လပြည့်ညလေးတွေကို အရမ်းချစ်သတဲ့။
မိဆိုးလေးတို့ က လပြည့်ညကို ချစ်တဲ့ လသာညကို ချစ်ကြတယ်။
ဒီနေ့ က တိုက်တိုက်ဆိုင်ဆိုင် လရဲ့ ဆွဲအားအများဆုံး လပြည့်နေ့ 
ဖြစ်နေခဲ့တယ်။
တန်ဆောင်တိုင်ကိုလွမ်းတယ်....။
မယ်ဇလီဖူးသုပ်ကိုလွမ်းတယ်..။
မြန်မာပြည်ကိုလွမ်းတယ်....။
မိဆိုးလေး (၂၂.၁၁.၂၀၁၀) ၀၁:၄၈
3 comments:
မိဆိုးလေး..
အာရိကတိုး..
လသာနေသော်လည်း သူတကိုယ်တည်း အထီးကျန်နေသော လမင်းကိုကြည့်ရင်း တချိန်က လသာညများကို ပိုလွမ်းသွားတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် အော်ငြီးခဲ့ဖူးတဲ့ တေးသံများ၊ ကွက်ပြစ်ဝိုင်းများကိုပေါ့..။
လသာညက ချစ်သော၊ လသာညကိုချစ်သော သူငယ်ချင်းအားလုံးကို အမြဲသတိရနေပါတယ်လို့..၊ ဂျပန်ကလသာညလေးများအတွက် အားလုံးကို ကျေးဇူး နော်း))))
ချစ်ရသော မိဆိုးလေးသို့... လပြည့်ညကို လိုချင်ပါတယ်လို့ နားပူနားဆာ (ဖုန်းပူဖုန်းဆာ)လုပ်ပြီး ဓါတ်ပုံတောင်းယူခဲ့တာ ခွင့်လွှတ်ပါ ("-^)/။ မအားတဲ့ကြားက စေတနာထားပြီး အနွေးထည်၆ထည်ဝတ်ပြီး တကူးတက ရိုက်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်..နော်..
လသာည အတွက် လသာည ကို လာပြီး ခံစားရင်း မြန်မာပြည် တန်ဆောင်တိုင်ကို လွမ်းသွားပါတယ်။
တန်ဆောင်တိုင်တော့ လွမ်းဖူး။ မယ်ဇလီဖူးသုပ်နဲ့ မယ်ဇလီ ဟင်းခ်ျိုတော့ အလွန် စားချင်ပါ၏။
တစ်ယောက်နဲ့ အာလူးဖုတ်ရင်း လပြည့်ညမှန်းသိသွားတာနဲ့ ဘုရားပြန်ရှိခိုးခဲ့တယ်။ ဒီလပြည့်ညတော့ အမှတ်တရ ဖြစ်လိမ့်မယ်။ ၀-- ဘုရားမှန်မှန် ရှိခိုးဖို့ ဆုံးဖြတ်ပြီး စိတ်တွေလဲ ငြိမ်းတဲ့ ဖက်ကို ပြောင်းမယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့လို့။
Post a Comment