Wednesday, May 5, 2010

ကျမချစ်သူ

ချစ်သူတဲ့......
စကားလုံးလေးက၂လုံးတည်းနဲ့အဓိပ္ပါယ်တိတိပပဖွင့်ဆိုဖို့တော့အခက်သား......။
တစ်ဦးကတစ်ဦးကိုဖွင့်ဟပြောဆိုမှချစ်သူလို့သတ်မှတ်လိုက်ရင်......
နည်းနည်းလေးဘောင်များကျဉ်းနေမလားလို့....း)
ကျမအတွက်တော့.....ကိုယ့်ကိုဘယ်သူကချစ်နေလဲဆိုတာအဓိကမကျပါဘူး။
ကိုယ်ကချစ်နေတဲ့သူဟာ...ကျမရဲ့ချစ်သူ...ကျမချစ်သူပေါ့။
နောက်ပြီး...လူတစ်ယောက်ကိုချစ်သူလို့အမည်တပ်ကျရာမှာ.....
တစ်ချို့က...ငယ်ကျွမ်းဆွေကမှတစ်ဆင့်တိုးလာတဲ့ချစ်သူ၊
တစ်ချို့က... မိတ်ဆွေအပေါင်းအသင်းမှစိတ်အနေပြောင်းပြီးချစ်လာမိတဲ့ချစ်သူ၊
တစ်ချို့က...ငယ်ပေါင်းလည်းမဟုတ်၊မိတ်ဆွေလည်းမမည်ပဲ..ချစ်မိလာတဲ့ချစ်သူ၊

ဘာလိုပဲဖြစ်ဖြစ်...ကျမအတွက်တော့...အဲဒီလိုတစိမ်းလူတစ်ယောက်အပေါ်မှာမှ....
ရင်မှာထူးဆန်းစွာဖြစ်တည်လာတဲ့ခံစားမှူလေးရှိလာလို့....
ချစ်သူလို့သတ်မှတ်လိုက်တာပါ....။
ကျမရဲ့ချစ်သူ..ညှို့နှိုင်လွန်းတဲ့ကျမချစ်သူ.......



ကြည်ပြာရီဝေသော....အကြည့်နဲ့ညှို့တတ်သူ..၊
ကျမရဲ့ကြင်နာသူ...သူ့အကြည့်ဘဝင်မှာဆူ၊
ရင်ခွင်လွှာကိုပူ...နှလုံးသားလေးတွေစူးလို့...၊
အသည်းထဲပေါက်အောင်ကြည့်တဲ့.....ကျမချစ်သူ..........



7 comments:

ထား said...

မိုက်တယ် မိတယ် ကြိုက်တယ် ခိုက်တယ်ကွာ ............
အားပေးနေပါတယ်...........


ချစ်တဲ့

ထား

မိဆိုးလေး said...

့ဟတ်ထိသွားးးးးးးးးးးးးးးးးးးးးးး <3<3

ဗက်ဆာ said...

:D :D :D :D
အားပေးနေပါ၏ ။

လသာည said...

အားးးးးးးးးး
ဟတ်ထိသွားပြီ...း'(။
ချစ်သူ.မျက်ဝန်းတဲ့လား
ကျွန်မချစ်သူနဲ့ကတော့ မျက်ဝန်းကြောင့်မဟုတ်ဘူး..။ တခြားဟာ..ဟိုးဒင်း ဂရုစိုက်တတ်တာကို ပြောတာပါးP
ရင်တွင်းစကားလေးတွေ ထပ်ရေးပါဦး.. TTM

Anonymous said...

ဘောင်မကျဉ်းအောင်ဘယ်လိုလုပ်၇မှာလဲ..TTM

မိဆိုးလေး said...

လွှနဲ့ တိုက်ချလိုက်လေ မိဆိုးကြီးရ..။ :P

အမုန်းမရှိတဲ့ကမ္ဘာ said...

ကိုင်း...အပေါ်ကAnonymousကြားတယ်ဟုတ်...း)