Wednesday, December 15, 2010

အမုန်းတွေ မရှိတဲ့ ကမ္ဘာ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ ၂)


အမုန်းမရှိတဲ့ ကမ္ဘာ

အိမ်မက်တို့ လန့်နိုးတိုင်း အမြဲတမ်း တမ်းတမိတာ
အခက်အခဲ တစ်ခုတွေ့တိုင်း အမြဲတမ်း အောက်မေ့မိတာ
ပျော်စရာတွေ တွေ့တိုင်း တိုင်တည်ပြီး ပြောပြချင်တာ
ရီစရာတွေ တွေ့တိုင်း မျှဝေကြည်နူးစေချင်တာ
စိတ်မကောင်းစရာကြုံတိုင်း မျက်နှာဖုံးတပ်ပြီး ရင်ဖွင့်ပြချင်တာ
စားကောင်းတာလေးတွေကိုလည်း သူသူငါငါ ကျွေးချင်မိတာ
ထူးဆန်ထွေလာလေးတွေကိုလည်း ပုံပြင်အလားဖွဲ့နွဲ့ချင်မိတာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ....

အမုန်းတွေ မရှိတဲ့ ကမ္ဘာ
အချစ်တွေ ပြုံအောကျပြီး လန်းဆန်းသစ်လွင်နေတဲ့ ကမ္ဘာ
အလှတွေ တစ်စုတစည်းတည်း နုပျိုလန်းဆန်းနေတဲ့ ကမ္ဘာ
ခံစားချက်တွေ ဖြေသိမ့်စေပြီး ဖေးကူပေးနေတဲ့ ကမ္ဘာ
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...

အမုန်းတွေ မရှိတဲ့ ကမ္ဘာ
ဒီကမ္ဘာမှာ ဘယ်သူ မပျော်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ မနားစက်ချင်ဘူးလဲပြော
ဒီကမ္ဘာမှာ ဘယ်သူ တေးမသီဆိုချင်ဘူးလဲပြော
ပြော ပြော ပြော....
အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာလို့ ပြော
အဲဒါ အဲဒါ အမုန်းမရှိတဲ့ ကမ္ဘာ...

6 comments:

လသာည said...

ကျေးဇူးတင်ပါတယ်..။ ဒီကဗျာဟာ ဒီကမ္ဘာကို ပီပြင်ပေါ်လွင် စေပါတယ်..။

နောက်မှ side bar မှာ ပြောင်းတင်ဦးမယ်။

မိဆိုးလေး said...

အရမ်းကောင်းတယ်လို့  ပြောဖို့ တောင် မလုံလောက်သလိုပါဘဲ..။
ကျေးဇူး..။
မိဆိုးလေး

Wasser said...

:D :D :D good, gooder, goodest :D :D :D
((သဒ္ဒါမပြင်ပေးရ။ မှားချင်နေလို့)ဟေးဟေး။ ဒီကဗျာတော့ တန်းခနဲ နားလည်တယ်။ ကျေးဇူး။ ကျေးဇူး။

ထား said...

ရှယ်ပါပဲဗျိုးးးးးးးး

ပြောကိုပြောဘူး ဘာမှကို ပြောဘူး။

ချစ်တဲ့

ထား

pps said...

ဒီကဗျာဟာ ဒီကမ္ဘာကို ပီပြင်ပေါ်လွင် စေပါတယ်..တဲ့
အဟုတ်ပါပဲ..
ကော့မန့်ပေးရတာ..ပျင်းမိပေမယ့်...
ပို့စ်ရေးရမှာ..ပျင်းမိပေမယ့်...
နှုတ်ဆက်ခြေရာ..မချမိပေမယ့်..
အသစ်ကလေးရှိမလား..အခါခါချောင်း..
မြောင်းပေါက်မတတ်...လာမိပါတာ..ဒီနေရာ..း)))

ကျေးဇူးပါ..ကဗျာလေးနဲ့ရုပ်လုံးဖော်ပေးတဲ့အတွက်။

Blue said...

နွေးထွေးစွာ ကြိုဆိုကြတဲ့ အတွက် အနော်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျို့.....