Friday, September 24, 2010

ဟာသလေးတွေ ပြောပြမယ်

အားလုံး ပျင်းနေမလားလို့ မပြောရတာ ကြာတဲ့ ဟာသပြောပြမယ်. ။ အားလုံးပျော်ပြီး ဥာဏ်ရွှင်အောင်လို့...။ သိပ်မရယ်ရရင် ခွင့်လွှတ်နော်။
---------------------------

ပညာရှင်လေး
ဆရာမ။ ။ အမျိုးသားများ ကိုယ်တိုင်ဆောက်လုပ်ပြီး ကိုယ်တိုင်သွားလို့ မရတဲ့ နေရာ ဘယ်နေရာလဲ။ သိတဲ့ ကျောင်းသားပြောစမ်း..
ကျောင်းသား။ ။ အမျိုးသမီး အိမ်သာပါ ဆရာမ..
ဆရာမ။ ။ တခြားအဖြေ မရှိတော့ဘူးတဲ့လားကွာ ...(++)
(တကယ့်အဖြေကို ဘယ်သူ သိလဲကွး)))
---------------------------

ပင်လယ်သေသွားပြီလား
ဆရာမ။ ။ ပင်လယ်သေအကြောင်း မင်းသိသလောက်ပြောပြပါဦး
ကျောင်းသား။ ။ ကျွန်တော် ပင်လယ်ဖျားတာတောင် မသိလိုက်ဖူးခင်ဗျ
---------------------------

စာအကြောင်း သိပ်မတွေးနဲ့လေ
တခါက သားအဖ ၂ယောက် ခရီးတိုတစ်ခုထွက်တယ်။ အဖေက အတန်းပညာသိပ်မတတ်ဘူး။ သားကတော့ ခေတ်ပညာတတ်တတ်ပေါ့လေ။ ညရောက်တော့ ပါလာတဲ့ တောစခန်းနားတဲအိမ် tent လေး ဆင်ပြီး အိပ်ကြတယ်။ နာရီနည်းနည်းကြာတော့ အဖေက သားကိုလှုပ်နိုးလိုက်ပြီး အခုလိုမေးလိုက်တယ်။

အဖေ။ ။ သား မင်းကောင်းကင်ကိုကြည့်လိုက်စမ်း ဘာတွေမြင်လဲ ငါ့ကိုပြောစမ်းပါ
သား။ ။ ကြယ်တာရာ သန်းပေါင်းများစွာ မြင်တယ် အဖေ
အဖေ။ ။ အင်း အဲဒီတော့
သား.။ ။ နက္ခတ္တဗေဒအရ ဆိုရင်တော့ ကြယ်ဆိုတာက တောက်လောင်နေတဲ့ မီးလျှံလုံးကြီးတဲ့ အဖေ။ အဲလို မီးလျှံလုံးတွေ အများကြီး စုဝေးနေတဲ့ ကြယ်အစုအဝေးကို ဂလက်ဆီလို့ခေါ်တယ်။ ပြီးတော့ အဲလို ဂလက်ဆီ...

အဖေ။ ။. ဟုတ်တော့ ဟုတ်မှာပါ ငါ့သားရယ် ဒါပေမယ့် (သက်ပြင်းချရင်း ဆက်ပြောတယ်) ငါတို့ tent လေး သူများခိုးသွားပြီဆိုတာ မင်းသိအောင် ငါ ဘယ်လောက် စောင့်ရမှာလဲ..
---------------------------

ချစ်သူထံသို့ချစ်သ၀ဏ်လွှာ
အချစ်ရေ.. ငါမင်းဆီကို ချစ်ခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်။ မင်းနဲ့ချစ်ခဲ့တာ စက်တင်ဘာ ၂၄ ရက်( သောကြာနေ့)ကစပြီး မင်းကို ချစ်မိတာပါ။ နောက်နှစ် စက်တင်ဘာ ၂၃ ရက်ဆိုရင် နာရီပေါင်း ၁၅၀၀ ဖြစ်ပြီ။ ဒါကြောင့် အကြိုအချစ်သ၀ဏ်လွှာကို ကြိုးစားပြီး ရေးလိုက်တာပါ။ တကယ်လို့ ကိုယ့်တို့ အချင်းချင်း ဆွေးနွေးညှိုနှိုင်းလို့ သုံးလအတွင်း အဆင်ပြေရင် အတည် ချစ်သူများအဖြစ် ဆက်လက် သတ်မှတ်ပေးဖို့ အသင့်ရှိပါတယ်။

