Wednesday, December 15, 2010

ဘလူးနှင့် သူ၏ မမများ (ဘလော့ခ် ရှစ်လပြည့် အမှတ်တရ)


အမုန်းမရှိတဲ့ ကမ္ဘာကို ကျွန်တော် ဘလူးဟာ ဘယာကျော် ပိုစ့်ရှင်ရဲ့ အမွမ်းတင် စကားကြောင့် မထင်မှတ်ဘဲ ရောက်လာခဲ့ပါတယ်...ဘလော့ခ် ခေါင်းစဉ်းလေးကို တချက် ကြည့်လိုက်မိပြီး သကာလမှတော့ ... အမုန်းမရှိမှတော့ အချစ်တွေ ပေါ်များနေတယ်လို့ မှတ်ယူလို့ ရတဲ့ အတွက် မေတ္တာငွေ့တွေ လွမ်းခြုံနေတဲ့ ကမ္ဘာလေးလို့တောင် စိတ်ထဲ ခံစားလိုက်ရပါတယ် ..... ရှိနှင့်ပြီးသား ပိုစ့်လေးတွေကို ပရော်စီမျိုးစုံနဲ့ ကျော်ခွ တက်နင်းပြီး လိုက်စပ်စုကြည့်တာ မပြီးသေးပေမဲ့ အရမ်းကို သဘောကျသဗျ.... နောက်... ဘလူးရောက်လာပြီး မကြာဘူး သူကြီး လသာညက ရှစ်လပြည့် မွေးနေ့ အခမ်းအနားလေးကို ဘာမှ မကျွေးဘဲ မိတ်ဆက် ဘလော့ခ်လေးနဲ့ အသက် ၂၀ကို ဘယ်လောက် စွန်းနေမှန်း မသိရတဲ့ ညီအမကိုးဖော်ရဲ့ အတွင်းရေးကို ကြေငြာခန်းဖွင့်လိုက်တော့ ဟားဟားဟားလို့တောင် အသံထွက် ရီမိပြီး ဒီညီအမတွေကို အမွမ်းတင်ပေးအုံးမှ ဆိုပြီး စိတ်ကူးမိခဲ့ပါတယ် ....

ဟုတ်ပါတယ် ရလာတဲ့ စိတ်ကူးကတော့ အောက်မှာ ရေးထားတဲ့ အတိုင်းပါဘဲ.... ရှုစားကြပါကုန်....
  1. လသာညက သူကြီးပါ ပြာတာလိုလဲ လှုပ်ရှားရှာ...
  2. ဗက်ဆာကတော့ စိတ်မြန်ပါ့ တဖက်လူ နားကို အားမနာလှ...
  3. မိဆိုးလေးက ခါးပတ်နက်ပါ သဘောကောင်းသူုလို့ ဆိုကြတာ...
  4. ကေလေးဟာ အရယ်သန်လှ ဘယာကြော်ပို့စ်နဲ့ အလုပ်များခဲ့ရ...
  5. မယ်ထားကတော့ ရှဲဒိုးပါ ချစ်တဲ့ထားလို့ တွင်ထားတာ...
  6. မယ်ပီဟာ လူဆိုးတဲ့ဗျ မေတ္တာပေါတဲ့ ဘလော့ခ်ဂါခင်ဗျ...
  7. အိစံကတော့ ငယ်ဆုံးပါ ရွှေပြည်အေးတရားလည်း ဟောတတ်တာ...
  8. နိုင်ပဟာ ကြောင်သခင်မ သူ့ ပိုစ့်မျော်ရင်းနဲ့ အိုမင်းရ...
  9. မီးငယ်လေးက အလည်လွန်တာ ကိုယ့်အိမ်ကိုယ်ပင် ပြန်မရောက်တာ....
  10. ဘလူးကတော့ လူသစ်ခင်ဗျ ဆိုဒ်ထဲမှာတော့ အလန်းဆုံးဗျ....


Happy Birthday ပါ အမုန်းမရှိတဲ့ကမ္ဘာ.......

9 comments:

ုkလေး said...

ထပ်ဖြည့်ပေးလိုက်မယ်နော်...
ဘလူးကတော့သနားစရာ မြှောက်ပြောမှန်းလည်းမသိရှာ၊ သူ့ခမျာမအားရ ပို့စ်တင်ဘို့အတွက်လုံးပန်းရ။

လသာည said...

ဟားဟား တော်လိုက်တာနော်.. အကုန်အစုံကို ပါသွားတာပဲ ...။ ကျေးဇူးတင်ပါတယ်..။

တကယ့်ကို အမှတ်တရပါပဲ။

ဒါနဲ့ K လေး... ဘီလူးဟာ လမ်းဆုံးနေပြီ ဆိုပါလား ခွိ..

ထား said...

ရှဲဒိုး ဆိုတာ လူရွှင်တော်ပါ ။
မင်းသမီးကတော့ မယ်ထားပဲ။
ချစ်တဲ့ထားလို့ ခေါ်သကွဲ့။
ဟဲ...ဟဲ...ဟဲ...

ကျေးဇူးပါနော် ဘလူးရေးး))

ချစ်တဲ့

ထား

Blue said...

:((( နာ့ကို လမ်းဆုံးနေပြီတဲ့ :((( သူကြိးဘစီနဲ့ တူလာသလိုဘဲ ရမ်းသမ်းပြီး ငယ်ထိပ်လိုက်ခေါက် နေတယ် :cry

pps said...

