Thursday, August 12, 2010

အိုက်ဒီယာသစ် ဆိုတာ..

အိုက်ဒီယာ (အတွေးအခေါ်) အသစ်တစ်ခုဟာ ဘယ်နေရာ ဘယ်အချိန်မှာ ပေါ်လာတတ်သလဲ?

လေ့လာချက်များအရ..
၁) အိပ်ယာထဲမှာ အိပ်နေရင်း ရတာက ၂၀%
(ဥပမာ.. အိုင်စတိုင်းဟာ သူ့ရဲ့ နာမည်အကြီးဆုံး နှိုင်းယှဉ်မှု သီအိုရီကို အိပ်ရာထဲမှာ ရခဲ့တယ်)

၂) ပန်းခြံထဲမှာ ထိုင်နေရင်း ရတာက ၁၈%

၃)သန့်စင်ခန်းမှာ သွားတိုက်ရင်း ၇%

၎) အိမ်သာထဲမှာ အီးအီးပါရင်း ရတာက ၃၂ %

၅) ရေချိုးကန်ထဲမှာ ၂၉ %

၆) ဘတ်စ်ကားပေါ်မှာ ငေးရင်း တွေးရင်း ၁၇%

၇) အခန်းအနား စင့်မြင့်ပေါ်မှာ မိန့်ခွန်းချွေရင်း ရတာ ၁%

၈) လေယာဉ်ပေါ်မှာ ၄%

၉) ရေကူးကန်မှာ ၂%

အဲ.. အစည်းအဝေးခန်းမထဲမှာ ထိုင်စဉ်းစားရင်း ထွက်တယ်ဆိုတာမျိုးက သုည ရာခိုင်နှုန်း (၀%) တဲ့..

တကယ်တော့ အိုက်ဒီယာအသစ်တစ်ခုဆိုတာ ငါ့တို့ရဲ့ ခေါင်းထဲကနေ လျှပ်စီးလက်သလို တအားခေါင်းခြောက်အောင် မစဉ်းစားရပဲ အဆင်သင့်တဲ့အချိန် ထွက်လာတာမျိုးသာ ဖြစ်ပါတယ်..။

ဒါကြောင့် အိုက်ဒီယာ ထွက်လာမယ့်အချိန်ကို စောင့်ရင်း စာကြည့်စားပွဲမှာ ခေါင်းပူအောင် အကြံထုတ်နေမယ့်အစား (ထိုင်ငိုက်နေမယ့်အစား) တခါတလေ အိပ်လိုက်စားလိုက် ပေါ့ပေါ့ပါးပါး နေကြည့်ကြရင် ကောင်းမယ်လို့....



တိုက်ဆိုင်စွာ ဒီကြော်ငြာလေးရလို့ င်္ဒီဘလော့မှာ ကူးယူသိမ်းထားလိုက်တယ်။

လသာည မျှဝေတာပါ..