Sunday, February 27, 2011

Omedetou Gozaimasu

အလုပ်က ကျပ်ပြီ။

လူမှုရေးတွေလဲ ပျက်ကွက်။ ဖေ့စ်ဘွတ်လေးတောင် မတက်နိုင် ဖြစ်ရ။

ဒီညနေကစပြီး ဘွဲ့မရမချင်းတော့ အွန်လိုင်း တက်ဖို့တောင် မလွယ်တော့ဘူး အောင့်မေ့တယ်။

ဆိုတော့ --- နိပွန်ပြည်ကနေ ဘွဲ့ပိုက်ပြန်မယ့် သူတွေကို အိုမဲဒဲတိုး ထားလိုက်မယ်။

နံပတ်မှာ တစ်။ အယ်ချုပ်ကြီး
နံပတ်မှာ နှစ်။ မိဆိုးလေး
နံပါတ်မှာ သုံး။ ခိုင်လေး

လောလောဆယ်တော့ သူတို့သုံးယောက်ကို အိုမဲဒဲတိုးလိုက်တယ်။

အိုမဲဒဲတိုး ဂိုဇအိမတ်စု။

ဂုဏ်ယူ ချီးကျူးပါသည်။ မီးလဲ ရှေ့နှစ်ဘွဲ့ရဖို့ ကြိုးစားမည်။
စောင့်နေသူများဆီ အောင်မြင်မှုများနဲ့ပြန်ပြီး ပျော်ရွှင်မှုများကို အသက်ထက်ဆုံး ပွေ့ဖက်ထားနိုင်ပါစေလို့ ဗက်ဆာခင်က ဆုတောင်းပေးလိုက်ပါသည်ရှင့်။ ----- :D :D :D

ဟိုကိုင်းဒိုးနှင်းပွဲတော်သို့..


ဂျပန်နိုင်ငံ မြောက်ဘက်စွန်းပိုင်းမှာ ရှိတဲ့ Hokaido ကျွန်းကို Ferry နဲ့ အလည်တစ်ခေါက် ရောက်ခဲ့တဲ့ အကြောင်း ပြောပြချင်ပါတယ်။
ကျွန်မကသဘောင်္အကြာကြီး မစီးဖူးတော့ မူးမှာကြောက်နေမိတယ်။ ဒါပေမဲ့ သဘောင်္ကြီးထဲရောက်သွားတော့ ဟိုတယ်ကြီးထဲ ရောက်သွားတဲ့ အတိုင်းပဲ။ ခမ်းနားလွန်းလို့ သဘောင်္စီးနေရတာကို တောင်မေ့သွားတယ်။ နှင်းပွဲတော် အကြောင်း မရေးခင် သဘောင်္စီးရတဲ့ အတွေ့အကြုံလေး မှတ်တမ်းတင်ထားချင်လို့ ပါနော်။
ကျွန်မတို့စီးခဲ့ရတဲ့ သဘောင်္နာမည်က Kiso တဲ့။
http://www.taiheiyo-ferry.co.jp/qa/sennai.html#q04
သူငယ်ချင်းတွေ အများကြီးနဲ့ သဘောင်္စီးပြီးသွားခဲ့ရတဲ့ ပျော်စရာ ခရီးတစ်ခုပါ။

သဘောင်္ပေါ်ရောက်တော့ ပထမဆုံး ကျွန်မတို့ အိပ်ရမဲ့ အိပ်ရာလေးတွေရှိတဲ့ အခန်းမှာ ပစ္စည်းတွေနေရာချထားပြီး ဓာတ်ပုံတွေ လျှောက်ရိုက်ကြပါတယ်။

Safty boxes

Sendai to Tomakomai
baby room
ဂိမ်းကစားချင်ရင်လဲရတယ်။
ကျွန်မတို့ အိပ်ရတဲ့ အခန်းက ၅ထပ်၊ စားသောက်ဆိုင် ၊ Movie Theater နဲ့ Lobby က ၆ ထပ်မှာ ရှိပြီး၊ သဘောင်္ရဲ့ အပြင်ဘက်ကို ထွက်ကြည့်လို့ရတာက ၇ ထပ်မှာ ရှိပါတယ်။




