အင်္ဂလိပ်စာ အသံထွက် ကိုယ်လဲ နားထောင်မယ်။ ဘေဘီတွေကိုလည်း ပေးနားထောင်မယ် ဆိုရင်---
ဟောဒီက ပဲပြုတ်--- အဲ-- အဲ--- ဟောဒီက အော်ဒီယို စာအုပ်လေးများပါရှင်။
http://www.freeclassicaudiobooks.com/
---- အမ်ပီသရီးဖိုင်လေးဆိုတော့ အိုကေ။
ဒါလေးက အဆင်တပြေ ဒေါင်းလို့ရတာလေး။
ရယ်ဒီမိတ်ကောင်းတာလေး လိုချင်ရင်တော့ -- တော့ပ် ၁၀၀ story of all time ဆိုပြီးရှာလို့ရပါ၏။
ဒီတစ်ပါတ်တော့ ဂျက်လန်ဒန်ရဲ့ Call of the Wild ကို နားထောင်ဖို့ ဆွဲထားတယ်။
ကလေးတွေဖို့ကောင်းဆိုပဲ။ ဟိ---ဟိ။ ကလေးမဟုတ်လဲ နားထောင်လို့ရတာပဲနော့။...
အော်။ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်စားမယ်။ အင်္ဂလိပ်သတင်းလေးများလဲ အမ်ပီသရီး ပလေယာလေးထဲ
ထည့်နားထောင်မယ်ဆိုရင် တစ်ပါတ်စာ သတင်းများကို ဒေါင်းချ နားဆင်နိုင်ပါတဲ့ ဘီဘီစီ သတင်း လင့်ခ် ပါရှင့်။
http://www.bbc.co.uk/podcasts/series/globalnews
ထမင်းဟင်းချက်ရင်း အခန်းရှင်းရင်း နားထောင်ရတာပေါ့နော့။---
ကျူရှင်မတက်နိုင်သူတွေကတော့ ဂလိုပေါ့လေ။---
မင်းနစံ--- ဂျနယ်။
အလွန် ပြာယာခတ်နေပါ၏။
မိုးကောင်းနေသည်မို့ အအေးမမိအောင် ဂရုစိုက်စေလိုပါ၏။
ဝ-- ကတော့ မိပြီးသွားပြီ။ ဆေးဖိုးနှမြောပါ၏။
Friday, July 16, 2010
Thursday, July 15, 2010
ဝှိတ် ချ....၀ှိတ်ချ ......ဖောင်း.....ဖောင်း
ကိုယ်လက်လှုပ်ရှားအားကစားလေး တစ်ခုခုကိုလုပ်ချင်တယ်ဆို
တော့ သူငယ်ချင်းကကျောင်းကအားကစား ခန်းမမှာ အေရိုးဗစ်သင်တန်းရှိတယ်။
Hip hopန့ဲ့ဘဲလေးတက်ချင်ရင်လည်းရတယ်တဲ့ ။ အေးကောင်းလိုက်တာ
ငါတ်ု့ အေရိုးဗစ်တက်ရအောင်ဆိုပြီး သူငယ်ချင်းနှစ်ယောက်သွားကြတယ်။
အားကစားခန်းအ၀င်မှာ ဖောင်ဖြည့် တာကြာတော့  (မလုပ်တတ်လို့ ပါ) အ၀တ်လဲခန်းကနေအထွက်မှာကို ၆နာရီခွဲနေပြီ။ သင်တန်းက ၆နာရီ ၂၀စတာလေ။တံခါးလေးအသာလေးတွန်းဝင်လိုက်တော့  အားလားလား အထဲ မှာလူ
ပြည့် ပဲ တီးလုံးဖွင့် ပြီး ကနေကြတာ ထိပ်ဆုံးမှာ နည်းပြဆရာ က သရုပ်ပြတယ်။
ံ

အိစံ လဲရောင်တောင်ပေါင်တောင်နဲ့ ညာအစွန်ဒုတိယတန်းရဲ့ ဘိတ်ဆုံးမှာရပ်ပြီး သူများလုပ်သလို လိုက်လုပ်တယ်။ သင်တန်းအခုမှ စခါစဆိုတော့ အကြောအချင်ပြေအောင် ကိုယ်လက်လှုပ်ရှား စခါစပဲရှိသေးတယ်..ဆရာ က ဂျပန်လို အာရုခု အာရုခုဆို ပြီးအော်ပေးတယ်။ အစတော့ ဘေးကအတူလာ
