Friday, December 17, 2010

နားမလည်ဘူး


Sometime...

သူက
တခါတလေမှာ သိပ်ကို ခံစားမိစေတယ်
တခါတလေမှာ သိပ်ကို ဥပေက္ခာဆန်လွန်းတယ်
တခါတလေမှာတော့ သူက ဓါးနဲ့ မွန်းမွန်းပစ်နေတယ်

သူက
တခါတလေမှာ ဖြူစင်လွန်းနေတယ်
တခါတလေမှာ ဆေးရောင်စုံဆန်နေတယ်
တခါတလေမှာတော့ သူက မုတ်သုန်မိုး ရွာသွန်းပစ်ပလိုက်တယ်

သူက
တခါတလေမှာ လမင်းကြီးလို ၀င်းထိန်လို့နေတယ်
တခါတလေမှာ နေမင်းကြီးလို အရောင်တွေ လင်းလို့ နေတယ်
တခါတလေမှာတော့ သူက အယ်နီညာရာသီဥတုမျိုး ပူအေးအိုက်စပ် စေပြန်တယ်

သူက တခါတလေမှာ ပန်းသီးလို ချိုမြမြ ရှိနေတယ်
တခါတလေမှာ တည်သီးလို ခပ်မာမာ ဆတ်ဆတ်လေး ရှိနေတယ်
တခါတလေမှာတော့ သူက ငရုတ်သီး တစ်တောင့် ပစ်ကျွေးလိုက်ပြန်တယ်

သူက
တခါတလေမှာ စမ်းရေပမာ ငြိမ့်ညောင်းသာယာနေတယ်
တခါတလေမှာ နံက်ခင်း တေးသံပမာ သီးကျွေးမှု ပြုလေ့ရှိတယ်
တခါတလေမှာတော့ သူက အိုင်ငယ်လေးထဲက ဖားသူငယ် အမှတ်နဲ့ ရီမောနေပါတယ်

သူက
တခါတလေမှာ သိပ်ကို ရက်စက်လွန်းပါတယ်...

BlueHope
13.12.2010, 11:00AM

9 comments:

kလေး said...

တော်သေးတာပေါ့ တခါတလေမို့လို့...

မိဆိုးလေး said...

နားမလည်ရင် တစ်ပတ်ဂျွမ်း ပစ်ရတယ် ကိုပြာလောင်ရဲ့ ။
ဟိဟိ စတာနော်။
ကဗျာလေးက ချစ်စရာလေး။
အရေးအသားတော်တယ်။

Blue said...

မိုးစိနဲ့ တွေ့မှဘဲ နာနှယ့် ကိုပြာလောင် ဖြစ်ရတယ်လို့ :(

Wasser said...

တညင်းသီးနဲ့ ငရုတ်သီးပါတဲ့ အတွက် စိတ်ကူးယဉ်ချင်ရာ ဆက်ယဉ်လို့ ရလို့ ဒီကဗျာကို ကြိုက်ပါ၏။
(တညင်းသီးဆားစိမ်လေးနဲ့ ငပိရည်ကျို ငရုတ်သီးစပ်စပ်လေး ---နဲ့လို့ -- ဆက်စိတ်ကူးလိုက်၏။)

မောင်ဘီလူးရေ။ ဒီလို ဖွားဖွားတွေနဲ့ ကဗျာတင်ရတာ ဆူဆိုက်လုပ်ချင်စိတ် မပေါ်ပါနဲ့ ကွယ်။
ဂွတ်တယ်ထင် ဒူးသာဒူး။ လက်ခုပ်တီးပြီး အားပေးပါတယ်။

Blue said...

ဘွားဘွားတညင်းသီးကလည်း လုပ်ချလိုက်ပြန်ပြီ ... တည်သီးနဲ့ တညင်းသီးများ မှားရတယ်လို့ ကဗျာဖီလင်တော့ ငါးပိရည်နံတွေ ထွက်ကုန်ပါပြီ ;( အစားအသောက်ဆို အသီးအနှံနဲ့တောင် လွဲရတယ်လို့ ဟိဟိ နောက်ကြုံမှ တညင်းသီး ဆားရည်စိမ် တောင်းစားရမယ်... ဟဲဟဲ..

pps said...

တူက......
တခါတလေမှာ တိပ်ကို ရက်စက်လွန်းပါတယ်...;p

လသာည said...

“တူ တိပ်ရက်စက်တယ်..”းD
ပီပီတို့ အရပ်က စကားအပီဘူး.. ဒီလိုပြောတာ....=>

“ဟေ့.. ဗူးတီး ဗူးတီးတပ်တပ်။
ကြက်တား ကြက်တားတပ်တပ် ချက်ပါဆို။
နားမထောင်ပဲ ဘူးတီးနဲ့ က်ြတားရောတော့
အခု တိုးကုန်ပြီး တံမတလင်းပေါ်တွန်ခဲ့တာ
ကောင်းတလား ကိုတိန်းရယ်” ဟဟ.. |("0")|

Wasse said...

အိမ်း။ မောင်ဘီလူးရယ်။ ဘွားတို့က စာကြိုးစားသူတွေဆိုတော့ မျက်လုံးက သိပ်ကမကောင်း--လေကွယ်။
မင်းကလဲ တည် နဲ့ တညင်းက --င နဲ့း လေးပဲ ပိုလာတာပါ။ ပြီး- ခပ်ဆတ်ဆတ်ဆိုတော့ တညင်းသီးပဲ အောင့်မေ့တာပေါ့။
ဥရောပရဲ့ရှာရွန်၊ သို့မဟုတ် ဗမာပြည်က တည်သီးကိုက ပြော့မှပဲ စားတာပဲ။
ဂျပန်ပြည်က တည်သီး--ခခိ ကိုတော့ မှည့်အောင်ထားသမျှ အဆင်မပြေတော့-- မစားတော့
တည်သီးဆတ်တယ်ဆိုတာ ဘွားဆာ -- လုံးလုံးမေ့သွားပြန်သကွဲ့၊

ဒါထက် မောင်ဘီလူးရေ။ တည်သီးကို မှည့်သည်အထိထား(ပျော့သွားရော) ၊ ပြီးတော့ ၂ ခြမ်းခွဲပြီး ဇွန်းလေးနဲ့ ခြစ်စားရသကွဲ့။
မင်း ဂန္ဓာလရာဇ်တိုင်းရဲ့ တည်သီးက ဥရောပ တည်သီး၊ မြန်မာ တည်သီး နေမှာ။

Blue said...

ဘွားဆာတစ်ယောက် သူ့ဘန်းမှာစိုးလို့ လာရှင်းသွားရရှာတယ် စိတ်မကောင်းပါဘူးဗျာ... မိုးပေါ်ထောင်ပစ်တာပါ ... အဂယ်တိုင်တာ ဟုတ်ဝူး ... :D