါဘူးရော။
လုလုရဲ့ ဟင်းချက်နည်းစာအုပ် ပို့ပေးလိုက်မယ်။ အဲဒီမှာ ကျောက်ကျော ထိုးနည်းတွေ ပါတာရော။
နောက်မှ တရုတ်စာသိချင်တာပေါ်လာရင် ကိုလွမ်းဝေကို အရှုပ်ပြရဦးမယ်။ အစ်မက ယူနန်မှာ လုပ်နေတာရော။

>> စားကောင်းအောင်က မိဆိုးလေးက ပိုတတ်မှာပါ။ ဒါက အလှပြရုံလေး။ ဟန်ပေါ့လေ။ :D :D

Blue said...

နည်းနည်းလေး ပိုပြောမိတာ သိနေပါလား.။ နောက်ဆို ပိုပိုသာသာ ပြောလို့ မဖြစ်ဘူး :D

မီးငယ်လေး said...

ဗက်ဆာရေ...ဒီပိုစ်ကို
ဒီနေ့မှ မြင်တယ်။
ဆောဒီး။။
မမဗက်ဆာ လုပ်ကျွေးတာ
စားချင်တယ်။ တကယ်။
ပုံလေးက ကိုက်စားချင်စရာလေး။
Sugoii ne..
arigatou ne :D

Wasser said...

မီးငယ်လေးတို့များ ရေးခိုင်းတုန်းက ရေးခိုင်းပြီးတော့--- အလည်လွန်နေတာ ။
:D :D
sugokunai yo. hokano hito kara naranda koto da ke.
:D :D :D
ဆုံရင် လုပ်စားကြတာပေါ့။ ဆုံမှာပါ။ --- နော့ :D :D