တဲ့ သူငယ်ချင်းလုပ်တာကြည့် ပြီးရီ သေးတယ် နောက်တော့  ရီမိမှာဆိုးလို့ မကြည့် တော့ ဘူး။ ဒစ်စကိုတီးလုံးလေးလည်းဖွင့် ထားတော့ အစပို င်းတော့ ကလို့ အကောင်းသားရှင့် ။ခုန်ခုန်ပြီး လှုပ်နေရတာဆိုတော့  တဖြည်းဖြည်းနဲ့ နည်းနည်းတော့ မောလာပြီ။
ခဏနေတော့ ဝှိတ်ချ..၀ှိတ်ချ ...ဖောင်း..ဖောင်းဆိုပြီး ဆရာ က ကွက်တွေ သင်တယ်
သူတို့ ဟာကလည်းဘာလုပ်တာပါလိမ့်  ဘောင်စင် ထိုးတာနဲ့ တူလိုက်တာပေါ့  မနည်းလိုက်ယူရတယ် တချက်နှစ်ချက်လောက်ခြေထောက်ကို ရှေ့ တိုးနောက်ဆုတ် ကစား လက်ကိုလည်း ထိုးမဲ့ ဟန်ပြင် ပြီးမှ လက်နှစ်ဖက်ကို အားစိုက်ပြီးရှေ့ ကို ထိုးရတယ် ။ ဆရာကနှစ်ခါ၃ခါလောက်ပြပြီးရင် သင်တန်း သား တစ်ယောက်ချင်းစီရဲ့ ရှေ့လာပြီး ကစားကွက်ကို ကစားတယ် ကျွမ်းကျင်တဲ့ သူတွေ ကတော့  လက်နှစ်ဖက်
နဲ့ ဆရာလက်မှာစွပ်ထားတဲ့ ဘောင်စင်ထိုးတဲ့  ဟာကို ကစားလို်က်ရင်
ဖောင်း.......ဖောင်းနဲ့ မြည်လာတယ်။ ကိုယ် က နားမလည်တော့ 
သူတို့ လက်ကွေးရင်လိုက်ကွေး ဆန့် ရင်ဆန့်  ဆရာက ဖောင်း..ဖောင်းလို့ ဆိုရင်
လက်ရှေ့ ဆန့်  တခါတခါလည်း ဘယ်ညာမှားနဲ့  တော်တော် တော့ ချွေးပြန်နေပြီ။ ဆရာကလူသစ်မှန်း
တော့သိပုံရတယ် ဟဂျိမဲတဲ့ နို့ ဟိတို ဆိုပြီး ဘာပြောမှန်းမသိဘူး နားမလည်လည်းလိုက်လုပ်လို့ ပြောတာထင်တာပဲ။

်
အိစံရှေ့ လဲ ရောက်ရော မြည်တော့ ဘူး နဂိုကတည်းက လက်အားမသန်ဘူးလေ။ ဆရာလည်း ၂ခါလောက်လာပြီးတော့ အားနာလို့ လားမသိဘူး လာတော့ ဘူး။ ဒီလိုနဲ့ ခဏနားမယ်ဆို
တော့ ပျော်လိုက်တာ။နင်ဟာကလည်းမောလိုက်တာဆို တော့ သူငယ်ချင်း က အိစံနင်ကလည်းသူများတွေတောင်လုပ်သေးတာလုပ်စမ်းပါတဲ့  ပြီးတော့ရီပြီး ဘောင်စင်သင်တန်းဟ
တဲ့ ။ပြန်စတော့ တော်တော်ကိုမောနေပြီ ငါဆက်လုပ်နိုင်ပါ့ မလား မသိဘူး ဆိုပြီး
် အားလျှော့ သွားသေးတယ် နာရီလည်းတကြည့် ကြည့် နဲ့  ။ဆရာက အာရုခု အာရုခုဆိုရင် သာလိုက်တာ နားရလို့ ။ အရှိန်လေးနည်းနည်းထိန်းပြီး ကစားလိုက်မှ အမောခံနိုင်သွားတယ် အိစံရှေ့ ကကောင်မလေးလည်း ပြီးခါနီးမောလာတော့ လက်ကို ၀တ္တရားကျေလေးပဲ မြှောက် ဆန့် လုပ်တော့ တယ် ။တော်တော်ကျွမ်းကျင်
နေတဲ့သူတွေဆိုရင်တော့ကစားတာအရမ်းလှတယ်။မောလည်းမမောကြဘူး။သူငယ်ချင်းကအားပေးတယ်တော်
တော်များများကမနှစ်ကလူဟောင်းတွေ နင်လည်းနောက်ဆိုလုပ်နိုင်မှာပါတဲ့ ။ ကကွက်တွေကအသစ်
်ဆိုရင်တော့ ငါမလိုက်နိုင်ဘူးဒီအတိုင်းပဲဆိုရင်တော့  ဆက်ကစားမယ် လို့ ပြောထားတယ်။
တစ်ပတ်မှာ တစ်ခါ အေရိုးဗစ်နဲ့ ဘောင်စင် အကဆက်တက်လိုက်အုန်းမယ် ဘော်ဘော်တို့ ရေ.......

