
ဝ မှားစိုးရင်(စာကြည့်ရတာ တအားပျင်းတဲ့အခါ) ကကြည့်ကြမလား..အောက်က ဗွီဒီယိုအတိုင်းလေ...
စိတ်ဝင်စားရင် နောက်ထပ် ကျန်အပိုင်းတွေ ယူကျူကနေ ဆက်ကြည့်ပေါ့နော်...
အားလုံး ပျော်ရွှင်ကျန်းမာကြပါစေ..
လသာည (၂၀၁၀.၄.၂၈,schedule post)

လောကကြီးကို စောက်ထိုးကြည့်ချင် ကြည့်ပစ်တာပဲ..း)
အိပ်ချင်တဲ့အခါ ဘာမှနောက်ဆံတင်းနေစရာမလို နှစ်ခြိုက်စွာ အိပ်လိုက်တာပဲ။ အိပ်ရာနိုးမှ စားစရာကို ရှာဖွေဖို့ စဉ်းစားလိမ့်မယ်..
ပေါင်ချိန်စက်ဆိုတာကို ကန်ထုတ်ပြီး စိတ်ကြိုက်နေချင်သလို နေလိမ့်မယ်..
လိုအပ်တဲ့အခါ ကွန်ပျူတာကို ခေါင်းအုံးအဆင့်ထက် ပိုမတွေးဘူး။ အခုလို အိပ်ပစ်လိုက်တာပဲ...
သူများက အဓိပ္ပါယ် မရှိဘူး (သူနဲ့မအပ်စပ်ဘူးလို့ )သတ်မှတ်ထားထားပေါ့။ သူလုပ်ချင်ရင် လုပ်တယ်..။ (သူ့အတွက် အဓိပ္ပါယ် ရှိရင် ပြီးတာပဲ..)
ဘယ်နေရာမျိုးမှာ ဘယ်လိုနေရမယ်လို့ မကန့်သတ်ထားဘူး..။ (သူနေတဲ့ နေရာမှာ သူနေချင်သလို နေလိုက်ရတာဟာ သူ့အတွက် နိဗ္ဗာန်ပဲ..)
သူနဲ့ အဆင်ပြေရင် တည့်အောင် ပေါင်းလိုက်တယ်။
ဒီကြားထဲ ရန်ဖြစ်ချင်လည်း ဖြစ်မယ်။ သံဃောဇဉ်အကြောင်းကို တွေးပြီး ပူဆွေးငိုနေစရာမရှိဘူး...
သူရယူချင်တဲ့ အခွင့်အရေး၊ သူလုပ်ချင်နေတဲ့ အလုပ်တစ်ခုကို မရလို့ ပူပန်မနေဘူး။ ရအောင် တိုက်ရိုက် ကြိုးစားမယ်။
ဘက်ခမ်းဟာ အဲဒီတော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပြီး တွေ့သမျှလူကို ခေါင်းငုံ(ခေါင်းငြိမ့်)ပြပြီး နှုတ်ဆက်ပါ.တော့တယ်.။ ဂျပန်တွေကလည်း သဘောတွေကျပြီး ခေါင်းအပြန်အလှန်လှန်ငြိမ့်ပြပြီး ဘက်ခမ်း ဘက်ခမ်းလို့ အော်ကြပါတော့တယ်...။ ဘက်ခမ်း အနားမှာ ပွဲတော်တစ်ခုထက်ကို လူစည်သွားတာပေါ့..။
ဂျပန်က ဘောလုံး အသင်းခေါင်းဆောင် ဟီဒဲတိုရှိ နကတ ဦးဆောင်တဲ့ ဂျပန်အသင်းဟာလည်း အစွမ်းကုန်ကြိုးစားကြတဲ့အတွက် ဘက်ခမ်းတို့အသင်းနဲ့ ပြိုင်ပွဲမှာ တစ်ဂိုးတစ်ဂိုးနဲ့ ကပ်ပြီး ပွဲစဉ်ပြီးခါနီးရောက်လာတယ်။ သရေနဲ့ပဲ ဖြစ်နေတာမို့ နောက်ဆုံး ပနယ်တီကစားရပါတယ်..။ (ဘောလုံးအသုံးအနှုန်း မှားရင် ခွင့်လွှတ်ပါ)