Thursday, September 16, 2010

သူငယ်ချင်းတို့ မျက်စိအေးစေဖို့

တစ်ရက်... တစ်ရက်.. ကွန်ပြူတာနဲ့ မျက်နှာအပ်နေရတဲ့ သူများ..စိမ်းစိုတဲ့ တောတောင်ရှုခင်းတွေနဲ့ ဝေးကွာနေတဲ့သူများအတွက်..ဒီပုံလေးတွေကို ကလှစ်နှိပ်ကြည့်ပြီး မျက်စိ အပန်းဖြေသွားကြပါအုံးနော်..
မီးငယ်လေးက ဒီရှုခင်းလေးတွေ..တစ်မျှော်တစ်ခေါ်ကြီးကို တစ်ဝကြီး ကြည့်ခဲ့ရလိုက်တော့ တော်တော် မျက်စိကြည်သွားတယ်လို့ ခံစားလိုက်ရလို့..မျှဝေပေးချင်တာပါ။ တစ်ခါ တစ်လေ..အစိမ်းရောင်ရှုမျှော်ခင်း တွေကို ကြည့်ပေးခြင်းဟာ လူရော၊ စိတ်ရော၊ မျက်စိရော လန်းဆန်းစေပါလားနော်.... :))))

 ခိတကျူးရှူးက Hiraodai country side park ကိုအသွား လမ်းမှာတွေ့ရတဲ့ တောင်တွေလေ။
ကျောက်တုံးတွေနဲ့ တောင်တန်းများ
 
Hiraodai country side park ကိုရောက်ပြီ။
 
စိမ်းစိုတဲ့ မြက်ခင်းပြင်နဲ့ တောင်တန်းများ
 ဒါက သဘာဝကျောက်လိုဏ်ဂူအသွားလမ်းက ရှုခင်းတွေပေါ့။
 
 သဘာဝကျောက်တုံးများ

 ကဲ အစိမ်းရောင်ပုံတွေ ခံစားပြီးပြီဆိုရင်တော့ အဆစ်ထည့်ပေးတဲ့ လိုဏ်ဂူထဲကပုံတွေ ကြည့်ကြပါအုံး :D
 
လိုဏ်ဂူထဲက စမ်းချောင်းလေးထဲက ရေက ရေခဲရေလိုအေးစက်နေပေမဲ့ လမ်းလျှောက်ခဲ့ရတာ တော်တော်ပျော်စရာကောင်းခဲ့ပါတယ်။
 တစ်ချို့နေရာက တော်တော် ကျဥ်းပြီး နိမ့်လို့ ခန္တာကိုယ်ကြီးတဲ့သူဆိုရင် ၀င်လို့မရလောက်ဘူး။
အော်မေ့လို့ ။။ ဒီလိုဏ်ဂူနာမည်က Senbuthu Stalactite Cave တဲ့။

5 comments:

လသာည said...

အင်း ရှုခင်းတွေက တကယ်မျက်စိအေးစေတာပဲ။ ငါ အဲဒီနေရာကို သွားချင်တာကွာ။ စိတ်တော်တော် အမောပြေလောက်တယ်။ ဒါပေမယ့် လိုဏ်ဂူတော့ သွားချင်ဘူး။ အခုက တစ်ယောက်တည်းဆိုတော့ အားငယ်လို့း))))

လသာည said...

ပုံတွေက နည်းနည်းသေးသလားလို့ ပုံကြီးမှ ကြည့်ရတာ အားရတာ..။ လုပ်.ပါ. ပြင်ပေးဦး..

Wasser said...

အမြင်ခြင်းက ကွာပါ၏။ ပြသူုက မြက်ခင်းကို ပြ၏။ ကြည့်သူက ကျောက်တုံးကို မြင်၏။
ဝ ရဲ့ ကွင်းဆင်းဒေသက အဲသလို ပင်လယ်မီးတောင်ပေါ်က ထုံးကျောက်တွေပေါ့။ အဟီး။ အဲဒါကို အင်္ဂလိပ်လို သင်းချိုင်းမှတ်တိုင် ပုံစံ အနေအထားလို့ခေါ်တယ်။ မီးတို့ကတော့ သုဘရာဇာပေါ့လေ။ သူများတွေအေးအေး သေနေတာတောင် ကောင်းကောင်းပေးမနေတဲ့သူပေါ့။
ကောင်းသရှင်။ ခရီးလေးထွက်လိုက်တော့။ စိတ်လန်းတာပေါ့။ မီးလဲ နက်ဖန် ကျောင်းက ပို့ပေးမယ့် ၈၄ယောက်အုပ်စု ဘတ်စ်နဲ့ ဟွိုင်စတန်းဘုရှ်။ ဒုတိယအကြိမ်လား တတိယအကြိမ်လား။ တစ်ခုခုပဲ။ မမှတ်မိတော့ဘူး။

Meengelay said...

ပုံက သူ့အလိုလိုသေးတွားတယ်..ပြင်တတ်ဘူး။

ဒုတိယအကြိမ်လား တတိယအကြိမ်လား...ဗက်ဆာ၏ ကွန်မက်များ :D :P