Labels:
မျှဝေခံစားမှု,
အိစံ
Tuesday, July 13, 2010
နီနီပြာပြာအသင်းသားတတွေ
ဟဲဟဲ..ခေါင်းစဉ်ကြည့်ပြီးသဘောပေါက်လောက်ပါရဲ့နော်...
ဒီဝေါဟာရလေးက လသာညကစထွင်လိုက်လို့..အမှတ်တရအနေနဲ့
အပျော်ရေးလိုက်တာပါ။ ဘယ်သူ့ဘယ်သူမှ..သာစေနာစေမရည်ရွယ်သလို...
သဘောထားမတိုက်ဆိုင်ခဲ့ရင်...ခွေးလွှတ်ကြပါဗျိုးးးးးးးးးးးး)
လူရယ်လို့ဖြစ်လာရင်..တယောက်တည်းနေလို့မရတာ..ဓမ္မတာတဲ့..
အဲ..တယောက်တည်းမနေချင်လို့...ကိုယ်သန်ရာသန်ရာ..ရွေးချယ်ကြတော့..
တချို့က..နှစ်ယောက်တည်းနေချင်တယ်...မောင်ရယ်မယ်ရယ်ပေါ့နော်...
တချို့ကတော့...ဟင့်အင်း..တစိမ်းဆို..အစိမ်းရောင်သစ်ပင်တောင်မလိုလားဘူး..
မိဘမောင်နှမတတွေကြားမှာပဲ..သိုင်းသိုင်းဝိုင်းဝိုင်းနေချင်တယ်....
အတ္တကြီးတယ်ဆိုချင်ဆို........သတ္တိနည်းတယ်ဆိုချင်ဆိုပေါ့နော်.....
တချို့ကျတော့လည်း..ဘာအနှောင်အဖွဲ့မှမလိုချင်တဲ့..တကယ့်ကိုဘဝကို..
တယောက်တည်းရင်ဆိုင်ချင်တဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်။
အကြမ်းဖျင်းတော့..အပိုင်း၂ ပိုင်းပေါ့နော်...
အဲ..လသာညရဲ့ဝေါဟာရလေးအရ....အပြာသင်းနဲ့အနီသင်းပေါ့နော်.....
ကဲ..ဘယ်အသင်းရွေးမလဲ..ရွေးဖြစ်မလဲ..ဆိုတာတော့...တဦးတယောက်ချင်းစီရဲ့..ခံယူချက်..
ကိုယ်ရှင်သန်ရာပတ်ဝန်းကျင်..စတာတွေပေါ်မူတည်နိုင်တယ်လို့..ထင်တာပဲပေါ့နော်....။
ကိုင်း..ကြာသလားလို့...ကျမရဲ့ရွေးချယ်မှုလေး..........................................
တွေးတတ်စအရွယ်ကတည်းက...အဖေနဲ့အမေဟာ..ကျမရဲ့တားကတ်ပေါ့နော်....
ကလေးတွေးပေါ့နော်...ဥပမာ....နေ့တဒူဝသေးသေးမွှားမွှားလေးကစလို့......
ဘာလို့အဖေက..မနက်စောစောထမင်းထမချက်တာလဲ...
ဘာလို့အဖေက..ကိုယ့်အဝတ်ကိုယ်မလျှော်တာလဲ....
ဘာလို့အဖေက..ကိုယ့်ပန်းကန်ကိုယ်မဆေးတာလဲ.....
ဘာလို့အဖေက..ထမင်းပွဲ၊ရေနွေးပွဲရှေ့ရောက်ဖြစ်စေတာလဲ.....
ဘာလို့လဲ..ဘာလို့လဲ..ပေါ့နော်..
မေကောဖေကော..နှစ်ယောက်လုံး..ကိုယ့်ဝင်ငွေနဲ့ကိုယ်ရုန်းကန်နေရတာချင်း
အတူတူ...ဘာလို့အိမ်မှုကိစ္စတွေကအမေ့ပေါ်ချည်းဖြစ်နေတာလဲပေါ့နော်....
