ကြီးနိုင်ငယ်ညှင်းကိုမကြိုက်....
ဘက်လိုက်တယ်ထင်ရင်..အားနည်းသူကိုဖေးကူ....
ထစ်ကနဲဆို..ဘက်မမေးနဲ့...နဂါးဇာတိပြခဲ့လေတတ်တာ...
ဒီကောင်မလေးပေါ့... လူလားမြောက်လာသည့်တိုင်
ဟန်ဆောင်အသိုင်းအ၀ိုင်းကိုမုန်း....
လောကဝတ်ဆိုတာ..နားမလည်...
ဒါတွေတတ်မှအရာဝင်မယ်ဆို..တော်ပါကွယ်..လို့ကျူးရင့်ခဲ့လေတတ်တာ...
အဲဒီကောင်မလေးပေါ့....အခုတော့..အခုတော့...အသွင်တွေပြောင်း...
နဂါးမလေးလိုလဲ.. အမောက်မထောင်သာ..ရေမြွေအသွင်ပြောင်း အဆင်ပြေလား...အင်း....နေကောင်းလား..အင်း...ပျော်လား...အင်း
တအင်း..အင်းနဲ့...ဟန်ဆောင်မှုမှာ..ပျော်ဝင်..
ရေလိုက်ငါးလိုက်...အလိုက်အထိုက်...။
အဲဒီကောင်မလေးပေါ့...ဒီဇင်ဘာညရဲ့ဟောဒီနေ့လေးတနေ့မှာ
ဟန်ဆောင်မျက်နှာဖုံးကို..အသာချွတ်ပြီး..
ဆန္ဒလေးတခု...ဖွင့်ဟခွင့်ရခဲ့ရင်
ဟောဒီလို..ကျူးရစ်လိုက်ချင်သတဲ့...
....................................................
ခုနှစ်သက္ကရာဇ်တွေက..လူတယောက်ကိုပြောင်းလဲစေခဲ့လေရင်ဖြင့်..
ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး...နာရီလက်တန်ပြောင်းပြန်ရစ်..
ဟိုးးးး...သုံးဆယ်ကျော်ကာလလေးပြန်ရောက်စေချင်လိုက်တာ....
ရုပ်ပုံ..ဂူဂဲ
5 comments:
あれ?
ဒီကောင်မလေးက တုံးဆယ်တောင် ကျော်တွားပီရား. နှစ်ဆယ်ကျော်လေးထင်နေတား))))
とても感動(かんどう)したPostですよ。ありがとう。
ဟုတ်ပါဘူးကွယ်။ နေချင်သလို နေလို့ရပါတယ်။
ဘယ်အရာနဲ့မှ ကိုယ့်ကိုယ်ကိုယ် ဘောင်မခတ်သင့်ပါဘူး။
ကိုယ်ကတော့ ပြန်ကို မငယ်ချင်တော့ဘူး။ ပင်ပန်းလွန်းလို့။
နောက်ပြန်မသွားချင်ပါနဲ့ ပီပီရယ်..။
လူ့ ဘဝဆိုတာ ဒီလိုပါပဲ..။
အဲဒီလိုတွေ ရေလိုက် ငါးလိုက်နေတတ်သွားတာဟာလဲ
ဘဝက သင်ပေးသွားတာပါ။
လူပီသတဲ့ သူတစ်ယောက်အဖြစ် မင်းရပ်တည်နိုင်လာတာ။
အများနဲ့  အတူ ကြီးပြင်းကြတဲ့အခါ
ကိုယ် ရဲ့  အတ္တတစ်ခုထဲ မဟုတ်ဘဲ
တစ်ခြားသူတစ်ယောက်အတွက်ထည့်စဉ်းစားပေးတတ်တဲ့သူတစ်ယောက်အတွက်
တစ်ခါတစ်ရံ နာကျင်တာတွေ စိတ်ရှုပ်တာတွေ
ရှိကောင်းရှိခဲ့ပါလိမ့်မယ်။
အဲဒါတွေက တစ်ဖက်လူအတွက်
ကောင်းကျိုးဖြစ်စေခဲ့ရင် ကိုယ့်အတွက်လဲ ကောင်းကျိုးပြန်ခံစားရမှာပါ..။
ကိုယ့်အတွက်လဲ ကိုယ်မသိလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် နာကျင်မှုတွေရင်းပြီး ခံစားပေးတတ်ခဲ့တဲ့
မိဘ မောင်နှမတွေလဲ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။
အဲဒါတွေကို လူ လို့ ခေါ်တယ်။
လောကမှာ
လူ့  လူ လူး ဆိုပြီးရှိသတဲ့။
ငါတော့ ဘယ်ထဲပါလဲ မသိဘူး။ :D
ပျော်ရွှင်ချမ်းမြေ့ပါစေ။
မိဆိုးလေး
လသာညကမေးတယ်..
အလိုက်အထိုက်ဖြစ်ပြီဆိုတဲ့..အင်း..ထင်တာပဲဆိုတော့..ဒါဆိုcommentလာပေးတဲ့..ဘုရား..ဘုရား..ကိုယိ့ရှူးကိုယ်ပတ်ဆိုတာဒါလား..ဟင်..ဟင့်(အမရေ..ရင်းနှီးတဲ့သူတွေအပေါ်တော့ပီပီရဲ့True IDလေးပြခွင့်ပြုပါ..း))))
အမလတ်ကပြောတယ်..
နေချင်သလိုတာနေပါကွယ်တဲ့
ဒါဆိုနေပြီနော်..နောက်မှ..မိဆိုးကြီးကို..ရွာပြင်ဆွဲမထုတ်နဲ့..ဒါဗြဲ...း)))))
မိဆိုးလေးကတားတယ်..
နောက်မပြန်ချင်ပါနဲ့တဲ့..
ဟင့်အင်း..ဆိုးကြီးကိုမီတားနဲ့..မီတားနဲ့..
ရပ်လို့ရတော့ဘူးးးးးးးးးးးးးးး))))
ကျေးဇူးအထူးပါ...လာပြီး..အမြင်လေးတွေမျှဝေ
သွားကြတဲ့အတွက်..။
ွှThanks you so much (Ei and Htar)for Birthday Wishes to me...;)))
ဟွင်း!!
ပြောမှပဲ ရတော့လည်း ပြောရတာပေါ့လို့း)))
လသာည
Post a Comment