Saturday, September 11, 2010

သူငယ်ချင်းများအတွက်

ပီပီလည်း ပြန်သွားတာ ၁ လခွဲတော့မယ်။ လူအကုန်လုံး အလုပ်တွေများနေတော့ ပိုစ်လည်း ကိုယ်ကအစ မတင်နိုင်တော့ဘူး။ မယ်အိ မယ်ပီ မယ်ဆိုး မယ်မီး မယ်ထားနဲ့ မယ်ဗက်ဆာ အားလုံး ပျင်းများနေမလားလို့ တွေးမိပါတယ်။ ဒါပေမယ့် တကယ့်ကို ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့.. မလှုပ်သာဘူး။ လူကအားနေတဲ့အချိန်တောင် စိတ်ကမအားတော့ အမြဲမအားသလို ဖြစ်နေတယ်။ ပိုစ်တွေ မတင်ဖြစ်ပေမယ့် စကားတွေ မပြောဖြစ်ပေမယ့် အားလုံးကိုတော့ သတိရနေပါတယ်။

အားလုံးအတွက် အားပေးစကားတွေ မပြောဖြစ်တာတောင် ကြာပေါ့..။ (ကိုယ်တိုင်လည်း အားကပြတ်ပြတ်နေလို့ (++;) ပါ..)ဒီနေ့တော့ စာရှာရင်း ကိုယ့်ကြိုက်တဲ့ ကာတွန်းပုံလေးတွေ တွေ့တာနဲ့ ထပ်တင်လိုက်တယ်. .း)))ဒါလေးက coco chanရဲ့ ခရီးသွားတဲ့ ပို့ဆောင်ရေးယဉ်ကြီးပေါ့..။ ကိုရေမြင်းလေးက သူ့သူငယ်ချင်းလေး coco chanအတွက် တာဝန်ယူပိုဆောင်ပေးနေတယ်ပေါ့နော်.။ ရှုခင်းလေးကအစ သာယာပြီး ကြည်နှုးစရာ ချစ်စရာလေး....။ စိတ်ကူးလေး လှတယ်နော်။ လသာညလည်း ရေမြင်းလို ရေမကူးတတ်ပေမယ့် သူငယ်ချင်းတွေအတွက် ပျော်ရွှင်တဲ့ ကမ္ဘာလေးကို ပိုဆောင်ပေးတဲ့ ပိုဆောင်ယဉ်တော့ ဖြစ်ချင်သား..။
အားလုံးကို ဘယ်လောက်ချစ်သလဲ မေးတဲ့သူရှိခဲ့ရင် ဖြေဖို့ သက်သေပါ။ ကိုက်စားချင်အောင် ချစ်တယ်နော် ၀ါးဟားဟားး))) လသာည အသည်းစားသည် မပြောရ...ဒီပုံလေးကတော့ သုံးပုံထဲမှာ ကိုယ့် အကြိုက်ဆုံးပုံပဲ။ ဒီလောက်ကျယ်ပြောတဲ့ စင်္ကြာဝဠာကြီးထဲမှာ အရာရာမှာ အတော်ဆုံး အထင်ရှားဆုံး အကြီးကျယ်ဆုံးတွေ မဖြစ်ချင်ပါဘူး။ မျှော်လင့်ချက်တွေ မြင့်ရင် မြင့်သလောက် စိတ်တွေပူပန်ရတယ်။ ပင်ပန်းရတယ်။ ကိုယ့်အနေနဲ့ တစ်ထောင့်တနေရာကမှာ နေပြီး တစ်စုံတစ်ခုသော အကြောင်းအရာနဲ့ အကောင်းဆုံး အစက်အပျောက်လေးတစ်ခု ဖြစ်ရင် တော်ပါပြီ လို့.. အခုတလော ပိုတွေးဖြစ်လာတယ်။ ငြိမ်းချမ်းခြင်းဆိုတာ သောကနဲ့ ပူလောင်နေချိန်မှာမှ ပိုအလိုရှိ၊ ပိုတန်ဖိုးရှိလာတာ..။ အရမ်းကို စိတ်ငြိမ်းငြိမ်းလေး နေချင်နေတယ်။

အားလုံးကို ချစ်တဲ့
လသာည ဖြစ်ပါတယ်

5 comments:

Anonymous said...

လသာညရေ ကျေးဇူး ပုံအားလုံးအိစံကူးသွားတယ်

အိစံတော့ မထမပုံးလေး အုကိကိဆုံးပဲ ချစ်ဝရာလေး

ဒီနေ့ အိစံအခန်းရှင်းပြီး အနားယူလိုက်တယ် အဟိ ကိုယ့် အခန်းကိုယ် သဘောကျမိတယ် အ၀တ်အစားတွေလည်းမီးပူတိုက်တယ်

သူငယ်ချင်းတွေကို သတိရလို့  ပြောပြတာပါ ဟိဟိ



အိစံ

လသာည said...

ရတယ် ကူး..။ ပုံအားလုံးကို အိစံကို လွဲပြောင်းပေးမယ်း)))

Meengelay said...

တို့လဲကူးမယ်...
အားပေးစကားလေးတွေ၊ ချစ်စရာစကားလေးတွေ၊ ချစ်စရာကောင်းတဲ့ ပုံတွေအတွက်
ကျေးဇူး..အရိဂတော...
အဲဒါကြောင့် လသာညကိုချစ်တာ...:)))

မိဆိုးလေး said...

ချစ်နိုင်သူများကျတော့ ချစ်ကြပါ ချစ်ကြပါ..။
ဟေးဟေး ရက်တန်းအော့ ဗိုလ်အင်ဒုံ အဲလေ မိဆိုးလေး
လတာည ပုံလေးတွေလဲချစ် တင်တဲ့သူကိုလဲချစ်
ရေ့ ရေ
ပိုက်ဆံတွေလဲကုန် ခြေတောက်တွေလဲ ထုံ
ရေ့ရေ့
ဟီး မပေါရတာကြာလို့ ။
ချစ်တဲ့
မိဆိုးလေးပါ။

ဗက်ဆာ said...

ဝေးဟေး။ လဲတညားဖြစ်ပါသည်။ လဲတညားက ဒီနေရာတော့ အငယ်မနဲ့ တူတာရော။ အဲလိုပုံလေးတွေ ကြိုက်တာ။ ၀ုတ်တယ်။ လဲတညားရဲ့ နောက်ဆုံးစာပိုဒ်လေးလို ငြိမ်ငြိမ်လေး ဖြစ်ချင်နေချင်တယ်။ ဒါပေမဲ့လေ။ ဟူး။ ---အဲသဟာ ကံထူးသူတွေဖို့ လဲတညားရေ။ အချို့က ပင်ပန်းဖို့ ဇာတာပါလာပုံရတယ်။