ငါသာဆို..ဟင့်အင်း..သွားစမ်းဘာာာာာာာာာာာာာာ.................
နောက်ပြီး..အိမ်နီးနားချင်းတွေက..ကျမရဲ့..တားကတ်တွေဖြစ်လာပြန်တာပေါ့နော်.....
ဥပမာ..အိမ်ရှေ့အိမ်က..လင်မယား..ယောကျာင်္းကညနေတိုင်းမူးပြီးပြဿနာရှာတယ်...
အမြဲတမ်းဆူဆူဆဲဆဲ..အဲဒါကိုမြင်တော့..ကိုယ့်အဖေကိုတောင်ဦးချရမလို..
ထားပါ...အဓိကက..ကာယကံရှင်သူတို့တွေ..ဘာလို့ပေါင်းနေတာလဲပေါ့နော်...
ငါသာဆို...ဟင့်အင်း..သွားစမ်းဘာာာာာာာာာာာာာာာ.......
နောက်တစုံတွဲ..သူတို့ကတော့..မူးဆူနေတာမဟုတ်ဘူးပေါ့နော်......
ဥပမာ..နှစ်ယောက်စလုံးအလုပ်ကပြန်လာတာချင်းအတူတူ..ယောကျာင်္းက..
မိန်းမခပ်တဲ့ရေကို..အိမ်မှာချိုးတယ်...ပင်ပန်းတာချင်းအတူတူ..မိန်းမခင်မျာ..
ချောင်းရေသွားခပ်ပေးရသေး..မိန်းမကကိုအချစ်လွန်တာလားမသိ...
နောက်ပြီး..ယောကျာင်္းးလုပ်သူကမြာကလည်းပွေချင်သေး..မိန်းမလိုက်ချောင်းလို့
မိရင်..သူကပဲ..ပြဿနာပြန်ရှာချင်သေး....တခါတခါအခတ်မသင့်လို့...
အိမ်ပေါ်ကဆင်းသွားရရင်......ကိုယ်က..ဘေးကနော်ပျော်လို့
(စိတ်ထဲမှာ)..လိုက်မခေါ်နဲ့..အနေတာကြီးပေါ့နော်......
အင်း..နောက်တနေ့ကျ...တွေ့ရတာက..သူတို့စုံတွဲ....
ဟင်း..ငါသာဆို...သွားစမ်းဘာာာာာာာာာာာာာ.........
တွေ့ရပါတယ်..အပြန်အလှန်ချစ်ခင်ပြီး..အလိုက်တသိရှိကြတဲ့စုံတွေ...
ဥပမာ..အဖွားဆို..အဘိုးကဘယ်တော့မှ..သူ့အဝတ်ပေးမလျှော်ဘူးတဲ့...
ည..အိမ်ပြန်နောက်ကျရင်လဲ..သူ့ဘာသာထမင်းဟင်းခူးခပ်စားတာတဲ့....
နောက်တစုံတွဲကဆို..အရာရာ..အမျိုးသမီးသဘောမို့..ကိုယ်တို့တွေက
မှီ့သဘော..မှီ့သဘော..ဆိုပြီးတောင်ချစ်စနိုးစကြတာပေါ့နော်....
ဟော..ဒီရောက်တော့..မြင်မြင်သမျှစုံတွဲတွေ..အပြန်အလှန်ချစ်နေလိုက်
ကြတာ.မြင်ရတာ...တကယ်စိတ်ချမ်းသာတယ်...အားတော့သိပ်မကျမိတာ
က..ဒါတွေကိုအတည်ယူလို့မှမရတာ..း)
ကျမဆိုလိုချင်တာက..အိမ်ထောင်တခုမှာ..ဘယ်သူကနိုင်မှလို့မဟုတ်ပါဘူး..
တန်းတူလုပ်ကိုင်စားသောက်နေရတဲ့ခေတ်ကြီးမှာ......အပြန်အလှန်......
စာနာစိတ်ကလေးထားရှိစေချင်တာပေါ့နော်.....အိမ်မှုကိစ္စတွေမှာလည်း
ဖေးဖေးမမတိုင်တိုင်ပင်ပင်။လက်တွေ့မှာတော့..အမျိုးသမီးအများစုက..
သူတို့ဘယ်လောက်ပင်ပန်းပန်း...ကိုယ့်အမျိုးသား..အရက်မသောက်..
မိန်းမမပွေ..မနိပ်စက်ရင်ကိုပဲ.တော်ပြီ။
ကျမအမြင်ပေါ့နော်...သိပ်ပြီးထူးထူးထွေထွေမဟုတ်ပဲနဲ့..အခြောက်တိုက်..
