Sunday, January 9, 2011

အချစ်သင်ခန်းစာ။ (နားမလည်ဘူး။ လိုက်မမှီဘူး။)

ချစ်ရတဲ့ သူငယ်ချင်းမ တစ်ယောက် ရှိပါတယ်။ ကိုယ့်ကို ငှက်မလေး လို့ ပြောပြီး သူမကိုယ် သူမ သစ်တောလေးလို့ တင်စားပါတယ်။ ညည်းက ငှက်လေးလို လာပြီး ငှက်လေးလို ပြန်သွားတာလေ-- ငါတို့ကတော့ တောအုပ်ပေါ့--- လို့ပြောခဲ့ဖူးတယ်ပေါ့။

သစ်တောအုပ်မလေး ဆီက စာလေး တစ်စောင်ကို ငှက်မလေး က ဒီမနက် လက်ခံရရှိခဲ့ပါတယ်။

--- အရင်ဆုံး သစ်တောအုပ်မလေး အကြောင်းကို နဲနဲ မိတ်ဆက်ပါမယ်။ ငှက်မလေး သိသလောက်ပေါ့။

တပြည်သားကို ချစ်မိတဲ့ သစ်တောအုပ်မလေးက တပြည်သားရဲ့ ရင်သွေးလေးကို မွေးဖွါးခဲ့ပေမဲ့ တပြည်သားကို လက်မထပ်ခဲ့ပါဘူး။ သမီးလေး ၁၃-၁၄ နှစ်သမီး အရွယ်မှာ တနိုင်ငံတည်းသား ဂုဏ်ရည်တူ အမျိုးကောင်းသားနဲ့ လက်ထပ်ခဲ့ပါတယ်။

ချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်း ၂ စုံကို မြင်တွေ့ခဲ့ပြီးတော့ သားလေး တစ်ယောက်ထွန်းကားတယ်လို့ ငှက်မလေးက ကြားရတဲ့အခါ အလွန်ဝမ်းသာ ခဲ့ရပါတယ်။
-----
ဒါပေမဲ့--- ဒါပေမဲ့--- ပေါ့လေ။

ငှက်မလေးက ဒီနေ့ရတဲ့ စာကို ဖတ်ပြီး တိတ်တိတ်လေး ဘုရားတ-- တယ်။ (ပြီးတော့ အော်ကြီးဟစ်ကျုယ် ဘလော့ ပေါ်တင်တယ်။ စိတ်မရှိပါနဲ့။ လောကကြီးမှာ နားလည်စရာတွေ နားလည်ရခက်စရာတွေအကြောင်း လေ့လာကြရအောင်။)
---------
ငှက်မလေးရေ။ ငါ့ကို စာရေးတာ ကျေးဇူးပါကွယ်။ ညည်းသိတဲ့ အတိုင်း ငါ အလုပ်တွေ များဆဲပါပဲ။ (သူမကို ကြည့်ပြီး အာရှမှာ မိန်းမဖြစ်ရတာ အတော် စားသာတယ်လို့ ငှက်မလေးက တွေးခဲ့ဖူးတယ်။) ငါ မပြောင်းလဲနိုင်သေး --- အင်း မပြောင်းလဲ ချင်သေးတာဖြစ်မှာပါလေ။ ညည်းသတင်း ကြားရတာ ၀မ်းသာပါတယ်အေ။

ငါ့မိသားစု အကြောင်းကတော့ ခပ်တိုတိုပါပဲ။ ငါ့ယောကျာ်း မောင်အေ ကို ညည်းမှတ်မိမှာပေါ့အေ။ ငါတို့ ၂၀၀၄ မှာ လက်ထပ်ခဲ့ကြတာရော။ အချစ်မရှိတော့ အဆင်မပြေပါဘူး။ (ဘုရား။ ဘုရား။ အဲဒီ ရွှန်းလဲ့နေတဲ့ မျက်လုံး ၂စုံမှာ အချစ်မရှိခဲ့ဘူးတဲ့လား။ ) အဲဒီတုန်းကတော့ ငါ ဂုဏ်ရှိမယ်လို့ ထင်ခဲ့မိတယ်။ (မောင်အေကလဲ အဲ--- သစ်တောအုပ်မလေးနဲ့ ပညာအရည်အချင်း အတူကိုး။) ဟင့်အင်း။ ဘယ်တော့မှ ငါ့သမီးလေးရဲ့ အဖေ၊ ငါ့အချစ် (တပြည်သား) ကို မေ့လို့မရဘူး။ သူကတော့ အိမ်ထောင်ပြုလိုက်တယ်။ အဲဒါကြောင့် ငါက မဖြစ်နိုင်တော့ဘူး၊ မတရားဖူးလို့ တွေးခဲ့တယ်။ နဲနဲတော့ ရှုပ်ထွေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ နားလည်ရ မလွယ်ကူပါဘူး ကွယ်။ အနှစ်ချုပ်လိုက်တော့ ငါအိမ်ထောင်ပြုပြီးမွေးလာတဲ့ ငါ့သားလေး မောင်ဂျူနီယာအေ ဟာ ငါ့ယောကျာ်း မောင်အေ ရဲ့သားမဟုတ်ပဲ သမီးတို့ အဖေပဲ ဖြစ်နေတော့တာပါပဲ။ (သစ်တောအုပ်မလေးရယ်။ မောင်အေက သစ်တောအုပ်မလေးနဲ့ ရည်းစားဘ၀ တည်းက တောက်လျှောက် အိပ်နေရဲ့သားနဲ့ ဘယ်လို ဖြစ်ရတာလဲကွယ်။)
ငါ စိတ်မကောင်းပါဘူး။ င့ါယောကျာ်း မောင်အေနဲ့ငါတော့ မကြာခင် ကွာရှင်းကြမှာပါ။ အချစ်ကြောင့် အနာဂါတ်ကို စွန့်လွှတ်တယ်ပဲ ဆိုကြပါစို့။