အမုန်းမရှိဆိုတဲ့..ကမ္ဘာဟာ
မယ်တို့ချည်းသာ..စံမြန်းခဲ့ရာ။

တွေ့ဆုံတဲ့ခါ..မ-သဘာဝ
အတွင်းရေးပါမကျန်..ဖွင့်ဟခဲ့ကြ။

အဲဒီလိုနဲ့..တနေ့မှာကွာ..
ယက္ခမောင်ကြီး..ရောက်ချလို့လာ

ရောက်ချလာပုံ..ဆန်းလှသကွဲ့
အလွမ်းလေးတွေ..ဝေမျှချင်သတဲ့..(အဟတ်)။

ဟောဒီကမ္ဘာက..မယ်တို့တွေ့ဟာ
ရှင်းရှင်းပြောမှ..နားလည်တတ်တာ..

အဲဒါတွေကို..သူမသိတော့
ဝေ့ကာဝိုက်ကာ..စာတွေသီကုံး
(ဒို့တွေမှာဖြင့်..ဘာတွေတုန်း.??)။

ခင်လို့စတာ..ကိုဟဝှာရာ
ပီပီလူဆိုး..မေးချင်နေတာ...

စိတ်မဆိုးရင်..ဖြေစေချင်(သ)ကွဲ့
မင်းအသက်က..ဘယ်လောက်မို့တုန်း(ဟဲ့)။

(((((ကြိုဆိုပါတယ်..ကဗျာမပီစာမပီလေး..ဖြင့်....း))))))))

Anonymous said...

ဟားဟား မိုက်သကွာ.. အော်ရယ်ပစ်လိုက်တယ် :DDD

ကဗျာတွေအားလုံး စာတွေအားလုံး..... ပီပြင်ပါပေရဲ့... လက်ဖျားခါတယ်

လတာည

Wasser said...

ဟေး--- ဟေး။ ဘီလူးရော ပီပီရော မိုက်သကွဲ့။ ကဗျာလေးတွေနဲ့။
ဒါထက် ဖွားဖွားဗက်ဆာတို့ အကြီးတန်းတွေက ရန်တွေ ဘာတွေ ဖြစ်မစိုးလို့ -- အယ်ချုပ် မိတ်ဆက်တာ ကျန်သွားတာကို ဆက်ပြန်မိတ်ဆက်ရရင်တော့ --
အ---ဟမ်း--- ဟမ်း။
လသာညက သူကြီးဆို။ ဗက်ဆာက ကာလသမီးခေါင်း ဆိုပါတော့။
သူကြီးက ဘာမပြောညာမပြောနဲ့ ကစားကွင်းထဲ လူလွှတ်လိုက်တော့ ကာလသမီးခေါင်းက ရင်းမြစ်ကို နဲနဲလိုက်ချောင်းလိုက်ရော။

အဲ--တော့ ပီပီရဲ့။ ပီပီထက် မောင်ဘီလူးက အသက်ကြီးသကွဲ့။ ဖွားဖွားတို့ထက် ငယ်ပေမဲ့လေ။ သိချင်ရင်တော့ သူ့ဘလော့မှာ ဖေ့စ်ဘွတ်နဲ့
လင့်ခ်ထားတာ ရှိလို့ သွားကြည့်နိုင်ပါကြောင်း။ -- :D :D မွေးနေ့သက္ကရာဇ်ကိုလဲ ကြည့်နိုင်ပါကြောင်း။

ဒါထက် မောင်ဘီလူးရေ။--- ဖွားဖွားက နားမခံနိုင်အောင် ပြောပေမဲ့ လူတိုင်းကို မှုတ်ဖူး မောင်ဘီလူးရဲ့-- ။ (ကြုံတုန်းလေး ရသမျှကို အမှတ်ယူမှ--- ညှင်းညှင်းညှင်း)

မိဆိုးလေး said...

အလန်းဆုံး ဆိုသမို့ 
လမ်းဆုံးမရောက်ဖို့ ကိုတော့
သတိလေးပေးလိုက်ချင်။

ဘယ်အရာရာဖြစ်ဖြစ်
ဆုံးလွန်းရင် မကောင်းနိုင်တော့ပြီပ
အမကြီး အမိရာ လို
ပဲ့ပြင်စကားဆိုချင်သေးတာမို့ 
မောင်ငယ်ပြာယာရေ..
မင်းဖို့  မှာတမ်း..။

(ဟိဟိ အကြီးဖြစ်ရတာ ကောင်းပကွာ....။)

(ကိုယက္ခပြာယာ ခဏတာ ရယ်ရွှင်ပြုံးစေဖို့  :P)

မီးငယ်လေး said...

ဟားဟား...
ကောင်းလိုက်တဲ့ ကဗျာလေးတွေ
အဟုတ်ကောင်းတာ။။
ကဗျာပညာရှင်တွေနဲ့ အားတောင့်လာပြီ။ မီးငယ်လေး
တို့ကတော့ ကဗျာစပ်ဖို့နေနေသာသာ
နားလည်အောင်တောင် မနည်းဖတ်ရတယ်။

အလည်လွန်ရာက ပြန်လာတဲ့ အချိန် စုံစုံညီညီ တွေ့ရလို့
အရမ်းပျော်သွားပါတယ်။
ကိုသူရဲ ရဲ့ သူငယ်ချင်း ဘီလူးရေ....
အားလုံး ပျော်ရွှင်ကြပါစေနော်။