အခွင့်ထူးခံဖြစ်နေတာတွေကို..မကြိုက်ဘူး။..ယုတ်စွအဆုံး..အများအမြင်..
ကံကောင်းတယ်လို့ပြောစမှတ်ပြုတဲ့..အဖေနဲ့အမေကိုကြည့်ပြီးတော့ကို......
အင်း..ငါသာဆို..ငါသာဆို..နဲ့..လသာညပြောတဲ့..အနီသင်းသားဖြစ်လာ
လိုက်တာပေါ့နော်......။
နောက်တချက်လည်းရှိသေး....ဘာတဲ့..သီးချိန်တန်သီးဆိုလား....
ဟုတ်ကဲ့..ကျမကစောစောကအယူအဆတွေနဲ့တိတ်တခိုးရင်ထဲမှာကိန်းအောင်းလာ
ခဲ့သူလေ...စမယ်မကြံနဲ့..ဟင်း..နဂါးမျက်စောင်းတွေ့မနော်နဲ့..ပြီးတော့..
လူကရွတ်တော့ငါဟာ..နင်တို့အကြည့်ခံရအောင်..လူဖြစ်လာတာ..ဟုတ်ဖူးနော်နဲ့....။
ကာလသမီးကြီးတွေကပြောတယ်..ငရုတ်သီးဆိုစပ်မှ...အပျိုဆိုရှပ်မှတဲ့....
နောက်လူပျိုကြီးတယောက်ကပြောတယ်..ကျုပ်တို့က..ဘဝသမားတွေတဲ့...
နောက်ဆရာတယောက်ကပြောတယ်..တဦးတည်းနေချင်းဖြင့်..
ပေါ်ပြူလေးရှင်းရိတ်ကို...ထိန်းထားခြင်းတဲ့.....
နောက်စာရေးဆရာတယောက်(ဘယ်သူလဲမသိ)ကရေးသတဲ့..
အိမ်ထောင်ပြုခြင်းဟာ....တခြမ်းပဲ့ချင်းထပ်ကြတာတဲ့.....
နောက်ဆိုရှိးတခု..ကြက်မ...တွန်လို့မိုးမလင်းတဲ့..း)
အထက်အကြောင်းအချက်တွေထဲကညှိမညှိမသိပေမယ့်...သေချာတာကတော့
ကျမက..သူ့အချိန်သူ့အခါမှာ..အံဝင်ခွင်ကျမဖြစ်ခဲ့တဲ့..လူ့ခွစာတယောက်ဆိုတာပေါ့နော်.....
ပြီးတော့...ရှိပြီးသားသံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ပဲ...နောက်ထပ်..ဘာမှမလိုချင်
တော့လောက်အောင်..ကြောက်သွားတာလည်းဖြစ်နိုင်တာပေါ့နော်..(အတ္တကြီးခြင်း)
ပြီးတော့...ကျမရဲ့xxxxဆိုပြီး...ဘာမှမပိုင်ဆိုင်ချင်တော့ဘူး....တာဝန်မခံချင်တော့ဘူး
ပေါ့နော်...(သတ္တိနည်းခြင်း)
ပြီးတော့...ကျမရွှေးချယ်တဲ့လမ်း..အခုချိန်ထိ..ကျမကြိုက်တယ်လေ...(အဓိကအချက်)
ဘယ်လမ်းလိုက်လိုက်...အားနည်းချက်၊အားသာချက်၊အကောင်းအဆိုးဒွန်တွဲနေတဲ့..
လောကကြီးမှာ..အဓိကကတော့..ကိုယ်ကျင်လည်ရာပျော်မွေ့နေဖို့ပဲပေါ့နော်။
အဲ...ရှိသေးတယ်..စကားကုန်အောင်မပြောနဲ့တဲ့...ဟုတ်ကဲ့..ချန်ထားပါသေးတယ်
ချွင်းချက်အနေနဲ့...အဲဒီလိုကျမကိုမှ...တာဝန်ယူချင်လှချည်ရဲ့ဆိုရင်တော့..ရာသက်ပန်
အနီသင်းကနေ..ထွက်ကောင်းထွက်ရမှာပေါ့နော်....း)
နောက်ပြီးဘောလုံးပွဲကစားသလို..ဦးတည်ရာပန်းတိုင်ကမတူတဲ့အတွက်....ဒီနှစ်သင်း
ဟာ..ဘယ်တော့မှအနှိင်အရှုံးရှိမနေပါဘူးပေါ့နော်....ကိုယ့်အသင်းနဲ့ကိုယ်..ကိုယ့်အတွေးနဲ့ကိုယ်
ဟိုသီချင်းထဲကလို..ယုံကြည်ရာ...အိပ်မက်လမ်း..ရှေ့ဆက်သွားမယ်...မနားတမ်းပဲ။
....................................................xxxxxxx.......................................................
