Thursday, February 10, 2011

Forgetful Me






(((ဒေတာကောက်သွားခဲ့တုန်းကပေါ့ကွယ်...အဟယ်ဟယ်း)))
ထုံးစံအတိုင်း..ဆိုင်ရာအကြီးအကဲတွေဆီ..တွေ့ဆုံအကြောင်းကြားရပါတယ်..
ခက်တာက..ကျမတို့ဌာနဆိုင်ရာလူကြီးက..ရန်ကုန်..နေပြည်တော်၂ခုမှာ..တလှည့်ဆီသွားနေရတဲ့အချိန်။
ဒေတာကောက်ပြီးလို့ပြန်ရမယ့်ရက်တာနီးလာရော..ကျမနဲ့ကလွှဲချည်းနေတော့တာ။

တရက်မှာတော့..အကျိုးအကြောင်းမရမကပြောပြီး..တွေ့ဆုံခွင့်တောင်းဖို့ဖုံးဆက်ပါတယ်....။
ရုံးကိုသွားတဲ့လမ်းပေါ်မှာပါ..။ကံကောင်းချင်တော့...ပီအေက..အခုထွက်ခဲ့ပါ..တွေ့ဆုံဖို့အချိန်နည်းနည်း
လေးရပါတယ်တဲ့..။ဒါနဲ့..ဘာပြောကောင်းမလဲ..ရှပ်တေးကျမ...ပြာပြာ..ပြာပြာနဲ့အနားမှာထိုးရပ်လာတဲ့
တက္ကဆီပေါ်တက်ပြီးပြေးရတော့တာပေါ့.။

တက္ကဆီပေါ်ရောက်မှ.လူကြီးနဲ့တွေ့ရင်ရေးမှတ်ရမယ့်စာအုပ်၊ဘောပင်အဆင်သင့်ဖြစ်မဖြစ်စစ်ရင်း..
စိတ်ထဲမှာ.တခုခုလိုသလိုဖြစ်နေတာ..။ဌာနတံဆိပ်မပါတာလား...စစ်..။စာရွက်စာတမ်းအချို့ပြန်စစ်..။
ဘာလိုပါလိမ့်..ဘာလိုပါလိမ့်..???????

စစ်လိုက်...စဉ်းစားလိုက်နဲ့....ကားတာထိုးရပ်သွားရော..ဘာလိုနေတာမှန်းစဉ်းစားလို့မရပါဘူး..။
ကားပေါ်ကမဆင်းခင်..ပိုက်ဆံပေးဘို့ပြင်မှ..အဲ..ဖုံးဘိုးပိုက်ဆံမပေးခဲ့တာ..အမှတ်ရတော့တာပဲ..။

လမ်းဘေးဆိုင်ဖုံးကို..ကိုယ့်ဖုံးစတိုင်နဲ့..ဂွက်ကနဲချပြီး..ချာကနဲလှည့်ထွက်လာခဲ့တဲ့ကျမ။
ဖုံးဆိုင်ကကောင်မလေးကတော့...ဘယ်လိုလူပါလိမ့်....ဆိုပြီးဖြစ်နေမှာအမှန်....။
ဂေါက်နေတဲ့လူထင်တယ်လို့..မတွေးရင်ကံကောင်း)))

မဖြစ်ပါဘူးးးး..နောင်ဆို..ကျောမှာ..(သတိ..ကျမမေ့တတ်သည်)စာတန်း..ဆွဲထားရတော့မယ်..*-*



((P.S:အပြန်မှာ..အဲဒီဆိုင်ရှေ့...ရှေ့မျက်နှာနောက်ထားပြီး(အဲဒီလို..ခံစားချက်ကိုပထမဆုံးကြုံဖူးတာ..ပူထူနေတာပဲ..အဟီး)..ဖုံးခပေးခဲ့ပါတယ်...း))

pic from Google

7 comments:

Anonymous said...

မျက်စိထဲ ကွင်းကနဲ မြင်ပါတယ်..ခပ်တည်တည်
နဲ့ တက္ကဆီပေါ်တက်မဲ့ ပုံစံ ကိုပါ။

ကျောမှာစာတန်းဆွဲ ဖို့  ရေးထားတဲ့  စာလေး အပြင် ထွက်ရင်ကပ်ဖို့  မေ့ နေရင်ဘယ်လို လုပ်မှာလဲ....အဟိ

ရွှေအိ

ထား said...

ဗက်ဆာရေ တက္ကစီခရော မေ့ခဲ့သေးလားဟင် !
းးး)))

ချစ်တဲ့

ထား

Anonymous said...

ထားရေ..မေ့တတ်သူက..မယ်ပီပါရှန်း))))



အော်မေ့လို့..ဖြေဖို့..
ကားခတော့ပေးခဲ့ပါတယ်..သူကတောင်းတာကိုး..အဟဲး)

Wasser said...

ထားကတော့ ဗက်ဆာအကြောင်းသိလို့ မပြောရဖူးနော်။ :D :D
အားကျတယ်။ အားကျတယ်။ အူညားတွေလို ဗမာပြည်လေး တစ်ခေါက်လောက် ပြန်ပြီး ဒေတာ ပြန်ယူချင်လိုက်တာ။
မီးတို့ကို ကျတော့ လူကြီးက မပြီးမချင်း ပြန်မလာနဲ့လို့  ကြောလိုက်တာကိုးလို့။ ဆိုတော့ မြ၀တီက သွားတိုက်ဆေး ဆိုင်းဘုတ်ကြီးကိုပဲ ငေးကြည့်ပြီး မဲဆောက်က ပြန်ခဲ့ရတဲ့ အဖြစ်။
အဟင့်။ ရွှတ်။

Anonymous said...

ဟားဟား ဖြစ်ရလေ ပီပီရယ်..း)))

လူတော့ မမေ့နဲ့ နော်။ လက်မှတ်က လူကိုယ်တိုင်ပါမှ ထိုးပေးတာတဲ့.. လူကြီးကပြောတာ ဧ(^^)"

Anonymous said...

အေးနော်..ရွှေအိ..မေ့လို့ဟ..း)
တော်ကြာရေးထားတဲ့စာရွက်ဘယ်နားထားမိပါလိမ့်ဖြစ်နေအုံးမယ်..း))မဖြစ်ပါဘူး..အကျီတိုင်းမှာပဲ..ပုံနိပ်ထားတော့မယ်..း))))))))))))))

အမဗတ်ဆာရေ..မြန်ပြည်ပြန်ရလဲ..ပြေးလိုက်ရလွှားလိုက်ရနဲ့..လူကို..ဖုတ်လိုက်..ဖုတ်လိုက်ကိုဖြစ်လို့...
လူတောင်အယောင်ယောင်အမှားမှားလုပ်ထာတာကြည
့်တော့..း)))))))))))))

ထား said...

ဟိဟိ ... မှားတဲ့အခါလဲ မှားပေမပေါ့နော်...
မယ်ပီရေ စိတ်ရှိရဝူးးးးးး ...

ချစ်တဲ့

ထား