နောက်တဆင့်တက်ပြီး ရှေ့ရေးအတွက် အလုပ်ကိစ္စကစပြီး စဉ်းစားဖို့အစီအစဉ်ရှိပါတယ်။ အဆင်ပြေရင် ချစ်သူအဖြစ်မှ အိမ်သူအဖြစ် ရာထူးတိုးပေးဖို့လည်း ရာထားထားပါတယ်။ ကိုယ်တို့ နှစ်ဦးအတွက် အတူတူ ရှယ်ယာသုံးဖို့ ကော်ဖီဖိုး၊ ဘီယာဖိုးက စပြီး ကျန်တဲ့ တီဗွီ စတဲ့အရာတွေကို ၀ယ်ဖို့အထိလည်း ကြိုတင် စိတ်ကူးထားပါတယ်။ အဲဒီနောက်တော့ မင်းရဲ့ အားထုတ်မှုနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဒီထက်ပိုကြီးမားတဲ့ ပစ္စည်းတွေကိုပါ ၀ယ်ပေးရလိမ့်မယ်ထင်တယ်။ မင်းအသုံးစရိတ်အတွက် ကုန်ကျငွေကို ကြင်နာစွာ စိုက်ထုတ်ပေးမှာပါ။

အချစ်ရေ.. အခုစာကို ရပြီဆိုရင် ကိုယ့်အချစ်ကို လက်ခံမခံ ရက်ပေါင်း သုံးဆယ်အတွင်း အကြောင်းပြန်ပေးစေလိုပါတယ်ကွယ်။ ရက်ပေါင်း သုံးဆယ်အတွင်းမှ အကြောင်းမပြန်ရင်တော့ ဒီအချစ်သ၀ဏ်လွှာဟာ အလိုလို cancel ဖြစ်သွားမှာ ဖြစ်ကြောင်းနဲ့ ကိုယ့်အနေနဲ့ တခြားတစ်ယောက် ရှာရပါလိမ့်မယ် ဖြစ်ကြောင်းလည်း တခါတည်း အကြောင်းကြားပါတယ်။

တကယ်လို့များ မင်းက ကိုယ့်အချစ်ကို လက်မခံနိုင်ဘူးဆိုလျှင်လည်း ဒီသ၀ဏ်လွှာကို မင်းရဲ့ ညီမလေးကို လက်ဆင့်ကမ်းလို့လည်း ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကန့်ကွက်ရန်မရှိပါ။

အချစ်ရဲ့ ပူးပေါင်းပါဝင်မှုကို အထူးကျေးဇူးတင်ပါတယ်။
မင်းအတွက် အကောင်းဆုံးသော ဆန္ဒမွန်ဖြင့်
လူအရင်းအမြစ် မန်နေဂျာ (HR Manager)
---------------------------
ဒန့်တန်တန် \(^^)/ မရယ်ရရင် ခွေးလွှတ်ပါရန်..

(သို့သော် အထူးသတိပြုရန်... ဘလော့ရေးရင် (ပိုစ်ရေးရင် ) အားလို့ထင်ပြီး “လသာညတို့ ဘလော့တွေရေးနေလိုက်တာ အားနေတယ်ထင်ပါ့၊ တို့များကျတော့ မအားပေါင် လို့ လာပြောတဲ့ကောင် သေဒဏ်နော်း))) (နောက်တာပါ။ သေဒဏ် ဟုတ်ဖူး..။ )
လသာည

14 comments:

Wasser said...

မီးနေခန်း၊ သားဖွားဆေးရုံ။

Wasser said...

အမျိုးသမီး သီးသန့်ရထားတွဲ .

Wasser said...

ဘာကျန်သေးလဲဟင်။ အမျိုးသမီး အ၀တ်လဲခန်း၊ အမျိုးသမီးရေချိုးခန်း။ အမျိုးသမီး ရေကူးကန်။

Wasser said...

ညူကလီးယား ဓါတ်ပေါင်းဖို၊ ဘုရားစင်။ အလံတိုင်ထိပ်။ ဟီးဟီး။ အဲလိုပဲ ဦးနှောက်သုံးပြီး ဖြေလိုက်တယ်။ ရည်းစားစာလေး သဘောကျလိုက်တာ။ လက်တွေ့ကျတယ်။

မိဆိုးလေး said...