မှတ်ချက်။ ။ကျမတဦးတယောက်တည်းရဲ့အမြင်ပါ။ အနီသင်းကိုကိုယ်စားမပြုသလို...
ဒီအမြင်တွေရဲ့ဆန့်ကျင်ဘက်ဟာအပြာသင်းလို့..လုံးဝမဆိုလိုပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်
ကိုယ်မလျှောက်ရဲတဲ့လမ်း..ရွှေးခဲ့သူတွေကို..လူသားတာဝန်အပြည့်အဝထမ်းဆောင်နေသူတွေ
အဖြစ်...ဆလံသလျှက်ပါ။
ပုံ
အနီသင်းဝင်တဦး)))))))
Labels:
ပီပီအက်စ်,
မျှဝေခံစားမှု
Monday, July 12, 2010
Saturday, July 10, 2010
သူငယ်ချင်းတို့ ခိုခို့ ယို
လူတစ်ယောက်ရဲ့ ခို ခို့ ယို ဟာ အမြဲတမ်းပြောင်းလဲနေတယ်လို့ ကျွန်မ ယူဆတယ်။ လွမ်းတာရှိသလို ပျော်တာလည်းရှိတာပေါ့ ။ ခိုခို့ ယိုက ဒိုးခိဒိုးခိ လည်းဖြစ်သေးတယ်တဲ့ ရှင်။ ခိုခို့ ယို ကို တစ်ချို့ က သူငယ်ချင်းအချင်းချင်းရင်ဖွင့် ရင်းနဲ့  နှစ်သိမ့် တယ်။ IT ခေတ်ဆို
တော့ လည်း သူငယ်ချင်းတွေရဲ့ စိတ်ခံစားမှုကို G-talk message တို့ Face Book တို့ ကနေ တစ်စွန်းတစ်စ လှမ်းမြင်လို့ ရ ပြီ။ စာကြည့်လို့  မရအောင် လွမ်းနေတာလား ? လွမ်းတာက အိမ်ရှင်ကိုလား အမေကိုလား ? Very Very busy? Research လုပ်နေတာကောဘယ်လိုအခြေအနေရှိနေ
လဲ? လောလောဆယ် သူငယ်ချင်းဟာပျင်းနေတာလား ဘောလုံးပွဲ အာရုံစိုက်နေကြတာလား? ကော်ဖီသောက်နေတာလား?
ကဲ လာပြီ.....
သူငယ်ချင်းနံပါတ် (၁)
သူငယ်ချင်းရဲ့ အိမ်ရှင် ကသဘောင်္သားလေ အိမ်ရှင်ကို လွမ်းတဲ့ အခါတင်လေ့ ရှိတဲ့ message တွေက

I miss you (ပင်လယ်ကိုမျက်နှာမူပြီးရပ်နေတဲ့ ပုံလေးနဲ့ တွဲတင်တယ်) ။

(Marine Bunker Fuel), Singapore (ဒါကတော့ သဘောင်္တွေကို ရေနံလိုက်ဖြည့် ပေးရတဲ့ ရေနံတင်သဘောင်္တဲ့  အိမ်ရှင်ရှိနေတယ် ) ကြည့် ရတာ အစစအရာရာအဆင်ပြေပါစေ
လို့ မှန်းဆပြီး ဆုတောင်းနေတာထင်တယ်။အိမ်ရှင်ရေကံကောင်းလိုက်တာ။ ကိုသိန်းတန်ကိုသိန်းတန်စိုးသဘောင်္ပေါ်တက်ခဲ့ မယ်လို့ တော့ မယောင်လောက်ဘူးလို့ ထင်ရတာပဲ။
When you missing me, please thinking our past, enjoy your present time and try the best our future

(ကောင်လေးနဲ့ ကောင်မလေးငယ်ငယ်တုန်းကစက်ဘီးစီးတဲ့ ပုံလေးနဲ့  သူတို့ ၂ယောက်က ငယ်သူငယ်ချင်းတွေ)
၅၂၈နဲ့ ၁၅၀၀ကွာတော့ ဖုန်းဆက်တဲ့ုကာချိန်တာကွာတာပါတဲ့  အမေကိုလည်းလွမ်းတတ်တော့ messageလေးတွေတင်တယ်

