Sunday, May 30, 2010

အစာအိမ် နာရီ

အရင် ပုံလေးတွေ ပြချင်တယ်။ ယောဂကျင့်တဲ့ ခွေးလေးတွေ တဲ့.း))








Source: http://dogblog.dogster.com

တကယ်ပြောပြချင်တာ လာတော့မယ်။ ညလည် ထမင်းစားတတ်တဲ့ သယ်ရင်းလေးတွေအတွက် သတင်းတစ်ခု ဖတ်မိလို့..။ အဲဒါက ၀မ်းဗိုက်မှာ stomach watch ဆိုတာ ရှိတယ်။ အဲဒါက သူက အစာခြေယန္တရားကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်တဲ့သူဖြစ်တယ်။ တို့တွေလို ပျင်းလည်း အိပ်နေလို့ မရဘူးပေါ့နော်။

အသက် သုံးဆယ်ကျော်ရင် ၀တတ်တယ်။ ဒါကြောင့် အစာလျော့ပြီး diet လုပ်တယ်။ ဒါပေမယ့် ၀ိတ်မကျသူများရှိတယ်။ အစာလျော့ရဲ့သားနဲ့ ၀ိတ်မကျတာကက အဲဒါ ၀မ်းဗိုက်တွင်းက အစာအိမ်နာရီကြောင့် ဖြစ်တယ်တဲ့..။

သူအချိန်မှန်လုပ်နိုင်ဖို့အတွက် ကိုယ် အိပ်ရာက နိုးတာနဲ့ 2နာရီအတွင်း မနက်စာကို စားဖြစ်အောင် စားရမယ်။ ၂ နာရီအတွင်း မစားပဲ နေ့လည်စာနဲ့မှ ပေါင်းစားသူဟာ စားသမျှကယ်လိုရီ ရဲ့ ၆၀ %ကိုပဲ အစာအိမ်က ချေဖျက်ပြီး ကျန်တဲ့ ၄၀ရာခိုင်နှုန်းဟာ အာဟာရအဖြစ် မချေနိုင်တော့ဘူး။ အစာအိမ် နာရီရဲ့ အလုပ်လုပ်ချိန် နှောင့်နှေးစေမှုကြောင့် ယန္တရားပတ်နှုန်း အချိန်အဆ လွဲစေလို့ ဖြစ်တယ်။ (တချိန်မှာ မလိုတဲ့နေရာတွေမှာ စုပြီး ၀ိတ်တက်စေတယ်)


မနက်စာ စားပြီး ၁၀ နာရီ မှ ၁၂ နာရီအတွင်း ညစာကို စားဖြစ်အောင် စားရတယ်တဲ့..။ ဥပမာ မနက် ၆ နာရီ အိပ်ရာက နိုးသူဟာ (မနက် ၆နာရီ+ ၁၀နာရီ= ၁၆ နာရီ=>) ညနေ ၄ နာရီ မှ ညနေ ၆ နာရီအတွင်း ညစာကို စားမှ စားသမျှ ကောင်းကောင်းချေဖျက်ပြီး ခန္တာကိုယ်အတွက် အာဟာရဓါတ်ကို ယူနိုင်တယ်။ မနက် ၈ နာရီ အိပ်ရာထသူဆိုရင် ည ၆ နာရီကနေ ၈နာရီအတွင်း ညစာ စားရမယ်လို့ ဆိုလိုတယ်။ နေ့လည်စာကတော့ အဆင်ပြေသလို ဒီကြားထဲမှာ စားနိုင်တယ်။ တကယ်လို့ အဲဒီအချိန်ထက် နောက်ကျစားမယ်ဆိုရင် စားသမျှရာခိုင်နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းက အပိုအဖြစ်ဖြစ်သွားပြီး ဗိုက်စတဲ့ နေရာတွေမှာ သွားစုစေတယ်။

မနက်စာကို နေ့လည်စာနဲ့ ပေါင်းစားပြီး ညစာကို အိပ်ရာက နိုးပြီး ၁၂ နာရီအတွင်းစားတယ်ဆိုရင် လူက ၂ နပ်ပဲ စားသလိုဖြစ်တော့ ဗိုက်က မတင်းတိမ်ဘူး။ ဒါကြောင့် ညလည်စာ စားဖြစ်တယ်။ ဒီလိုစားတယ်ဆိုရင်တော့ စားတဲ့ အစားအစာရဲ့ ၆၀%ဟာ အပိုဖြစ်ပြီး မလိုတဲ့နေရာတွေမှာ အဆီစုသွားလိမ့်မယ်တဲ့..

ဒါကြောင့် ၀ိတ်လျော့တယ်လို့ ဆိုပြီး ၀ိတ်မကျတဲ့အခါ ကိုယ့်ရဲ့ စားချိန်ကို ပြန်စစ်ပြီး အိပ်ရာနိုးပြီး ၂ နာရီအတွင်း မနက်စာ စားမိရဲ့လား။ အိပ်ရာနိုးပြီး ၁၂ နာရ်ီအတွင်း ညစာ စားဖြစ်ရဲ့လား။ ညလည်စာတွေ များနေသလား ဆိုတာ ပြန်စစ်ဖို့ လိုတယ်တဲ့..

မ ၀ သော သူများ၊ ပိန်တဲ့သူများကျတော့ရော? ပိန်တဲ့သူကျတော့လည်း နေ့တိုင်းလည်း စားနေရဲ့သားနဲ့ အားနည်းတာဟာ အဲဒါ.. ကိုယ့်အစားစားချိန်က ချိန်သားမကိုက်လို့၊ ကိုယ် စားလိုက်တဲ့ အစာတချို့ရဲ့ အားတွေ အလဟဿ ဖြစ်သွားလို့ တဲ့..

