Friday, May 28, 2010

မဖျားရအောင် သတိဆောင်၍ ---

ရာသီအပြောင်းအလဲ (ပူလာလိုက် အေးလိုက်) ဖြစ်နေတဲ့အတွက် အခန်းထဲမှာ ချွဲကျပ်သံ ချောင်းဆိုးသံ နှာစေးသံတွေ အတော်ကြားနေရပါသဖြင့် မင်းနစံ ကျမ်းမာရေး ဂရုစိုက်ကြပါစေလိုကြောင်း။

အာဟာရပြည့်ဝအောင် ကြိုးစားပြီးစားကာ နှစ်ခြိုက်စွာ အိပ်စက်ပြီး ပျော်ရွှင်စွာ နေပါစေလိုကြောင်း။ အလုပ်လုပ်နေကြရသော်လည်း ....

ဝ-- မှာထက် ကျန်းမာဖို့ ဒီအချိန်မှာ အရေးကြီးတာကြောင့် စားကြပါစေလိုကြောင်း။

လိုအပ်ပါက အားဆေးများကူပါစေလိုကြောင်း။ (ဗီတာမင်များ၊ သွေးအားကောင်းစေသော ဆေးများကို ကလေးများစားသည့် ၀ါးစားသည့် ပုံစံလေးဖြင့် သစ်သီးအရသာများဖြင့်လည်း ရနိုင်ပါသဖြင့် ထမင်းစားပြီးသည့်အခါ အချိုတည်းသည့် သဘောဖြင့် ငုံစားလို့ကောင်းပါကြောင်း။)

ကျမ်းမာမှ အလုပ်လုပ်နိုင်မည်.. ကျောင်းတက်နိုင်ပါမည်။ ... စိတ်မှာတွေး .. ကျမ်းမာရေး... အဓိက အရေးဖြစ်သည်.. တို့ယုံ ကြည်....

6 comments:

လသာည said...

ကျန်းမာမှ အလုပ်လုပ်နိုင်မည်.. ပိုစ်လုပ်နိုင်ပါမည်..
စိတ်မှာတွေး .. ကျမ်းမာရေး... အဓိက အရေးဖြစ်သည်..တို့ယုံကြည်

စားကောင်း အိပ်ကောင်းပါဗျား။ ဟင်းချက်ကောင်းသူများ ဟင်းပို့ပေးကြရင်တော့ ပိုတောင် စားကောင်းဦးမှာ..းp

Anonymous said...

လသာည နောက်တိုးနောက်တိုး...တဲ့ ဗျို့ ဟဲဟဲ ဆိုကည့်တာပါ


အိစံတို့ တော့  ရာသီအပြောင်းအလဲမှာအအေးမိသွားလို့ ဖျားနေတယ်..ကျေးဇူး ပါဗက်ဆာရေ။



သွေးအားကောင်းတဲ့ ဆေး သိရင် အိုရှီအဲတဲနဲ...သောက်ချင်တယ်

မိဆိုးလေး said...

အိ>> ဟင်းနုနွယ်ရွက် သုပ်စား..။
ဗက်ဆာရေ..>> LAB မှာတော့ အားလုံးဖျားပြီးပြီ။
ကိုယ်ပဲ သူတို့ စီက မကူးလို့ ကျန်ခဲ့တာ..။တော်သေး..။ အစားကတော့ ဘာစားသလား မမေးနဲ့ ..။ ဟိဟိ

လသာည said...

အိစံ..
သွေးအားနည်းနေသလား အတော်ပဲ အစ်မက သွေးတိုးနေတာဆိုတော့ တိုးနေတဲ့ အပိုသွေးကို အိစံကို ပေးမယ်လေးP

အမဲသွေးခဲတို့ ၀က်သွေးခဲတို့ကို ကြက်သွန်နီနဲ့ ကြော်စား../ အဲဒါ တကယ်သိသာလိမ့်မယ်..

ဗက်ဆာ said...

လတာည။ ၀က်တွေးခဲ စားချင်တယ်။ စပါးလင်ရိတ်ရိတ်လှီးလေးနဲ့ ကြော်ပြီးတော့။ ဘယ်စူပါမှာ ရတယ် ပြောပြပေးပါဦး။
မိဆိုးလေး။ ကျန်းမာတာ အိုမဲဒဲတိုး။ ဟုတ်ပါ့။ ဗက်ဆာလဲဝါးတယ်။
အိစံ။ ခိုရေခရ ခရဒနိ အိုခဲကို စကဲတဲ့ ရော။... တစ်ယောက်တည်း ဖျားရတာ ခံစားချက် သိပ်မသက်သာဖူးရော။.... စားငါ့ညီမ။ ပြီး အိပ်။ နိုးလာရင် အလုပ်ကြုံးလုပ် နော့။

လသာည said...

ဗက်ဆာ>> ၀က်သွေးခဲက ဘယ်မှာရလဲ မသိဘူးရယ်။ တခါတလေ ဆူပါမှာ မြင်မိတယ်။ ဘာသွေးခဲလဲ မမေးမိလို့..။