သဘောင်္ပေါ်မှာ ရေနွေးစိမ်ချိုးလို့ရတဲ့ အခန်းလဲပါတော့ ရေချိုးကြတဲ့သူကချိုး။ Lobby ကဆိုဖာတွေမှာ အေးအေးဆေးဆေးထိုင်ပြီး Piano နားထောင်၊ စကားပြောတဲ့သူကပြောပေါ့။ နောက်တော့ Movie Theater မှာ Piano concert ရှိတာနဲ့ ခဏ၀င်ကြည့်။ အဲဒါပြီးတော့ သူငယ်ချင်းတွေစုပြီး Karaoke ခန်းမှာ တစ်နာရီလောက် အချိန်ဖြုန်းလိုက်သေးတယ်။ ကာရာအိုကေဆိုပြီးတော့ ည၁၀နာရီလောက် ရှိနေပြီ။ Movie Theater မှာ Harry Poter ရုပ်ရှင်ပြနေလို့ ၀င်ကြည့်တယ်။ Lobby မှာလဲ ထိုင်ပြီး တီဗွီအစီအစဉ်တွေ၊ သတင်းတွေ ကြည့်လို့ရတယ်။
ကာရာအိုကေ


Concert နဲ့ Movie Theater
ကျွန်မတို့က ဈေးအသက်သက်သာဆုံး ၇၂၀၀ ယန်းနဲ့ စီးလို့ အတူတူ စုအိပ်ရတဲ့ ကျောတစ်ပြားစာ အိပ်ရာလေးတွေမှာ အိပ်ကြရတယ်။ အခန်းထဲမှာ တစ်ခြားအဖွဲ့ တစ်ခုက နိုင်ငံခြားသား ကျောင်းသား ၃ ယောက်က ဖဲရိုက်နေလို့ တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ မနက် ၆ နာရီကျော်တော့ နေထွက်တာ သွားကြည့်ရအောင် ဆိုပြီး ညီမလေးက နှိုးတယ်။ ကျွန်မတို့လဲ အိပ်ချင်မူးတူးထပြီး နေထွက်တာကို စောင့်ကြည့်ကြပေမဲ့ အဲဒီနေ့က တိမ်တွေတစ်အားထူပြီး မိုးအုံ့နေလို့ နေလုံးကို မမြင်ခဲ့ကြရဘူး။ သဘောင်္ကြီးက အတွင်းပိုင်းကတော့ အနွေးထည် မလိုအောင်ကို တော်တော်နွေးတယ်။ သဘောင်္အပြင်ဘက်ကတော့ လေတွေတိုက်ပြီး ချမ်းလိုက်တာ အရမ်းပဲ။ နေမမြင်ရတော့ ပြန်ပြီး အိပ်ကြတာပေါ့။

မိုးအုံ့နေလို့ နေထွက်တာ မကြည့်ခဲ့ရပါ။
so cold and so windy outside of the ship

သဘောင်္ပေါ်ကရှုခင်း

သဘောင်္ပေါ်က မနက်စာ (၅၀၀ယန်း)
မနက် ၁၀နာရီခွဲမှာ ဟိုကိုင်းဒိုးက Tomakomai သဘောင်္ဆိပ်ကို ရောက်ပါတယ်။ ဘစ်ကားရပ်စောင့်နေရင်း အေးမြလှတဲ့ ရာသီဥတုကို သတိပြုမိတယ်။ ဘစ်ကားနဲ့ သဘောင်္ဆိပ်ကနေ ဘူတာရုံကို သွား၊ အဲဒီကနေ ရထားနဲ့ တစ်နာရီနီးပါး စီးပြီးမှ နှင်းပွဲတော် ရှိတဲ့ Sapporo မြို့ကိုရောက်ပါတယ်။ Sapporo မြို့ကို ရောက်တော့ နေ့လည် ၂ နာရီနီးပါးရှိပါပြီ။ နေ့လည်စာစားဖို့ သူငယ်ချင်း ညွှန်ပြပေးတဲ့ စားကောင်းပြီး နာမည်ကြီးတယ်ဆိုတဲ့ ခေါက်ဆွဲဆိုင်မှာ ဂျပန်အခေါ် Ramen စားခဲ့ပါတယ်။ တော်တော် အရသာရှိတဲ့ Ramen ပါပဲ။ ဂျပန်မှာ စားဖူးခဲ့သမျှ ခေါက်ဆွဲတွေထဲမှာ ကျွန်မ အကြိုက်ဆုံးလို့ ပြောရမလားပဲ။ ခေါက်ဆွဲဖတ်လေးတွေက သေးသေးလေးတွေနဲ့ တော်တော်စားလို့ ကောင်းခဲ့တယ်။

 ဟိုကိုင်းဒိုးက နှင်းပွဲတော်အကြောင်း ဆက်ရေးပါအုန်းမယ်။

Tuesday, February 15, 2011

လေပြင်း၊ လေပြေ

ညက လေပြင်းကျတယ်။ ကြောက်လိုက်တာ။
မှန်တံခါးအသစ်ကို တစ်ယောက်ယောက်က တစ်ဝုန်းဝုန်းနဲ့ ဆွဲလှုပ်နေသလိုပဲ။

လေပြင်းနဲ့ ပြောင်းပြန် လေပြေကို သတိရသွားတယ်။

ကဲ။ လေပြေလေး
နားထောင်ကြည့်ပါဦး။

လေပြင်းအမှတ်တရ။ လေပြေပေါ့။ :D :D :D





ဒီအိမ်သာလျှင်..

