Thursday, August 12, 2010

My summer vacation




အားလုံးပဲ ပျော်ရွှင်ဖွယ်နွေရက်များ ဖြစ်ကြပါစ။
ဒီတစ်ခေါက်တော့ တို့ရဲ့ ပျော်ရွှင်ဖွယ် နွေကျောင်းပိတ်ရက်လေးတစ်ရက် အကြောင်း တယ်ရင်းတို့နဲ့ မျှဝေပါရစေနော်။
တို့ရဲ့ Campus ကတောင်ပေါ်မှာ ဖြစ်တဲ့အပြင် Lab ကလဲ ၁၀ထပ်မြောက် မှာရှိတာမို့ Lab ကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုမြင်နေရတယ်။ တစ်ခါတစ်လေ ရာသီဥတုသာယာရင် သဘောင်္လေးတွေကိုတောင် မြင်ရတယ်။ ဆင်ဒိုင်းရောက်တာ၅နှစ်မြောက်ရှိပြီ။
ဒါပေမဲ့ အဲဒီလောက်နီးနေတဲ့ ပင်လယ်ကမ်းခြေဆီကို သွားဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ဒီတစ်နှစ်တော့ မိဆိုးလေးလဲ ရောက်တုန်း၊ ဒီက ညီမလေးတွေ လဲစုံတုန်း၊ ကြိုတင်မစီစဉ်ထားပဲ ယူရိအာဂဲမြို့ဆိုတဲ့ နေရာက ကပင်လယ်ကမ်းခြေလေး တစ်ခုဆီကို သွားဖြစ်ကြတယ်။ ဆင်ဒိုင်းကနေ ဘစ်နဲ့ မိနစ်၄၀လောက်ပဲ သွားရတာ။ အဲဒီကမ်းခြေလေးကလဲ နွေရာသီ အချိန်ပဲ ဖွင့်တဲ့ ယာယီကမ်းခြေလေးပဲဖြစ်တယ်။
အဲဒီနေ့က နေအလွန်ပူပေမဲ့ ပင်လယ်ရေနဲ့ ထိတွေ့ရတာ လူရောစိတ်ရော လန်းဆန်းအေးမြသွားတယ်။

မကြားရတာကြာပီဖြစ်တဲ့ လှိုင်းသံလေးတွေ ကိုနားဆင်ရင်း၊ မမြင်ရတာကြာပီဖြစ်တဲ့ ပင်လယ်လှိုင်းလုံးလေးတွေ၊လေဆိပ်နဲ့ နီးလို့ ပင်လယ်ပေါ်ကဖြတ်ဖြတ်သွားတဲ့ လေယဉ်ပျံတွေ ငေးကြည့်ရင်းနဲ့ပေါ့။ ပင်လယ်ရေက တို့ဆီက ကမ်းခြေတွေကလို သိပ်မသန့်ရှင်းဘူး။ ပုဇွန်အသေးလေးတွေပါ ပါလာပြီး အသားယားလို့ ကြာကြာရေထဲ မဆင်းနိုင်ဘူး။ ထီလေးတစ်ချောင်းနဲ့ ဖြာလေးတစ်ချပ်ငှားပြီး ထိုင်ကြည့်နေရတယ်။
ညီမလေးတွေကတော့ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက်ကြပြီး ရေထဲကကို မတက်တော့ဘူး။

ပင်လယ်ထဲမှာ ရေဆင်းဆော့တဲ့သူတွေကို စောင့်ကြည့်တဲ့ မျှော်စင်ရှိတယ်။ ဘောလုံးလေးတွေနဲ့ တားထားတဲ့ နေရာကို ကျော်ပြီးသွားရင် မိုက်ခွက်ကြီးနဲ့ လှမ်းအော်ပြီး သတိပေးတယ်။


ဒါက ရေချိုးခန်းလေးတွေပါ။ တစ်ယောက်တစ်ရာတဲ့။

အ၀တ်လဲတဲ့ အခန်းလေးတွေပေါ့။
ယာယီဆိုင်ခန်းလေးတွေပါ။
သဲသောင်ပြင်ကြီကတော့ ပူလိုက်တာ ခြစ်ခြစ်တောက်ပဲ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ထိတွေ့လိုက်ရတဲ့ တို့တွေအားလုံး ပူတာကိုမေ့ပြီး အလွန်ကို ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီနောက် နေ့လည်စာစားပြီး တော့ နေ့လည်(၁)နာရီခွဲလောက်ပဲ ရှိသေးတာ ၊ ညနေပိုင်း ဟနဘိပွဲတော် ကိုစောင့်ကြည့်ဖို့ အတွက်ဘယ်နေရမှာ နားရပါ့။ နေကလဲပူပါ့။ ကံကောင်းထောက်မစွာနဲ့ ကားဂိတ်နားက ကလေးကစားကွင်းထဲက သစ်ပင်ရိပ်မှာ နေရာရကြတယ်။ မိဆိုလေးကတော့ တားမရပဲ၊ ကိစ္စရှိတာနဲ့ တစ်ယောက်ထဲ ပြန်သွားလေရဲ့။ ညနေ၃ နာရီခွဲလောက် မိုးအုံ့သွားတာနဲ့ ပွဲတော်ဘက်ကို ထွက်လာကြတယ်။ သူများတွေက ဟနဘိကြည့်ဖို့ အခင်းတွေခင်းပြီး နေရာ ကြိုတင်ဦးထားကြတဲ့ နေရာရောက်လာတယ်။