အမေ... ဒီနေ့  သမီး အခန်းလေးကို မြန်မာပြည် သမီးအခန်းလေးနဲ့  အတတ်နိုင်ဆုံးတူအောင် ဖန်တီးထားတယ်။ သမီးချစ်တဲ့ သစ်ပင်လေးတွေရယ်၊ သမီးကြိုက်တဲ့ မြန်မာသီချင်းတွေရယ်၊ သမီးကြိုက်တဲ့ မြန်မာသနပ်ခါးလေးလိမ်းလို့ ၊သမီးကြိုက်လို့ ဆိုပြီး အမေ အမြဲတမ်း ချက်ကျွေးတတ်တဲ့ ဟင်းလေးတွေရယ်..။ အမေရယ် သမီး အမေ့အိမ်ကို ပိုလွမ်းလာတယ်။
ဒီနေ့ သမီးအရမ်းကျေနပ်တယ် အမေ။ သမီးတို့ မြန်မာလူမျိုးတွေလဲ နည်းပညာမစုံလင်ပေမယ့် တတ်နိုင်တဲ့အားအင်လေးနဲ့ သူတို့ နည်းတူ လုပ်နို်င်တယ်ဆိုတာ
ဒီနေ့ စာတမ်းဖတ်ပွဲမှာပြနိုငခဲ့တယ်။ (New species ရှာဖွေတွေ့ ရှိခဲ့သော မြန်မာနိုင်ငံမှ supervisor နှင့် သူငယ်ချင်းများကိုလဲ ကျေးဇူးတင် ဂုဏ်ပြုပါတယ်)
သူငယ်ချင်းနံပါတ် (၂)
အကောင်းကြိုက်လျှင်သူများထက်အပင်ပန်းခံရမည်ကိုမကြောက်ပါနှင့်။ ဘုရားဝတ်တက်လိုစိတ်မရှိလျှင် ပေ၍ ၀တ်တက်ဝတ်ကပ်ပြုပါ။ တံမြက်စည်းလှည်းခြင်း စသောသေနာသန၀တ်များကို ပြုလုပ်လိုစိတ်မရှိလျှင် ပေ၍ အဆိုပါ ၀တ်များကိုပြုပါ။ စာအံစာကျက် စာကြည့်လိုစိတ်မရှိလျှင် ပေ၍ စာအံ၊စာကျက် စာကြည့်ကျင့်ကိုကျင့်ပါ။ အချုပ်အားဖြင့် ကုသိုလ်ရေးရာ အလုပ်ဟူသမျှ...ကို လုပ်လိုစိတ်မရှိသော်လည်း ပေ၍လုပ်ပါလေ။
(ကျေးဇူးရှင် ပထမ မစိုးရိမ်ဆရာတော်ကြီး)
Home sweet Home! Coffee time!ဒီသူငယ်ချင်းကတော့  တခါတလေ
စာကြည့် ရတာပျင်းမဲ့ ပုံပဲ .....၊။ ဒါပေမဲ့ အချိန်ကိုတော့ စနစ်တကျသုံးချင်တဲ့ 
အကျင့် ရှိပုံရတယ်။ကိုယ့် ကိုယ်ကိုလည်း အားပေးတတ်တယ်လို့ ထင်တယ်။ သေချာတာတော့  အုန်းနို့ ခေါက်ဆွဲချက်ကောင်းတယ်.......
သူငယ်ချင်းနံပါတ် (၃)
တရွေ့ တရွေ့ နဲ့ ပေါ့ တချိန်ကြတော့ လေ ကာရန်တွေညှိ ညီစေမယ် ကြိုးပမ်းခဲ့ သမျှ အော်အဆုံးတော့ လေ နွမ်းခဲ့ သမျှ ငြိမ်းစေမယ်
ဖူဂျီလေးဆင့် မှာဖရဲသီးစားရင် ဖယောင်းလိုချောသတဲ့  (အိစံသိတာတော့  ဖူဂျီကို တစ်ခေါက်မှ မရောက်ဖူးရင် ဗကာတဲ့  ...၂ခေါက်ထပ်သွားရင်လည်း ဗကာတဲ့ ။ ၁ခေါက်တည်း
သွားတဲ့ သူသာလျှင် အမှန်ဆုံးတဲ့  အသိဂျပန်တစ်ယောက်ပြောပြတဲ့ ဟာသလေးပါ)
(ဖူဂျီ၅ဆင့် )
သူလည်းဝမ်းသာ၊ငါလည်းရွှင်ပြုံး၊ နှလုံးစိတ်ဝမ်း၊လန်းလာယခု၊ ချမ်းသာကိုပြုလျက်၊ရန်လည်းကင်းဝေး၊ ဘေးလည်းမခ၊အအေးရဖို့၊ ရွှန်းမြအသရေ၊ထွန်းပပါစေ......
