Monday, April 26, 2010

သူတို့ဆီမှ အတုယူစရာများ

အရာရာကို ပုံစံခွက်တစ်ခုလို သတ်မှတ်ပြီး နေလာရတဲ့အခါ သူတို့ကို သတိရတယ်။ ကြည့်လေ.. သူတို့က...လောကကြီးကို စောက်ထိုးကြည့်ချင် ကြည့်ပစ်တာပဲ..း)
အိပ်ချင်တဲ့အခါ ဘာမှနောက်ဆံတင်းနေစရာမလို နှစ်ခြိုက်စွာ အိပ်လိုက်တာပဲ။ အိပ်ရာနိုးမှ စားစရာကို ရှာဖွေဖို့ စဉ်းစားလိမ့်မယ်..
ပေါင်ချိန်စက်ဆိုတာကို ကန်ထုတ်ပြီး စိတ်ကြိုက်နေချင်သလို နေလိမ့်မယ်..
လိုအပ်တဲ့အခါ ကွန်ပျူတာကို ခေါင်းအုံးအဆင့်ထက် ပိုမတွေးဘူး။ အခုလို အိပ်ပစ်လိုက်တာပဲ...

သူများက အဓိပ္ပါယ် မရှိဘူး (သူနဲ့မအပ်စပ်ဘူးလို့ )သတ်မှတ်ထားထားပေါ့။ သူလုပ်ချင်ရင် လုပ်တယ်..။ (သူ့အတွက် အဓိပ္ပါယ် ရှိရင် ပြီးတာပဲ..)
ဘယ်နေရာမျိုးမှာ ဘယ်လိုနေရမယ်လို့ မကန့်သတ်ထားဘူး..။ (သူနေတဲ့ နေရာမှာ သူနေချင်သလို နေလိုက်ရတာဟာ သူ့အတွက် နိဗ္ဗာန်ပဲ..)ဒီလောက်တိုတဲ့ ဘ၀တိုတိုလေးထဲမှာ ရှားရှားပါးပါးလာတွေ့ရတဲ့ သူတွေကို ဘယ်သူနဲ့ မပေါင်းသင့်ဖူးရယ်လို့ သိပ်မရှိဘူး..။ သူနဲ့ အဆင်ပြေရင် တည့်အောင် ပေါင်းလိုက်တယ်။
ဒီကြားထဲ ရန်ဖြစ်ချင်လည်း ဖြစ်မယ်။ သံဃောဇဉ်အကြောင်းကို တွေးပြီး ပူဆွေးငိုနေစရာမရှိဘူး...

သူရယူချင်တဲ့ အခွင့်အရေး၊ သူလုပ်ချင်နေတဲ့ အလုပ်တစ်ခုကို မရလို့ ပူပန်မနေဘူး။ ရအောင် တိုက်ရိုက် ကြိုးစားမယ်။

သူမကျေနပ်တဲ့အခါ ၀င်းဝင်းတောက်တဲ့မျက်လုံးနဲ့ တရားဝင် ပြန်ကြည့်ရဲတယ်။
သူ့မှာ ဘာအရည်အချင်းပဲ တတ်ရမယ်လို့ သူ့ကိုယ့်ကို ဘောင်ခတ်သတ်မှတ်မထားဘူး..။ သူလိုချင်တာ လေ့လာယူမယ်..။

အဲဒါတွေက.... သူ( တို့) ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေပေါ့..း)
တို့လည်း သူတို့ရဲ့ တချို့သောအချက်တွေကို တချို့သောအချိန်အနေ၊ အချိန်အခါတွေမှာ အတုယူရမယ်...။ မကောင်းဘူးလား....းD

stresss ဖြေနည်း ကြော်ငြာလေးကို သတိရလို့ နိုင်ပရဲ့ ကြောင်လေးတွေကို မော်ဒယ်အဖြစ် သုံးပြီး တင်လိုက်တာပါ.. ။ နိုင်ပ.. အာရိကတိုးးD (ကြောင်အားလုံးက ချစ်စရာကောင်းနေလို့ စကာတင်ရွေးတင်လိုက်တယ်။ ပုံအများစုက နိုင်ပရဲ့ကြောင်လေးတွေပါ)

လသာည..

3 comments:

ထား said...

ကောင်းပြီး အတူယူစရာပါပဲ။ မလိုက်နာလို့ မရတဲ့ အချက်တွေ ပါနေတယ်လေ။လိုက်နာရမယ်။

ချစ်တဲ့
ထား

ဗက်ဆာ said...

နိုင်ပ ကြောင်လေးတွေ ချီချင်လိုက်တာ။ ကြောင်မချီရတာလဲ ကြာလှပြီ။ ပဲခူးမှာတုန်းက အဆောင်မှာ ကြောင်ချီရသား။ ပေါင်ချိန်စက်ကို တစ်ကီလိုကျပြီးတိုင်း တစ်ခါကန်ထုတ်ပြီး စားချင်ရာစားပါတယ်။ မကျေနပ်ရင်လဲ မီးဝင်းဝင်းတောက် မျက်လုံးတွေနဲ့ ပြန်ကြည့်ပါတယ်။ ခုတော့ မကြည့်မိအောင် ရှောင်မှ။ မဆိုးပါဘူး။ ဗက်ဆာနဲ့ ပူစီ လေးတွေ နီးစပ်သားပဲ။ ဟေး-- ဟေး-- သူများမပြောခင်။

အိစံ said...

လသာညတယ်တော်ပါလား။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးလေးကြိုက်တယ်။