ငါချစ်ခဲ့သလို အချစ်မျိုး ညည်းတွေ့ရှိပါစေလို့ ဆုတောင်းပါတယ်။ (ကျေးဇူးတင်ပါတယ်။ သစ်တောအုပ်မလေးရယ်။ ဒါပေမဲ့ ---- အဲသလိုမျိုးဆို ငါ အဲဒီ ---အချစ်ကို မတွေ့ပါရစေနဲ့တော့။--- ငါ့ကို ခွင့်လွှတ်ပါ။ ) လက်ထပ်ဖြစ်သည်ဖြစ်စေ။ မဖြစ်သည် ဖြစ်စေ အဲဒါဟာ အရေးမကြီးပါဘူးကွယ်။ လူတွေဟာ အသက်ရှင်စဉ်မှာ ပျော်ရွှင်နေသင့်တယ်။ အချစ်ဆိုတာ ထူးဆန်းပြီးအံသြစရာကောင်းပါတယ်ကွယ်။ အဲဒါဟာ အခု ငါထင်တာပေါ့လေ။
(အင်း--- သစ်တောအုပ်မလေးရေ။ --- လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပြုပါကွယ်။ ငါ့ကို ထပ်ပြီး ခွင့်လွှတ်ပါ။)
-----------------------------
သစ်တောအုပ်မလေးရေ။ သစ်တောအုပ်မလေး ပြောပြတဲ့ အချစ်အကြောင်းကို လိုက်မမီသေးပေမဲ့ ဘာပဲဖြစ်ဖြစ် ပျော်နေပါစေလို့ ငှက်မလေး က ဆုတောင်းပေးပါတယ်။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အချစ်။ အချစ်။---- နားမလည်ဘူး။ လိုက်မမီဘူးးးးးးးးးးးးးးးးးးး။

5 comments:

Anonymous said...

ဟေး ဘူသူရေးတာလဲကွ မလတ် လား အယ်ချုပ်လား

အိစံ

pps said...

နားမလည်ဘူး။လိုက်မမှီဘူး။...ကွာ..း)))

ထား said...

တကယ်ကြီးဆိုရင်တော့ ထားလဲ လိုက်မမှီဘူး
နားမလည်ဘူးကွယ် . . . ငှက်မလေးရယ်
ထားလဲ ငှက်မလေးလိုပါပဲကွယ် . . .

ချစ်တဲ့

ထား

Wasser said...

>>ရွှေအိကြီး။ ဆင်ဆာဖြတ်ချင်လို့လား ရွှေအိကြီးရဲ့။ လေ့လာရန်လို့ မှတ်ပါကွယ်။ ရေးသူ ဗက်ဆာခင်ပါတွယ်။
>>ထားရေ -- အဲဒါ တကယ်ကြီးပါ။ တကယ်ပဲ အဲဒီမနက် အဲဒီ စာကို ရခဲ့တာပါ။
အရှေ့နဲ့အနောက်က အဲသလို ကွာတယ် ထားရေ။ အနောက်က အမျိုးသမီးတစ်ယောက်ယောက်နဲ့ စိတ်ဝင်စားခံရတယ် ဆိုရင် အကြောင်းသိတဲ့ ကိုယ်ကတော့ ပြုံးတာပဲ။
>>ပီပီ။ ဟုတ်တယ် ပီပီရေ။ လိုက်မမီဘူး။ ပီပီ့ဇာတ်လမ်းထဲကလို အဖေ ဘယ်သူမှန်းမသိတာတော့ မဟုတ်ဖူး။ သွေးတောင် စစ်စရာမလိုဘူး။ တပြည်သားဆိုတော့ ကလေး ကြီးလာလေလေ ဆံပင်နဲ့မျက်လုံးက ညိုရင့်လာလေ ဖြစ်တာရော။ မောင်အေ အတွက် စိတ်မကောင်းဘူးရော။ ဘော်ဘော်တွေပဲ ဆိုတော့ကာ။ လက်မထပ်ခင် ကိုယ့်အိမ်ထောင်ဖက်ရော ကိုယ်ရောရဲ့ အချစ်ဟာ ဘယ်နေရာမှာ တည်ရှိတယ်ဆိုတာကို ရိုးသားစွာ သေချာဆန်းစစ်သင့်တယ်လို့ အစ်မက သုံးသပ်လိုက်တယ်။

Anonymous said...

စာရေးသူဗက်ဆာခင်ရေ့ 

အိစံ ဆင်ဆာဖြတ်တတ်ဘူးရယ်...

ဆက်ရေးဆက်ရေး နားတော့လည်ဘူး

မလတ်ရှင်းလိုက်တော့ လည်သလိုလိုပါ ဟဲဟဲ


(ကိုယ့် ရဲ့ အချစ်ဟာဘယ်မှာရှိတယ်ဆိုတာ သံလိုက်အိမ်မြောင်သုံးလိုက်အုန်းမယ်း)း)