ဘောလုံးပွဲလောင်းကြအုန်းမလား...မြန်မာမလေးပါတယ်..ကျွန်မတို့ ကအာဖရိကကပါတဲ့ ။
I am busy with sleeping!
အင်းးးး ဒီသူငယ်ချင်းကတော့ အခါအားလျော်စွာ gtalk message ကိုပြောင်းလေ့ ရှိတယ်။ ဟာသဥာဏ်တော့ ရှိပုံရတယ် Research အခြေအနေကောင်းသလား မကောင်းဘူးလားကို ခန့် မှန်းကြည့်  လို့ ရတယ်။ စာလုပ်နေရတာကို ဘုရားတရားနဲ့  ထိန်းရင်းနဲ့  အားပေးနေတယ်ထင်တယ်......
သူငယ်ချင်းနံပါတ် (၄)
ရူပါမလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း Qတာမစွမ်းပေမဲ့ မင်းအတွက်ဆိုSuperman လေးလို စွမ်းဆောင်ပေးမှာပါ..........။
သူငယ်ချင်းနံပါတ် (၅) နဲ့ အခြားဘော်ဘော်များ
လာပါအချစ်ရယ်.. ဆိုက်ကားနင်းမယ်.. ကူလီထမ်းမယ်.. ဘိန်းမုန့်ရောင်းမယ် ကြည်နူးဖွယ်.. ပန်းတောင်းကိုရွက်ကာ ဘုရားပေါ်တက်.. ကန်ဘောင်မှာ အတူတူထိုင်မယ်လာ ဆိုက်ကားပေါ်တက်...
Enthusiasm starts the wheels of the imagination to turning.
ဲJust only one step can reach the goalဒီသူငယ်ချင်း ၂ step လောက်လှမ်းလိုက်ရင် ဘာဖြစ်မလဲ မသိဘူး။
သြော်လူ့ ပြည်လောက လူ့ လောကကားအိုရနာရသေရဦးမည်တကား။
Learn something new daily, to stop learning is to die!
Have a nice day! အမုန်းမရှိတဲ့ ကမ္ဘာကဘော်ဘော်တစ်ယောက်ပါ)
စပိန် မှ စပိန်နော် တစ်ပိန်ပဲရှိတယ် နှစ်ပိန်ရှိရင် ၀အောင်လုပ်ပစ်လိုက်မယ်ကွ
အိစံ (တချို့ မှတ်ထားတွေက ပျောက်ကုန်လို့  ခေါင်းစဉ်ကလည်းဘာပေးရမှန်းမသိလို့  ဟဲဟဲ)

ရူပါမလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း Qတာမစွမ်းပေမဲ့ မင်းအတွက်ဆို
သူငယ်ချင်းနံပါတ် (၅) နဲ့ အခြားဘော်ဘော်များ
လာပါအချစ်ရယ်.. ဆိုက်ကားနင်းမယ်.. ကူလီထမ်းမယ်.. ဘိန်းမုန့်ရောင်းမယ် ကြည်နူးဖွယ်.. ပန်းတောင်းကိုရွက်ကာ ဘုရားပေါ်တက်.. ကန်ဘောင်မှာ အတူတူထိုင်မယ်လာ ဆိုက်ကားပေါ်တက်...
Enthusiasm starts the wheels of the imagination to turning.
ဲJust only one step can reach the goalဒီသူငယ်ချင်း ၂ step လောက်လှမ်းလိုက်ရင် ဘာဖြစ်မလဲ မသိဘူး။
သြော်လူ့ ပြည်လောက လူ့ လောကကားအိုရနာရသေရဦးမည်တကား။
Learn something new daily, to stop learning is to die!
Have a nice day! အမုန်းမရှိတဲ့ ကမ္ဘာကဘော်ဘော်တစ်ယောက်ပါ)
စပိန် မှ စပိန်နော် တစ်ပိန်ပဲရှိတယ် နှစ်ပိန်ရှိရင် ၀အောင်လုပ်ပစ်လိုက်မယ်ကွ
အိစံ (တချို့ မှတ်ထားတွေက ပျောက်ကုန်လို့  ခေါင်းစဉ်ကလည်းဘာပေးရမှန်းမသိလို့  ဟဲဟဲ)
Labels:
မျှဝေခံစားမှု,
အိစံ
Subscribe to:
Posts (Atom)