ပွဲဈေးတန်းဘက်လျှောက်။ အလကားကျွေးနေတဲ့ ငါးခေါင်းကင်ဝင်စား။ အကြီးကြီးပဲ :P


မုန့်ဝယ်စားလိုက်၊ ရေ၀ယ်သောက်လိုက်နဲ့ စောင့်ရတာပင်ပန်းလှပြီ။ နေလဲဝင်တော့မယ်။
ကမ်းမှာ ဆိုက်ထားတဲ့ သဘောင်္တွေထွက်သွားလို့ တို့တွေထိုင်နေတဲ့ ရှေ့ကမြင်ကွင်းရှင်းသွားတယ်။

မီးပုံးလေးတွေမျှောနေပြီ။ ဒါပီးရင်တော့ ဟနဘိ ကြည့်ရတော့မှာပါ။ စောင့်ရတာလဲ ညောင်းလှပါပီ။

ဟနဘိက ည ၈ နာရီမှ စပါတယ်။
ရေထဲကနေထွက်လာသလိုမျိုးမြင်ရတာပါ။ မိုးပေါ်ကဟနဘိပဲကြည့်ဖူးသေးတော့ ဒါမျိုး
ကြည့်ရတာ စောင့်ရကျိုးနပ်သွားတယ်လို့ပဲ ဆိုရမှာပေါ့။

ကဲ ဒီလိုနဲ့ အိမ်ကို ည၁၁နာရီခွဲမှ ပြန်ရောက်ပါကြောင်း။ :D:P

မီးငယ်လေးမှတ်တမ်းပြုသည်။

5 comments:

Anonymous said...

ဓါတ်ပုံတွေ တော်တော်လှတယ်..။ ဓါတ်ပုံဆရာ ဘယ်သူလဲကွး))

ငါတော့ ဒီက အိုခရာမ မီးပန်းပွဲတုန်းက ရိုက်တာ အလင်းကို မလိုက်နိုင်ပဲ ပုံတွေအားလုံး အဖြူတွေ ချည်းပဲ ဟဟား

ဟို ဦးထုတ်အဖြူဆောင်းပြီး အ၀တ်လဲတဲ့ အခန်းနားမှာ ရပ်ပြီး ငေးနေတဲ့ အဒေါ်ကြီးကို မြင်ဖူးသလိုလိုပဲး)))

Anonymous said...

မီးငယ်လေးရဲ့ Lab ကိုသဘောအကျဆုံးပဲ စိတ်ကူးယဉ်ချင်စရာလေး...ဟိဟိ

ဓာတ်ပုံလေး တွေ အားလုံးလှတယ် ပျော် စရာကြီး

လသာညကလည်းဦးထုပ်အဖြူဆောင်းထားတာ မီးမီးလေ ဒေါ်ကြီးဘယ်ဟုတ်မှာလဲ

အိစံ

ထား said...

ရှယ်ပဲကွာ................

ချစ်တဲ့

ထား

မိဆိုးလေး said...

ဟေ့ မင်းတို့ ကောင်တွေ နော် အတင်းအုပ်နေနဲ့။
အဲဒါ မော်ဒယ်(မယ်တော် :P ) ဘာမှတ်နေလဲ။ မီးငယ်လေး Lab ကိုကြိုက်ပေမယ့် ပင်လယ်ကြီးကို မမြင်ရတာတောင် လွမ်းရလွန်းလို့ ။
ပင်လယ်သာမြင်ရင်တော့..။
လတာညနဲ့ ငအိရဲ့ ရွှေလောက်စလုံး
ဦးခေါင်းပေါ် မ ခ ခင် အမြန်နှုန်းနည်းနဲ့ လစ်မှ။

ဗက်ဆာ said...

မိဆိုးလေးတို့များ အလွမ်းကလဲ သဲပါ့နော်။ မိုက်သဗျား။ နှစ်တိုင်း ဟာနဘိသွားနေကြ။ ယူးခတလေးနဲ့ ဖျာလိပ်လေးနဲ့ ပဲများပြီးတော့။
ဒီနှစ်တော့ မသွားနိုင်ခဲ့ဖူး။ သူများသွားတာပဲ ငေးရတော့တာပဲ။
ဆင်ဒိုင်းလက်ဘ်တော့သဘောကျသရှင့်။ မီးမီးက ပင်လယ်ကို သဘောကျပါ၏။ သို့သော် ဆူညံသော ပင်လယ်ဖြစ်ပါ၏။ သွားဖူးသမျှ အနှစ်သက်ဆုံးကတော့ ငွေဆောင်။
ဂျပန်ဘိခ်ျတွေက ခံစားချက်သိပ်မကောင်းပါဘူး။