Saturday, May 15, 2010

အမြင်မှားတတ်တယ်

စိတ်အခံကြောင့် အမြင်တွေ မှားတတ်တယ်တဲ့..။ ဒါက စိတ်ပညာက နာမည်ကြီးတဲ့ ပုံလေးတွေပေါ့..


ဒီပုံကို တွေ့ရင် တချို့က မိန်းမပျိုလေးတစ်ဦးက ကိုယ့်ကို မကြည့်ပဲ တခြားတဖက်ကို ငေးနေတဲ့ပုံလို့ ဖြေကြသလို တချို့ အဖွားကြီးတစ်ဦး စိတ်ဓါတ်ကျနေတဲ့ပုံလို့လည်း ဖြေတတ်တယ်။ သယ်ရင်းတို့ မင်းတို့ကော ဘယ်လိုမြင်သလဲ..။ ဒီပုံကိုလည်း ချက်ချင်းပြပြီး ချက်ချင်ပြန်သိမ်းလိုက်ပြီး ဘာပုံလဲလို့ မေးရင် တချို့က ယောက်ျားပုံလို့ ဖြေတယ်၊ တချို့က မိန်းမပုံလို့ ဖြေတယ်။ အဖြေမတူကြဘူး။ ကြည့်သူဟာ ဓါတ်ပုံကို မြင်မြင်ချင်း လျက်တပြတ်နဲ့ ပုံအလယ်ကို သာ မှန်းကြည့်လိုက်သူဟာ ချက်ချင်းပဲ အောက်ဆုံးက မိန်းမပျိုပုံကို မမြင်ပေမယ့် မိန်းမပုံဆိုတာကို အမြင်ထဲမှာ ဆက်စပ်တွေးမြင်သွားတယ်။ ဦးနှောက်ရဲ့ functionတစ်ခု ကြောင့် ဖြစ်ပါတယ်။ (အဲဒီfunction အကြောင်းတော့ နောက်မှပြောတော့မယ်)။ အစကတဲက ပုံတစ်ပုံတွေ့ရင် အစအလယ်အဆုံး အသေးစိတ်ြ့ကည်တတ်သူကတော့ ယောကျာ်းပုံကိုစပြီး သတိထား ကြည့်မိတဲ့အတွက် ယောကျာ်းပုံလို့ ဖြေလိုက်တာ ဖြစ်နိုင်ပါတယ်။

စိတ်အခံကြောင့် မျက်လုံးအမြင်မှားတတ်သလို အလေ့အထကြောင့် အမြင်မှားတတ်တယ်။ အမြင်မှားတယ်ဆိုတော့ ဘယ်အမြင်မှန်သလဲလို့ လာမေးရင် နှစ်ခုလုံးက အမြင်မှားဖြစ်နိုင်သလို နှစ်ခုလုံးက အမြင်မှန်ဖြစ်နိုင်တယ်။ ကိုယ့်မြင်တာ အမှန်ဖြစ်နိုင်တယ်။ ဒါပေမယ့်သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့... :D

လသာည.. ဖြစ်ပါတယ်

9 comments:

မိဆိုးလေး said...

အပေါ်ပုံက ကောင်မလေးငေးနေတာပဲတွေ့ တယ်..။ အောက်ပုံက အပေါ်တမ်းကပုံတွေကြည့်တော့ ယောက်ျားပုံတွေလို့ ထင်ပြီး အောက်တန်းကပုံကိုကြည့်တော့ နောက်ဆုံးပုံက မိန်းကလေးပုံလို့ သိသာနေတော့ မိန်းကလေးပုံလို့ ပဲ သတ်မှတ်လိုက်တာ..။ ပုံတွေက ယောက်ျားတစ်ယောက်လိုပုံကနေ အဆင့်ဆင့်ပြောင်းလဲရေးဆွဲထားတာဆိုတော့..။
လက်ရှိလောက မှာလဲ တစ်ခါတစ်ရံ မှားယွင်းယိုးစွပ်တတ်ကြမှုဟာ ဒီလိုမျိုးတွေလိုပဲ ထင်တယ်နော်..။ မှားယွင်းပြောကြသူတွေ ဖက်ကလဲ မှားယွင်းထင်မြင်နိုင်လောက်တဲ့ အချက်တွေရှိနေခဲ့တော့..။
အင်း အမ လုပ်တာခေါင်းပိုမူးလာပြီ..။ ကော်ဖီသွားသောက်လိုက်ဦးမယ်..။ဟိဟိ

pps said...

အပေါ်ပုံလေးကတော်တော်စိတ်ဝင်စားစရာကောင်းတယ်....
ှုအဲဒီလိုမြင်အောင်ဆွဲတတ်တဲ့..အတွေးလေး..လေးစားမိတယ်...
အမ..မပြောရင်..အဘွားပုံတွေးမိမှာဟုတ်ဖူး...း)
စိတ်ပညာလေးတွေမျှဝေတာကျေးဇူးပါ..............

pps said...

မိဆိုးလေးရေ...တိတ်၂လေးhintပေးမယ်..ကောင်မလေးရဲ့.နားရွက်ကို..အဖွားကြီးမျက်စေ့လို့မြင်ကြည့်လိုက်..အဟိ...း)

မိဆိုးလေး said...

ဟေးဟေး သိပြီ..။ မိဆိုးကြီးပြောလို့  3D ကြည့်နည်းနဲ့ ကြည့်တာ အဖွားကြီးပုံပေါ်လာတယ်..။ အာရိကတိုးးးးးးး;)

အိစံ said...

အိတို့ သင်တန်းကျောင်းမှာcommunication, extensionတို့ လို ဘာသာရပ်င်္တေသင်ရင် အသုံးပြူတဲ့ ပုံတွေထဲမှာ အပေါ်ဆုံးကပုံလေးပါတဲ့ အမ။ လူတိုင်းမှာ အမြင်တမျိုးစီရှိတယ်ဆိုတာကို လက်တွေ့ သိစေချင်တာလေ။

ဗက်ဆာ said...

အဲဒါမျိုးလေးတွေ ဖတ်ချင်နေတာ။ လတာည ဆီကနေပြီးတော့။
အစွန်းရောက်ချင်တဲ့ ဗက်ဆာက အဲဒါမျိုးတွေ အများကြီးသိသင့်တယ် ထင်တာရော။

လသာည said...

မိန်းမလေးပုံကို သေချာကြည့် တို့ထဲက တစ်ယောက်ယောက်နဲ့ တူသလိုလိုပဲ..။
ဘယ်သူလဲ မသိဘူး.. ဟိ

အိစံ said...

အမဘူသူလဲ ဟင့် ပေးလေ

လသာည said...

ဟင့် ပေးဘူး ပေးဘူးး))