Monday, May 17, 2010

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D

တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..

ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..

ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...


မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

စိတ်ဝင်စားစရာ ပုံလေးတွေ တွေ့လို့ မျှဝေလိုက်တာပါ..း))
source from http://www.dailycognition.com/

လသာည ဖြစ်ပါတယ်။

8 comments:

ဗက်ဆာ said...

segway နဲ့ကလေးထိန်းမတော် သွားကျွတ်နေမှဖြင့် လတာညရယ်။ :D :D ဌက်ကလေးပဲ သဘောကျတယ်။

Anonymous said...

တီဗွီရမုအကောင်းစားမိဆိုးကြီးစီမှာရှိတယ်လသာည။ မီးမှိတ်တာနဲ့ တီဗွီရမု တခုတည်းနဲ့ သုံးလို့ ရအောင် သူ့ မာမီကတီင်္ထင်ပေးထားတာ။

အပျင်းပြေသွားတယ်အမ

အိစံ

ဗက်ဆာ said...

ပြောလို့ပြောတာ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲလို လေး ပစ်စလက်ခတ်နေရတာ သိပ်အရသာ ရှိတာပဲ။ နှင်းကို အဲလောက်ပဲ ယက်ထားတဲ့လူလိုလေ။ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား စတိုင်လေး တစ်ခါတစ်လေ နေကြည့်ပါလား။ ခန ပဲနေနိုင်ပေမဲ့ အတော် relax ဖြစ်တာပဲ။

မိဆိုးလေး said...

ဟားဟား မိဆိုးလေးများလေ လား၊ Tsukuba လာတုန်းက ဆရာ့အမျိုးသမီးက ကားနဲ့ Tokyo ကိုလိုက်ပို့ တယ်။ မနက်စောစော နှင်းလေးတွေကျထားတာ မသုတ်ဘဲ ဒီတိုင်းမောင်းတာလေ တကယ်လဲမောင်းရော ရှေ့ကနှင်းတွေကြောင့် ရှေ့ကလာတဲ့ကားကိုကောင်းကောင်းမမြင်ရဘူး။မီးပွိုင့်ကိုလဲ ကောင်းကောင်းမတွေ့ ရဘူး..။မားမား သမီးဆင်းသုတ်လိုက်မယ်ဆိုတော့ ရပါတယ်သမီးရဲ့  ခဏနေပျောက်သွားမှာပါတဲ့။ သူ့ ခဏက ၁၅ မိနစ်လောက်ကြာတယ်..။ကုန်းကွကြည့်လို က် ကျော်ပြီးပြူးကြည့်လိုက်နဲ့ ..။ကြောက်၂နဲ့  အောတောပိသိ တွေကိုဖြစ်လို့ ..။ နေထွက်လာတော့မှ အရည်ပျော်ပြီးကျသွားလို့  ရှေ့ကိုကောင်းကောင်းမြင်ရတော့ ဟင်းချရတယ်..။ အမယ် သူက သမီးက ကြောက်နေတာလားတဲ့..။ ပြန်ရောက်လို့ စီနီယာကို ပြန်ပြောပြတော့ တော်သေးတယ် ခင်ရယ် သူက ကားတိုက်မှူ ခဏခဏဖြစ်လို့  ခဏခဏလျှော်ရတာတဲ့..။ အောင်မငေး...။ :P

လသာည said...

ဗက်ဆာ>> လတာညက သွားကျွတ်မှာစိုးလို အဲလိုထိန်းဘူးးD။ ကားနဲ့ ပဲ သွားတော့မှာ ဟိ...

အိ>> ပျင်းဖော်တွေကြည့်ပြီး အပျင်းပြေသွားတယ်ပေါ့း)) မိဆိုးကြီးရဲ့ ရမုကတော့ မပြောနဲ့၊ လူနဲ့ တာရိုက်တလီး ပရိုပိုးရှင်းနယ် ဖြစ်တာ ငါကောင်းကောင်းသိတယ်။ အဲဒါ သူပြန်ရောင်းရင် ၀ယ်မလို့ စဉ်းစားနေတာ..

မိဆိုးလေး>> မားမား.. သမီးကမကြောက်ပါဘူး၊ ခဏခဏ နှလုံးခုန်ရပ်ရပ်သွားတာပဲ ရှိတယ်လို့ ပြောလိုက်ရမှားP

pps said...

ဟေး...ဆိုးကြီးရဲ့ရီမုကိုပဲ..လာထိနေကြပါလား.....တော်ပါသေးရဲ့.ရွေအိတာပါပါရာစီဆို..ဒီပို့စ်ရဲ့ထိပ်မှာမိန့်မိန့်ကြီးနဲ့..မဟုတ်တာနဲ့နာမည်ကျော်ရချေသေးရဲ့...
(ဆင်ဆင်ခြင်ခြင်နေမှ..အဟိ..းဝ)

ထား said...

အမလေး ထားနဲ့ သိပ်မတူပါ့လား......ပျင်းပုံများ.....ပြောကိုမပြောချင်ဘူး......ဟီးဟီး....



ချစ်တဲ့

ထား

လသာည said...

ထားရေ အပျင်းချင်းတူနေပြီ.. ဘာဖြစ်လဲ တို့က အားကိုးစရာ ရှိတယ်လေ ဟုတ် ?? ဟိ