ပုံလေးကို ကလစ်ပြီး အကြီးချဲ့ကြည့်ရင် ရင်ကို လှုပ်ခပ်စေတဲ့ စာသားလေးတွေကို တွေ့လိမ့်မယ်း))

နှလုံးသားတွေ နွေးထွေးနေသမျှ ဒါဟာလည်း အိမ်...

 
ဒီအိမ်အတွက်ကြောင့်..... ပျော်ရွှင်ရတယ် ကြည်နှုးရတယ် ခွန်အားတွေရတယ်.. ဒီအိမ်သာလျှင်..

Thursday, February 10, 2011

Forgetful Me






(((ဒေတာကောက်သွားခဲ့တုန်းကပေါ့ကွယ်...အဟယ်ဟယ်း)))
ထုံးစံအတိုင်း..ဆိုင်ရာအကြီးအကဲတွေဆီ..တွေ့ဆုံအကြောင်းကြားရပါတယ်..
ခက်တာက..ကျမတို့ဌာနဆိုင်ရာလူကြီးက..ရန်ကုန်..နေပြည်တော်၂ခုမှာ..တလှည့်ဆီသွားနေရတဲ့အချိန်။
ဒေတာကောက်ပြီးလို့ပြန်ရမယ့်ရက်တာနီးလာရော..ကျမနဲ့ကလွှဲချည်းနေတော့တာ။

တရက်မှာတော့..အကျိုးအကြောင်းမရမကပြောပြီး..တွေ့ဆုံခွင့်တောင်းဖို့ဖုံးဆက်ပါတယ်....။
ရုံးကိုသွားတဲ့လမ်းပေါ်မှာပါ..။ကံကောင်းချင်တော့...ပီအေက..အခုထွက်ခဲ့ပါ..တွေ့ဆုံဖို့အချိန်နည်းနည်း
လေးရပါတယ်တဲ့..။ဒါနဲ့..ဘာပြောကောင်းမလဲ..ရှပ်တေးကျမ...ပြာပြာ..ပြာပြာနဲ့အနားမှာထိုးရပ်လာတဲ့
တက္ကဆီပေါ်တက်ပြီးပြေးရတော့တာပေါ့.။

တက္ကဆီပေါ်ရောက်မှ.လူကြီးနဲ့တွေ့ရင်ရေးမှတ်ရမယ့်စာအုပ်၊ဘောပင်အဆင်သင့်ဖြစ်မဖြစ်စစ်ရင်း..
စိတ်ထဲမှာ.တခုခုလိုသလိုဖြစ်နေတာ..။ဌာနတံဆိပ်မပါတာလား...စစ်..။စာရွက်စာတမ်းအချို့ပြန်စစ်..။
ဘာလိုပါလိမ့်..ဘာလိုပါလိမ့်..???????

စစ်လိုက်...စဉ်းစားလိုက်နဲ့....ကားတာထိုးရပ်သွားရော..ဘာလိုနေတာမှန်းစဉ်းစားလို့မရပါဘူး..။
ကားပေါ်ကမဆင်းခင်..ပိုက်ဆံပေးဘို့ပြင်မှ..အဲ..ဖုံးဘိုးပိုက်ဆံမပေးခဲ့တာ..အမှတ်ရတော့တာပဲ..။

လမ်းဘေးဆိုင်ဖုံးကို..ကိုယ့်ဖုံးစတိုင်နဲ့..ဂွက်ကနဲချပြီး..ချာကနဲလှည့်ထွက်လာခဲ့တဲ့ကျမ။
ဖုံးဆိုင်ကကောင်မလေးကတော့...ဘယ်လိုလူပါလိမ့်....ဆိုပြီးဖြစ်နေမှာအမှန်....။
ဂေါက်နေတဲ့လူထင်တယ်လို့..မတွေးရင်ကံကောင်း)))

မဖြစ်ပါဘူးးးး..နောင်ဆို..ကျောမှာ..(သတိ..ကျမမေ့တတ်သည်)စာတန်း..ဆွဲထားရတော့မယ်..*-*



((P.S:အပြန်မှာ..အဲဒီဆိုင်ရှေ့...ရှေ့မျက်နှာနောက်ထားပြီး(အဲဒီလို..ခံစားချက်ကိုပထမဆုံးကြုံဖူးတာ..ပူထူနေတာပဲ..အဟီး)..ဖုံးခပေးခဲ့ပါတယ်...း))

pic from Google