ခွိခွိ ကောင်းမှကောင်းတော် ဟာသလေးတွေ သေဒဏ်ဆိုလို့ ပြောတော့ဘူးနော်
ဒီနေ့ ချဉ်ရည်(ခြံထွက်ချဉ်ပေါင်၊ငပိရည်)၊ ခရမ်းသီးနှပ်၊ ကြက်ဥကြော်စားတယ်
ဒါတော့သေဒဏ် မဟုတ်လောက်ဘူးထင်ပါရဲ့  ဟိဟိ

ဗက်ဆာ said...

အုတ်ဂူ။ မီးသဂြိုဟ် စက်။

အိစံ said...

လသာည ပေါ့ ပေါ့ ပါးပါးဦးနှောက်လန်းသွားသည် ကျေးဇူး

အဖြေတော့ စဉ်းစားလိုက်အုန်းမယ် ဗက်ဆာဖြေရတာမောနေပြီလား အိမ်သာကိုတော့ လက်ခံတယ်

လသာည said...

ဗက်ဆာ.. အိစံ.. ငါလည်း တကယ့်အဖြေကို မသိလို့ ဘယ်သူသိလဲလို့ မေးနေတဲ့ဟာကို အဟားဟားး))

မိဆိုးလေး.. အဲဒါကိုကျတော့ မျက်စောင်းဒဏ်ချရမယ်။ သိတယ်မဟုတ်လား နဂါးတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဘူးတဲ့..း)))
ငါလည်း ချဉ်ရည်သောက်ချင်တယ်။ ပြောရင်း ပါးစပ်တောင် ချဉ်လာပြီ..

Wasser said...

အင်္ဂလိပ်လို မေးတာဆို အင်္ဂလိပ်လို ရိုက်ပြလေလို့။ ပြောင်းစဉ်းစားကြည့်ရအောင်။ မြစ်လိုများ ဖြစ်နေမလားပေါ့။

Wasser said...

မီးတို့ကျောင်း အင်တာနက်က စီဘောက်ကိုလဲ မြင်တော့ဘူး။ ဖေ့စ်ဘွတ်ကိုလဲ အခု တက်လို့မရဘူး။
မီးက ဒီနေ့တောဝက်မိသားစုပုံတင်မလို့ပါချို။ တောဝက်ပေါက်လေး ချစ်စရာ။ ကျောကုန်း ကြားကြားလေးနဲ့ ကြောင်ကျားလေး ကျနေတာပဲ။
ချီချင်လိုက်တာ မပြောပါနဲ့တော့။ မီးအခန်းရှေ့က တောအုပ်ထဲက ထွက်လာပြီး မိသားစု နေ့လည်စာ စားနေတာကို ဓါတ်ပုံထွက်ရိုက်ထားတာ။
တောဝက်ပေါက်စလေး မွေးထားချင်လိုက်တာ။ ချစ်ဖို့ သိပ်ကောင်းတာပဲ။

Anonymous said...

ဟာသသက်သက်ပါ သူငယ်ချင်းး))))
ဗက်ဆာ ဆက်စဉ်းစားလို့ရအောင်..

“Toilet Tamil Joke”

Teachers asks, give me the name of place, which is made by a man but he can't go there.
Student: Ladie's Toilet..
Teacher: (==)??

လသာည

မီးငယ်လေး said...

တကယ်ပဲ ရယ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်
မမလသာည။
စာအကြောင်း သိပ်မတွေးနဲ့လေ ----ကို တော်တော်သဘောကျတယ်။ ကျနော်လဲ ဒီလိုမျိုး အတွေးချော်တဲ့ သူတွေ တွေ့ဖူးတယ်။ :D

တို့လဲ နောက်တစ်ခုထပ်ဖြေလိုက်အုန်းမယ်။
ကလေး ချိုချိုတိုက်တဲ့အခန်း :P

ထား said...

မအားလို့မလာဖြစ်တာလေ။
လာလိုက်တော့ ဟာသက ဆီးကြိုနေတယ်။
ကျေးဇူးတင်ပါတယ် လသာညရေနော်။

ချစ်တဲ့

ထား

လသာည said...

ထားကိုလည်း ကျေးဇူး။ ထားရော နေကောင်းရဲ့လား။