ဟဲဟဲ ဒါကတော့ ၀ိတ်လျော့ပေမယ့် ဗိုက်ခေါက်ထွက်ချင်သော အကြောင်းကို လသာည သိချင်လို့ ရှာဖတ်ထားတာတဲ့ သတင်းလေး ဝေမျှတာပါ။ အမုန်းမရှိတဲ့ ကမ္ဘာမှ လက်ရှိသူများကတော့ အနေတော် လှလှလေးတွေမို့ မလိုလောက်ပါဘူးး))။ တခြားတခြားသော သယ်ရင်းများထဲက လက်ရှိမှာ ၀ နေသော၊၊ ၀ လတ္တံသော၊ ပိန်နေဆဲ၊ ပိန်နေသော သယ်ရင်းများရှိနေရင် တဆင့်ဖောက်သည်ချလိုက်ပါနော်။

အားလုံးအတွက်..... လသာည ဖြစ်ပါတယ်း))

9 comments:

ထား said...

ကောင်းလိုက်တဲ့ ပို့စ်လေးပဲ လသာညရေ........
ဒီအတိုင်း တသွေမတိမ်း လိုက်လုပ်ပါ့မယ်နော်........


ချစ်တဲ့


ထား

Anonymous said...

အန်တီလသာည ကျေးဇူးနော်

ဒီပို့ စ်အရဆို အိစံရဲ့ အစာအိမ်နာရီ ပျက်နေတယ် နာရီဆိုင်ပို့ လိုက်အုန်းမယ်


သူငယ်ချင်းတို့ အားလုံး လှသထက်လှကြပါစေ။

ဗက်ဆာ said...

လတာညကြီး ။ ကျေးဇူး စကြ၀ဠာ။ <3 :)
မှတ်စု သေချာထုတ်မှ။ နောက်တစ်ခေါက်ဝင်ဖတ်မှ။ ခုတော့ ပြေးရမယ်။ လူလစ်တုန်း။
လူက ၀တုန်းက ဗိုက်က စ၀ ထားတာ။ ပိန်တော့ ဗိုက်တစ်လုံးက ကျန်ချင်နေတာ။ သူများကြည့်လို့ မသိသာပေမဲ့ ကိုယ်သိတာရော။ ဒီဗိုက်ပြုတ်ဖို့ ကြိုးစားရမယ်။ နွန်ပွိုင် ဗိုက်လေး ချစ်စရာ။... :P :P :P (နှာတွေးကို နှာစကားနှင့် သရုပ်ဖော်သွားသော နှာဗက်ဆာ ဖြစ်ပါသည်။ :P :P )

pps said...

အဟီး...ဒီက နေ့ညမှားနေသူဆိုတော့
ဘီလိုလုပ်ရပ...း(

လသာည said...

ထား+အိစံ+ ပီပီအက်စ်>> နေ့ညမှားရင်လည်း နိုးတဲ့အချိန်က စပြီး ရေတွက်လေကွာ.. နိုးင်္ပြိး ၂ နာရီအတွင်း စားဖြစ်အောင်စားရ။ နောက် ၁၂ နာရီအတွင်း ညစာကို အပြီးစားလေ။ အဲဒီအချိန်က သူများအတွက် ညလည်ဖြစ်ပေမယ့် ကိုယ့်အတွက် အစာအိမ်နာရီက ညနေခင်းဖြစ်ချင်ဖြစ်နေမှာကိုး :P (ဆင်ခြေရှာပေးတာ)

နွန်ပွိုင် ဗိုက်လေး ချစ်စရာလို့ စကားလွဲသွားတဲ့သူ..>> အစာအိမ်နာရီကို မလိုက်နာချင်လို့ နှာဗူးပြောသွားသူဖြစ်တဲ့အတွက် ကော်ဖီလာတိုက်ပါးD

မိဆိုးလေး said...

မိဆိုးလေးက နာရီနဲ့  ရန်ဖြစ်ထားတယ် ..။ မင်း စားချင်သလိုသာ စားတော့တဲ့.။ လိုက်နာဖို့ ကြိုးစားအားထုတ်ပါမည်..။ :P

လသာည said...

စားချင်သလိုစားလို့ နာရီက ပြောတာလား သူကပြောတာလား။ အမိန့်ခွန်သွားတောင်းမလို့..းD

မိဆိုးလေး said...

နာရီက ပြောတာပါအမရ..။ သူက အစထဲက ပြောမနိုင်လို့ ဘာမှ မပြောတော့ဘူး..။ တစ်ခါကလဲ ခရမ်းချဉ်သီး ပန်တွေဖျော်ကို ငရူပ်သီးတွေအများကြီးထည့်စားမိလို့  ညရောက်တော့ မအိပ်နိုင်ဘူး။ချွေးစီးတွေပြန်ပြီး ဗိုက်တွေအရမ်းနာလာတာ။ နောက်နေ့  သူ့ ကိုပြောပြတော့ ဒါကြောင့် ညကအိပ်မက် မက်တာထင်တယ်။ မင်းက ခြုံထဲက ခုန်ထွက်လာတယ်လို့ တဲ့။ မိဆိုလေးက တကယ်မက်တယ်ထင်နေတာ။ဟုတ်ဘူး။ နောက် ခြုံထဲကနေ ခုန်မထွက်နဲ့ တဲ့။ ဟီးးးးးးးးးးးးးး

Anonymous said...

အစားပုပ်အတွက် ခြုံရှာရတာ ခက်မှာစိုးလို့ နေမှာပေါ့ကွာ ဟဟား

လသာည