Wednesday, February 9, 2011
ဖိလစ်ပီးနိုကြိုက်တဲ့ ဘလွတ်
ဖိလစ်ပိုင်နိုင်ငံရဲ့  ထူးခြားတဲ့ မုန့် ပဲသားရေ စာတွေထဲ က လူကြိုက်များ
တဲ့ အစားအစာတစ်ခုပါ။လမ်းဘေးဈေးတွေမှာ ရောင်းလေ့ ရှိတဲ့  လမ်းဘေး အစား အစာ တစ်မျိုး လည်းဖြစ်တယ်။ မုန့် လို့ ပြောပေမဲ့  တစ်ကယ်တော့ သားလောင်းပါတဲ့  ကြက်ဥပြုတ်ပါ။ ကြက်ဥကနေကြက်အကောင်ပေါက်စလေးတွေပေါက်လာဖို့  ၂၈ ရက် ကြာပါသတဲ့ ။ အဲဒီမှာမှ ၁၆ရက် ကနေရက်၂၀သက်တမ်းလောက်အပူငွေ့ ရပြီဆိုရင် ဥခွံလေးထဲမှာ ကြက် သားလောင်းကွေးကွေးလေး  ပေါ်လာတယ်။ဖိလစ်ပီးနိုတွေက သားလောင်းပါတဲ့  ကြက်ဥမှာ ပရိုတိန်းဓာတ်အများဆုံးပါပြီး အဲဒီကြက်ဥကိုပြုတ်စားရင် နှလုံးအားကောင်းတယ်လို့ ယူဆတယ်။ သားလောင်းပါတဲ့ ကြက်ဥပြုတ် ကို 
 ဒေသအခေါ်အရ ဘလွတ်(Balut) လို့ ခေါ်တယ်။ ၁၈ရက် သက်တမ်းရှိတဲ့ ဘလွတ် က အရသာအရှိဆုံးလို့  ဆိုပါတယ်။  
 အိစံနေတဲ့ အိမ်က ဖိလစ်ပီးမှာ ထူးခြားတဲ့ အစားအစာတွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်ကျွေးချက်ကျွေးတယ်။
သူငယ်ချင်းတို့ မြင်သာအောင် ဂူဂယ်လလ်အကူအညီနဲ့ ပြရမယ်ဆိုရင် ....
ပထမဆုံး ကြက်ဥထိပ်ကလေး ကို ပါးစပ်စုပ်လို့ ရ မဲ့ အနေလေးဖောက်လိုက်တယ်။
ပြီးတာနဲ့  ကြက်ဥ ထဲမှာပါတဲ့ အရည် ကို ဆားလေးနည်းနည်းထည့်  ပြီးခေါင်းလေး
                           အရည်တွေကုန်လောက်မှ ဥခွံအိမ်ကို 
                                                       ဘလွတ်စားနည်းအဆင့် ဆင့် ပါတဲ့ ပုံပါ
.ဆားခပ်ထားတော့ ပိုပြီးကောင်းတယ်။ 
ကဇော်ဖောက်ထားတဲ့အရသာနည်းနည်းရတယ်။
ကြက်ဥအလယ်ကအ၀ါနှစ်ကခဲခဲလေးနဲ့စားရတာလေးလေးပင်ပင်ရှိတယ်။ကြက်ပေါက်စလေး
ကိုကြည့် ရင်းကြည့် ရင်းနဲ့ မစားရဲတော့ ဘူး။ ခြေလက်အဂါင်္အစုံပါပြီး အမွှေးလေးတွေလည်းသေချာမြင်ရတယ်။ရိုးရိုးကြက်ဥကို
ပြုတ်တဲ့အချိန်ထက်အချိန်ချိန်ကြာကြာပြုတ်ပေးရသတဲ့သူငယ်ချင်းတို့ရေ...........။                                                                                                
8 comments:
pps said...
ဘလွတ်..တဲ့လားကွယ်
ပြွတ်ကနဲ..စုပ်စားရသတဲ့လား...
ခုတော့..မြင်ယုံနဲ့အူယား..
(စားကြည့်ရင်တော့.မောင်ရှင်တတို့များဖြစ်နေမလား))
သူ့နိုင်ငံ..သူ့အစား
ရသာတော့..ရှိသဗျားတဲ့။
pps said...
ဖိလစ်ပီးလူမျိုးကို..ဖိလစ်ပီနိုလို့ခေါ်မှန်း..ခုမှသိရတယ်။
ဘလွတ်ဆိုတာလဲ..ခုမှကြားဘူးတယ်..။
ကျေးဇူး..ရွှေအိရေ...:)))))))
Anonymous said...
hello testing! 1...2...3....
Anonymous said...
အိစံ..
ငါ အကြောက်ဆုံး အစားအစာက အဲဒါပေါ့ :'(
တခါက ကြက်ဥပြုတ်တာ အဲလို ပါလာလို့ ။ တကယ်က(အကောင်ပုံမဟုတ်သေးဖူး အနီစက်ခဲခဲလေး) ပါလားလို့
ရင်ထဲမှာ နေမကောင်းဖြစ်သွားတာ တစ်နှစ်လောက်ကြက်ဥပြုတ် အလုံးကို အခွံမခွာရဲ မစားရဲဖြစ်သွားတယ်။
ဗဟုသုတပေါ့လေ.. ဖိလစ်ပြန်လေးရယ်။ တင်ပေးတာ ကျေးဇူးပါ
အယ်ချူပ်
Wasser said...
အလိုလေးလေး။ အလေးလိုလို။ အသဲကျိန်းလိုက်တာ။
ဘလက်ဘဲဥပြုတ်ကို မေးမိတာ မှားသွားပြီ။
ငယ်တုန်းက မဂ္ဂဇင်းထဲကပုံဆိုတော့ သေချာမမြင်ရဘူးလေ။
ဘလက်ဘဲဥပြုတ်လို့ရေးထားတာမှတ်မိတာပဲ။
အင်းလေ။ ဘုရားရေ။ ကိုယ်သာဆို ဘယ်လိုမှ ရဲမှာမဟုတ်ဘူး။
ရွှေအိကြီးတော့ သူရဲကောင်းပေါ့။
ကိုယ့်ဘာသာကိုယ် ပုရစ်လေးပဲ ကြော်စားပါတော့မယ်။
Meengelay said...
ကျေးဇူးပါ..အိရေ..
ဖိလစ်ပီနိုဘလွတ် အကြောင်းဗဟုသုတရသွားပီ
မရတရဲကြည့်သွားတယ်
အိစံ said...
ပီပီကဗျာ စပ် တာလည်းတော်သည်
အယ်ချုပ် ဖိလစ်ပြန်လေးရယ်ဆိုတော့  ဘိလပ်ပြန်မောင်သောင်းဖေကိုသွားသတိရတယ်း)
မလတ်ရေ...ရွှေအိလည်းအကောင်လေးကိုမစား
ရဲဘူး။ မလတ်ပြောလို့ အမှတ်တရ ရေးလိုက်တာ။
မီးငယ်လေး..ကျေးဇူးပါ။
ထား said...
ဖိလစ်ပီနိုဘလွှတ်တော့ မြင်ရုံနဲ့ အူတွေယားနေ
ပါပြီ အိရေ ...
ချစ်တဲ့
ထား